|
Written by Admin Team
|
|
Saturday, 11 August 2012 09:54 |
|
ရိုးမား အသင်းသည် မန်ချက်စတာ စီးတီးက ပစ်မှတ် ထားနေသည့် ကွင်းလယ်လူ ဒန်နီရယ်လ် ဒီရော့ဆီအား အသင်းမှ ထွက်ခွာရန် ခွင့်ပြုဖွယ် ရှိနေကြောင်း သိရှိရသည်။
မန်စီးတီးသည် နီဂယ်လ်ဒီဂျောင် အင်တာမီလန်သို့ ပြောင်းရွှေ့သွားပါက ထိပ်သီးအဆင့် ကွင်းလယ်လူ တစ်ဦးဖြင့် အစားထိုးရန် ဆန္ဒ ရှိနေရာ ရိုးမား၏ အသက်(၂၉)နှစ်အရွယ် အီတလီ လက်ရွေးစင်အား စိတ်ဝင်စား လာခဲ့သည်။ ဒီရော့ဆီ အတွက် ရိုးမားက ပေါင်စတာလင် (၂၅)သန်း အထက်ထိ အလို ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။ သို့သော်လည်း လုပ်ခလစာ ပေးချေရမှုကို အထိုက်အလျှောက် လျှော့ချရန် ဆန္ဒ ရှိနေသည့် ရိုးမားသည် မန်စီးတီးထံမှ မည်သည့် ကမ်းလှမ်းမှုကို မဆို လက်ခံ စဉ်းစားလာဖွယ် ရှိနေသည်။
 ရိုးမား၏ အားကစား ဒါရိုက်တာ ဝေါ်လ်တာ ဆီဘာတီနီက "တကယ်လို့ ဒီရော့ဆီက သူအသင်းက ထွက်ချင်ပါတယ်လို့ ကျွန်တော်တို့ကို လာပြောရင်၊ ဒါမှမဟုတ် တခြားကလပ် တစ်ခုခုက သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်လာရင် ကျွန်တော်တို့ ငြင်းဆန်နေမှာ မဟုတ်ပါဘူး။ ဒီအခြေအနေကို စဉ်းစားရမှာပါ။ ဒါဟာ ကျွန်တော်တို့ ဒီရော့ဆီကို သေချာပေါက် ရောင်းထုတ်မယ်လို့ ပြောနေတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ ကျွန်တော်တို့ လိုအပ် သလိုတော့ စကားပြောမှာပါ" ဟု ပြောကြားသွားသည်။
တကယ်လို့ ဒီရော့ဆီက သူအသင်းက ထွက်ချင်ပါတယ်လို့ ကျွန်တော်တို့ကို လာပြောရင်၊ ဒါမှမဟုတ် တခြားကလပ် တစ်ခုခုက သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်လာရင် ကျွန်တော်တို့ ငြင်းဆန်နေမှာ မဟုတ်ပါဘူး... မန်စီးတီး မန်နေဂျာ မန်စီနီသည် ၎င်းနှင့် တစ်နိုင်ငံတည်းသား ဒီရော့ဆီကို အလွန်နှစ်သက် သဘောကျကြောင်း ဝန်ခံ ပြောဆို ထားဖူးသည်။ မန်စီးတီးသည် နယ်သာလန် လက်ရွေးစင် ဒီဂျောင် အင်တာသို့ ပေါင်စတာလင် (၇)သန်း ဝန်းကျင်ဖြင့် ပြောင်းရွှေ့ရန် နီးစပ် နေသည့်နောက် ဒီရော့ဆီအား ပိုမို အာရုံစိုက် စိတ်ဝင်စား လာခဲ့သည်။ Ref: Daily Mail
|