|
Written by Admin Team
|
|
Saturday, 11 August 2012 09:41 |
|
တော့တင်ဟမ် ဟော့စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ပေါင်စတာလင် သန်း(၄၀) မပေးနိုင်သည့် အသင်း တစ်သင်းသည် လူကာ မိုဒရစ်ကို မေ့လိုက်ရန်သာ ရှိကြောင်း ပြောကြားလိုက်သည်။
စပါး အသင်း၏ ခေါ်ဈေးအတိုင်း ပေးချေလိုခြင်း မရှိဘဲ ခရိုအေးရှား လက်ရွေးစင် Playmakerအား စိတ်ဝင်စားနေသည့် စပိန် လာလီဂါ ချန်ပီယံ ရီးယဲလ်မက်ဒရစ်ထံ ရည်ရွယ်ပြီး ဘိုအာ့စ်က ယခုလို သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။ စပါးမှ ထွက်ခွာကာ ဘာနေဗျူးသို့ ပြောင်းရွှေ့ရန် ကြံစည်နေသော အသက်(၂၆)နှစ်အရွယ် မိုဒရစ်အတွက် စပါးဥက္ကဋ္ဌ ဒန်နီလီဗိုင်းက စာချုပ်ပါ သတ်မှတ်ဈေး အတိုင်း ပေါင်စတာလင် သန်း(၄၀) အလိုရှိနေသည်။ ရီးယဲလ်က မိုဒရစ်အား အလို ရှိနေသည်လည်း ထိုဈေးနှုန်းကို မပေးချေခြင်းကြောင့် အခြေအနေ တိုးတက်မလာဘဲ ဖြစ်နေရသည်။
ပေါ်တူဂီသား ဘိုအာ့စ်က "မိုဒရစ်က လောလောဆယ် တစ်ယောက်တည်း လေ့ကျင့်နေပါတယ်။ ကျွန်တော်တို့ကလည်း သူ့ရဲ့ စိတ်အခြေအနေက အသင်းနဲ့ ပြန်ပူးပေါင်းဖို့ အသင့်ဖြစ်တဲ့အချိန် မရောက်မချင်း ဒီအတိုင်း ထားမှာပါ။ ဒါက အရေးကြီးပါတယ်။ လာမယ့်နေ့တွေမှာ သူဟာ စပါးကို ပြန်လာပူးပေါင်းရမယ်ဆိုတာ မိုဒရစ် နားလည်ပါလိမ့်မယ်။ ကစားသမားရဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း အသင်းကို ပြန်လေးစား ရပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
ကျွန်တော်တို့ကတော့ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာရင် ကစားသမားကို ထွက်ခွာခွင့် ပေးမှာပါ။ မဟုတ်ရင်တော့ ဆောရီးပဲ... လက်ရှိတွင် ပြင်သစ်ကလပ် PSGသည် မိုဒရစ်ကို စပါး၏ ခေါ်ဈေးအတိုင်း ပေးချေကာ ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်းနှင့် ပတ်သက်ပြီး ဘိုအာ့စ်က "ကျွန်တော်တို့ကတော့ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာရင် ကစားသမားကို ထွက်ခွာခွင့် ပေးမှာပါ။ မဟုတ်ရင်တော့ ဆောရီးပါ။ ရီးယဲလ်ရဲ့ ခန့်ထည်မှုကို ကျွန်တော်တို့ လေးစားသလို တခြားအသင်းတွေရဲ့ ချဉ်းကပ်မှုကိုလည်း စောင့်ကြည့်ရပါမယ်။ ဘာပဲဖြစ်ဖြစ် ရီးယဲလ် အနေနဲ့လည်း ကျွန်တော်တို့ လုပ်ဆောင်နေတာတွေကို လေးစားပေးဖို့ လိုပါတယ်"ဟုလည်း ပြောဆိုသွားသည်။ ဘိုအာ့စ်သည် မိုဒရစ်ကို ရောင်းချဖြစ်ပါက ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦး အပါအဝင် ကစားသမား အချို့ကို ပြန်လည်ဖြည့်တင်းရန် ရည်ရွယ်ထားသည်။ Ref: The Sun
|