|
Written by Admin Team
|
|
Saturday, 11 August 2012 09:28 |
|
ဂန္ထဝင် ကစားသမားဟောင်းကြီးများ ဖြစ်ကြသည့် မာတင်ကီအွန်၊ ရေးပါလာတို့၏ ခြေစွမ်းကို တစ်ကျော့ပြန် တွေ့မြင် ရမည်ဟု သိရှိရသည်။
တစ်ချိန်က အာဆင်နယ်အသင်း တောက်ပခဲ့စဉ် အထူးတလည် ခြေစွမ်း ပြခဲ့သည့် ကီအွန်၊ ပါလာ၊ ချယ်လ်ဆီး နောက်ခံလူဟောင်း ဂရေမီလီဆောက်စ်တို့ အပြင် ဘရိုင်ယန် မက်ဘရိုက်နှင့် ကလော်ဒီယို ကာနစ်ဂီယာ အစရှိသည့် ကြယ်ပွင့်ဟောင်းများသည် ခြေစမ်းပွဲ တစ်ခုတွင် ပါဝင် ကစားမည်ဖြစ်သည်။ FA ဖလား ပွဲစဉ်၏ အပိုဆောင်း ခြေစမ်းပွဲ အဖြစ် လန်ဖို့ဒ် အသင်းနှင့် ယှဉ်ပြိုင်မည့် ဝင်ဘလေ အသင်းတွင် ထိုကစားသမားကြီးများ ပါဝင် လာကြမည် ဖြစ်သည်။

အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးဟောင်း ကီအွန်သည် ယခုအခါ အသက်(၄၆)နှစ် ရှိနေပြီဖြစ်ပြီး တယ်ရီဗာနေဘယ်လ် မန်နေဂျာအဖြစ် တာဝန်ယူမည့် အသင်းအတွက် ပါဝင်ကစားရန် ဖိတ်ခေါ် ခံခဲ့ရသည်။ ယခုပွဲစဉ်ကို ရုပ်မြင်သံကြား မှတ်တမ်းတစ်ခု ရိုက်ကူးရန် အတွက် စီစဉ် ကစားစေခဲ့ခြင်းဟု သိရှိရသည်။ ကီအွန်သည် ယခုပွဲ မကစားမီ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြန်ဆင်းလျှက် ရှိသည်။ သို့သော်လည်း အသက် အရွယ်ကြောင့် ကီအွန်သည် ပွဲအစပိုင်းတွင် အရန်ခုံမှသာ ပါဝင်ဖွယ် ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။ စနေနေ့တွင် ဗေးလ်ပါ့ခ်၌ ကစားမည့် ခြေစမ်းပွဲကို ESPNနှင့် Facebook တို့က တိုက်ရိုက် ပြသသွားမည်ဟုလည်း သိရှိရသည်။ တစ်ချိန်က အာဆင်နယ်အသင်း တောက်ပခဲ့စဉ် အထူးတလည် ခြေစွမ်း ပြခဲ့သည့် ကီအွန်၊ ပါလာ၊ ချယ်လ်ဆီး နောက်ခံလူဟောင်း ဂရေမီလီဆောက်စ်တို့ အပြင် ဘရိုင်ယန် မက်ဘရိုက်နှင့် ကလော်ဒီယို ကာနစ်ဂီယာ အစရှိသည့် ကြယ်ပွင့်ဟောင်းများသည် ခြေစမ်းပွဲ တစ်ခုတွင် ပါဝင်... Ref: Daily Mail
|