|
Written by Admin Team
|
|
Saturday, 11 August 2012 09:09 |
|
အသင်း၏ အပြောင်းအရွှေ့ဈေးကွက် လှုပ်ရှားမှုများ ဆိတ်သုဉ်းနေခြင်း အပေါ် မန်ချက်စတာစီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက စိတ်ပျက် ဒေါသထွက်လျှက် ရှိနေသည်။
မန်စီနီသည် နွေရာသီ အစောပိုင်းက ပြင်သစ်ကလပ် လိုင်လီမှ အီဒင်ဟာဇက်ကို ချိတ်ဆက်ခဲ့သေးသော်လည်း ထိုစဉ်က ချယ်လ်ဆီးက ပေါင်စတာလင် (၃၂)သန်း ဈေးပေး ခေါ်ယူသွားသည်။ ထိုစဉ်က အသက်(၂၁)နှစ်အရွယ် လူငယ်တစ်ဦးအတွက် ထိုဈေးနှုန်းမျိုး ပေးချေပြီး တစ်ပတ် ပေါင်စတာလင် (၁၇၅၀၀၀)တန် စာချုပ်မျိုး မချုပ်ဆိုဖြစ်သည်ကို ကျေနပ်ကြောင်း မန်စီနီက ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း ချယ်လ်ဆီးသည် ဟာဇက်နောက်တွင် မာကိုမာရင်၊ သော်ဂန်ဟာဇက်၊ အော်စကာ အစရှိသည့် ထိပ်တန်းခြေစွမ်းဖြင့် လူငယ်များကို ဆက်တိုက် ဝယ်ယူခဲ့ပြီး မန်စီးတီးမှာမူ ဈေးကွက်အတွင်း တုပ်တုပ်မှု မလှုပ်ခဲ့ချေ။ ယခုအခါ ထိုနှစ်သင်းသည် ကွန်မြူနတီဒိုင်းအတွက် ယှဉ်ပြိုင် ကစားရတော့မည် ဖြစ်သည်။

မန်စီနီသည် ဈေးကွက် လှုပ်ရှားမှု ရပ်ဆိုင်းနေသည့် အပေါ် အသင်း၏ အားကစား ဒါရိုက်တာ ဘရိုင်ယန် မားဝုဒ်အား စိတ်အချဉ်ပေါက်နေဟန်ရှိသည်။ ဗီလာပါ့ခ်တွင် FAချန်ပီယံနှင့် ပရီးမီးယားလိဂ် ချန်ပီယံတို့ ရင်ဆိုင်ကစားမည့် ပွဲမတိုင်မီ မန်စီးတီး၏ လူသစ်ဝယ်ယူမှု မရှိခြင်းအပေါ် သတင်းထောက်များက မေးမြန်းခဲ့ရာ အီတလီသားက "ခင်ဗျားတို့အတွက် ခုမေးခွန်းက ဒီပွဲထက် အရေး ပိုကြီးနေမယ်မှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ အဲဒါကို မားဝုဒ်ဆီပဲ သွားမေးပေါ့။ ကျွန်တော့်ကို မမေးနဲ့လေ။ ကျွန်တော်က ဈေးကွက်ကိစ္စ အကြောင်း မပြောချင်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး မားဝုဒ်နဲ့သာ သွားပြောပါ။ ကျွန်တော့် အလုပ်က ချယ်လ်ဆီးနဲ့ ပွဲအတွက် အာရုံစိုက်ဖို့ပါပဲ။ ဒါက ပိုအရေးကြီးပါတယ်။ ကျွန်တော်က အားကစား ဒါရိုက်တာ မဟုတ်ပါဘူး။ ကစားသမားအသစ် ဝယ်ဖို့အတွက် ကျွန်တော့်မှာ ဘာမှ ပြောခွင့်မရှိဘူး" ဟု ခပ်ပြတ်ပြတ် ဖြေဆိုသွားခဲ့သည်။
ကျွန်တော်က ဈေးကွက်ကိစ္စအကြောင်း မပြောချင်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး မားဝုဒ်နဲ့သာ သွားပြောပါ။ ကျွန်တော့် အလုပ်က ချယ်လ်ဆီးနဲ့ပွဲအတွက် အာရုံစိုက်ဖို့ပါပဲ။ ဒါက ပိုအရေးကြီးပါတယ်... ၎င်းက ယခုနှစ် ဘောလုံး ရာသီတွင် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်သည် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဖြစ်သင့်ကြောင်းလည်း ဆိုသည်။ "မန်ယူက ရေပန်းအစားဆုံး ဖြစ်မှာပါ။ ကျွန်တော်တို့ ဒုတိယ၊ ဒါမှမဟုတ် တတိယနဲ့ စတုတ္ထထိ ဖြစ်သွားနိုင်တယ်။ ကျွန်တော့် ကစားသမားတွေအပေါ် ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ မနှစ်က ချန်ပီယံ ဖြစ်ခဲ့သလို ထိုက်လည်း ထိုက်တန်ပါတယ်။ ကျွန်တော့် အမြင်အရတော့ မန်စီးတီးဟာ အသင်းကောင်း တစ်ခုပါ။ ဒါပေမဲ့ အဲဒီအသင်းကို လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက တည်ဆောက်ခဲ့တာလေ။ ချယ်လ်ဆီးဟာ ဒီဒီရာ ဒရော့ဂ်ဘာကို ဆုံးရှုံးလိုက်တဲ့နောက် ကစားသမားသစ်တွေ လိုလာတယ်။ လိုတဲ့အတိုင်းလည်း သူတို့ ဝယ်လိုက်တယ်။ နှစ်တိုင်းနှစ်တိုင်း ကစားသမားသစ်တွေ၊ အထူးသဖြင့် လူငယ်အင်အားစုတွေ အသင်းကို ရောက်လာသင့်ပါတယ်။ ခုဆိုရင် ဈေးကွက်ပိတ်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၂)လလုံးလုံး ကျွန်တော်တို့ လူမဝယ်နိုင်ခဲ့ဘူး"ဟုလည်း မန်စီနီက ဖွင့်ဟသွားခဲ့သည်။ Ref: Daily Mail
|