|
Written by Admin Team
|
|
Wednesday, 08 August 2012 16:10 |
|
အာရှ ထိပ်တန်း လိဂ်ပြိုင်ပွဲ တစ်ခုဖြစ်သည့် ဂျေလိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ်တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် အတွက် ဂျေလိဂ်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ သြဂုတ်လ ၂၇ရက်နေ့၌ တရားဝင် စာချုပ် ချုပ်ဆိုကြမည် ဖြစ်ကြောင်း သိရသည်။
ဂျေလိဂ် ဥက္ကဋ္ဌ မစ္စတာ ကာဇူမီ အိုဟီဂါရှီနှင့် ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်သို့ ၄ရက်ကြာခန့် လာရောက်မည် ဖြစ်ကာ ထိုစာချုပ် ချုပ်ဆိုရန် အပြင် မြန်မာနှင့် ဂျပန် ကလေးများ အတွက် Football Clinic အစီအစဉ် တစ်ရပ်လည်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အတူ သြဂုတ်လ ၂၆ရက်နေ့တွင် သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင် ကစားမည့် ဧရာဝတီ ယူနိုက်တက်နှင့် ရတနာပုံတို့၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်အား သွားရောက် ကြည့်ရှုမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းများက လိဂ်ပြိုင်ပွဲ နှစ်ရပ် အကျိုးတူ ပူးပေါင်းမှုနှင့် ပတ်သက်၍ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေခဲ့ပြီး ယခုအခါ ဘောလုံး အဖွဲ့ချုပ်က တရားဝင် အတည်ပြု ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းများက လိဂ်ပြိုင်ပွဲ နှစ်ရပ် အကျိုးတူ ပူးပေါင်းမှုနှင့် ပတ်သက်၍ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေခဲ့ပြီး ယခုအခါ ဘောလုံး အဖွဲ့ချုပ်က တရားဝင် အတည်ပြု ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်...ထိုကဲ့သို့ အကျိုးတူ ပူးပေါင်းခြင်း အားဖြင့် မြန်မာ့ဘောလုံး အဆင့်အတန်း ပိုမိုမြင့်မားလာစေရန် အတွက် အကျိုး ရလဒ်ပေါင်း များစွာ ရရှိနိုင်မည် ဖြစ်ကာ ၃နှစ်ကျော်သာ သက်တမ်း ရှိနေသေးသည့် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲနှင့် ကလပ် အသင်းများ အတွက်လည်း ကောင်းမွန်သည့် ဆောင်ရွက်မှု တစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ လိဂ်ပြိုင်ပွဲ နှစ်ရပ် အနေဖြင့် သက်ဆိုင်ရာ လိဂ်များအလိုက် ပိုမို တိုးတက် လာစေရန် ဆောင်ရွက်ရာ၌ အပြန်အလှန် အကူအညီများ ပေးကြရန်၊ ကလပ်များ အချင်းချင်း ချစ်ကြည်ရေး ပွဲစဉ်များ ကစားနိုင်ရန်၊ ဂျပန် ကစားသမားများ မြန်မာနေရှင်နယ် လိဂ်တွင် လာရောက် ကစားခွင့် ရရေးနှင့် မြန်မာ ကစားသမားများ ဂျေလိဂ်သို့ သွားရောက် ကစားခွင့် ရစေရန် ကူညီပေးကြရန်၊ မြန်မာ့ဘောလုံး ဖွံ့ဖြိုးရေး အတွက် ဂျေလိဂ် တာဝန်ရှိသူများ ဘက်မှ အကူအညီများ ပေးသွားရန်နှင့် ဂျေလိဂ်အား မြန်မာနိုင်ငံတွင်း ရုပ်သံလိုင်းများ၌ ပြသနိုင်ရန် စသဖြင့် အပြန်အလှန် သဘော တူညီမှုများ ရယူထားကြကြောင်း သိရသည်။
|