Thursday, 23 May 2013
Home World English Premier League နောက်ဆုံးသတင်းများ မန်ယူအတွက် (၈)လ အတွင်း ပထမဆုံး အကြိမ် ပြန်ကစားနိုင်ခြင်းကို ဗီဒစ် ပျော်ရွှင်နေ
မန်ယူအတွက် (၈)လ အတွင်း ပထမဆုံး အကြိမ် ပြန်ကစားနိုင်ခြင်းကို ဗီဒစ် ပျော်ရွှင်နေ PDF Print E-mail
Written by Admin Team   
Monday, 06 August 2012 15:53
Share |

အသင်းအတွက် ပြန်လည် ပါဝင် ကစားပေးနိုင်သဖြင့် ပျော်ရွှင် ကျေနပ်မိကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင် နီမန်ဂျာဗီဒစ်က ပြောကြားလိုက်သည်။


ဆာဘီးယား ဗဟိုခံစစ် ကစားသမားသည် ဒီဇင်ဘာလ ကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီးနောက် တနင်္ဂနွေနေ့က ရာသီကြို ခြေစမ်း ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည် ပါဝင် ကစားခဲ့သည်။ အသက်(၃၀)အရွယ် ဗီဒစ်သည် ဒူးခွဲစိတ်မှုကို ခံယူ ခဲ့ရသော်လည်း ယခုအခါ ကြံ့ခိုင်မှု ပြည့်ဝလာပြီး နော်ဝေးကလပ် ဗယ်လာရင်ဂါနှင့် ဂိုးမရှိ သရေကျသော ပွဲတွင် ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ အော်စလိုတွင် ကစားသော ပွဲစဉ်တွင် ပုံစံကောင်း ပြန်လည် ရရှိနေခြင်း အတွက် ကျေနပ်မိကြောင်း ဗီဒစ်က ဆိုသည်။



"ကျွန်တော် နေလို့ထိုင်လို့ တော်တော်ကောင်းသွားပြီ။ (၈)လလောက် တစ်ပွဲမှ မကစားရတာဟာ တော်တော် ဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ကြံ့ခိုင်မှုကို ကြိုးစားပြီး ထိန်းထားနိုင်ခဲ့တယ်။ နောက်ထပ် သီတင်းပတ် နည်းနည်းလောက်တော့ အချိန် ယူပြီးမှ အကောင်းဆုံး ဖြစ်လာနိုင်မှာပါ။ ဒါပေမဲ့ လက်ရှိ အနေအထားကို ကျွန်တော် ကျေနပ်ပါတယ်" ဟု ဗီဒစ်က MUTV သို့ ပြောကြားသွားသည်။ ၎င်းက "ကျွန်တော့်ဒူး အခြေအနေ အဆင်ပြေပါတယ်။ နောက်ပွဲဆို ပိုကောင်းကောင်း ကစားနိုင်မယ်လို့ ထင်တယ်။ ကျွန်တော့် ကစားပုံကို သိပ်တော့ အားမရသေးဘူး။ ဒါပေမဲ့ ကျွန်တော် (၆)လလုံးလုံး လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ဘူး ဆိုတာကိုတော့ မြင်တတ်ရမှာပါ" ဟုလည်း ပြောဆို သွားခဲ့သည်။
နောက်ထပ် သီတင်းပတ် နည်းနည်းလောက်တော့ အချိန် ယူပြီးမှ အကောင်းဆုံး ဖြစ်လာနိုင်မှာပါ။ ဒါပေမဲ့ လက်ရှိ အနေအထားကို ကျွန်တော် ကျေနပ်ပါတယ်...
Ref: Goal

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.