|
Written by Admin Team
|
|
Sunday, 05 August 2012 17:12 |
|
Goal Project အရ ဘောလုံး အကယ်ဒမီ တစ်ခု စတင် တည်ဆောက်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည့် ကမ္ဘောဒီးယားမှ ဘောလုံး နည်းပြများသည် မန္တလေးရှိ ဘောလုံး အကယ်ဒမီသို့ လာရောက် လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာအို ဆိုခါနှင့် အဖွဲ့သည် သြဂုတ်လ ၁ရက်နေ့မှ ၄ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကာ မန္တလေးရှိ ဘောလုံး အကယ်ဒမီ၌ နှစ်ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့အပြီးတွင် ယခုကဲ့သို့ နည်းပြများ စေလွှတ်ကာ သင်ယူ လေ့လာမှုများ ပြုလုပ်နိုင်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ "ကမ္ဘောဒီးယား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ခရီးစဉ် အပေါ် အရမ်းကို ကျေနပ်သွားပါတယ်။ မန္တလေး ဘောလုံး အကယ်ဒမီကို အရမ်း သဘောကျပြီး သူတို့ဆီက ဘောလုံး နည်းပြတွေကို မြန်မာနိုင်ငံကို စေလွှတ်ပြီး လေ့လာ သင်ယူမှုတွေ ပြုလုပ်စေချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ သူတို့ကို ကျွန်တော်တို့ ဘက်ကတော့ အကောင်းဆုံး ကူညီပေးသွားမှာပါ" ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဖွင့်ဟ ပြောကြားခဲ့သည်။
 "မြန်မာနိုင်ငံက အကယ်ဒမီကို တွေ့ရတာ အရမ်းကို အားကျပါတယ်။ သေချာ စနစ်တကျ တည်ဆောက် လည်ပတ်နေတာ တွေ့ရတဲ့အတွက် သဘောလည်း ကျပါတယ်။ ဘောလုံးဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက အကျဆုံး ဖြစ်တဲ့ ဘောလုံး အကယ်ဒမီ တစ်ခု ကမ္ဘောဒီယားနိုင်ငံမှာ တည်ဆောက်ဖို့ စီစဉ်နေတာမို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ အကယ်ဒမီ ကနေ သင်ယူလေ့လာ စရာတွေ အများကြီး တွေ့ခဲ့ရတယ်။ နောက်ပြီး ကမ္ဘောဒီးယားက နည်းပြတွေကို မြန်မာနိုင်ငံ လွှတ်ပြီး လေ့လာ သင်ယူခိုင်း ချင်ပါတယ်" ဟု ကမ္ဘောဒီးယား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာအိုဆိုခါက ပြောကြား သွားခဲ့သည်။
မန္တလေးရှိ ဘောလုံး အကယ်ဒမီ၌ နှစ်ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့အပြီးတွင် ယခုကဲ့သို့ နည်းပြများ စေလွှတ်ကာ သင်ယူ လေ့လာမှုများ ပြုလုပ်နိုင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်...ဆာအို ဆိုခါနှင့် အဖွဲ့သည် သြဂုတ်လ ၃ရက်နေ့ နေ့လည်ပိုင်းက မန္တလေးတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်အား သွားရောက် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ ထို့အတူ ယင်းနေ့ ညပိုင်း၌ ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးကွင်းရှိ FIFA Goal Project အစီအစဉ်ဖြင့် တပ်ဆင်ထားသည့် ထိုင်ခုံများအား သွားရောက် လေ့လာခဲ့ကာ သြဂုတ်လ ၄ရက်နေ့၌ ကမ္ဘောဒီးယား နိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားခဲ့သည်။
|