|
Written by Admin Team
|
|
Saturday, 04 August 2012 10:14 |
|
အာဆင်နယ် အသင်းသို့ အငှားပြောင်းရွှေ့ရန် ကြိုးစားနေသော နျူရီဆာဟင်၏ လမ်းကြောင်းကို မိမိ ပိတ်ဆို့နေမည် မဟုတ်ဟု ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုက ပြောကြားခဲ့သည်။
သတင်းများက အသက်(၂၃)နှစ်ရှိ တူရကီ လက်ရွေးစင်သည် ယခုနွေရာသီတွင် အမ်းမရိတ်စ်သို့ အငှားပြောင်းရွှေ့ရန် နီးစပ်နေကြောင်း ဖော်ပြလျှက်ရှိရာ ယင်းအခြေအနေကို မိမိက တားဆီးသွားမည် မဟုတ်ဟု ပေါ်တူဂီသား နည်းပြက ဆိုသည်။ ဆာဟင်သည် ဘိုရပ်ရှား ဒေါ့တ်မန် အသင်းမှ ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့သည့်နောက် ပွဲထွက် ကစားခွင့် မရခဲ့ဘဲ ဒဏ်ရာများ၏ ဖိစီးနှိပ်စက်မှုကိုလည်း ခံခဲ့ရသည်။ ရီးယဲလ်သည် တော့တင်ဟမ် ဟော့စပါး ကွင်းလယ် ကစားသမား လူကာ မိုဒရစ်ကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် ဆာဟင်ကို အလိုက်ပေးရန် စီစဉ်ခဲ့သေးသော်လည်း ထိုစဉ်က ကစားသမားက ငြင်းဆန်ခဲ့သည်။
ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားသော အာဆင်နယ် အသင်း၏ ချိတ်ဆက်မှုကိုမူ ဆာဟင်က လိုလားနေဖွယ်ရှိပြီး မော်ရင်ဟိုကလည်း အပြောင်းအရွှေ့ကို တားဆီးမည် မဟုတ်ဟု ဆိုသည်။ "အရေးကြီးတာက ဆာဟင်ဟာ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ သူလည်း ပွဲတိုင်း ကစားချင်မှာပါ။ သူက ကစားရတာကို ပျော်ရွှင်နေလေ့ရှိသူ တစ်ယောက်ပါ။ ပျော်ရရင် ဆာဟင်ဟာ စိတ်ပျော်ရွှင်မှုအတွက် ဘောလုံးကစားနေတဲ့ သူမျိုးပါ"ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
အရေးကြီးတာက ဆာဟင်ဟာ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ သူလည်း ပွဲတိုင်း ကစားချင်မှာပါ။ သူက ကစားရတာကို ပျော်ရွှင်နေလေ့ရှိသူ တစ်ယောက်ပါ။ ပျော်ရရင် ဆာဟင်ဟာ စိတ်ပျော်ရွှင်မှုအတွက် ဘောလုံးကစားနေတဲ့ သူမျိုးပါ.. "ရီးယဲလ်မှာက ရှာဘီအလွန်ဆို၊ ဆမ်မီ ခီဒီရာ၊ လာဆာနာ ဒီယာရာ၊ အက်စတာဘန် ဂရာနီရိုနဲ့ မီဆွတ် အိုဇေးလ်တို့လို ကွင်းလယ်လူတွေ ရှိနေပါတယ်။ ဒီအနေအထားမှာ သူနေရာရဖို့ မလွယ်ဘူးလေ။ ဒါကြောင့် သူပွဲကစားခွင့်ရဖို့ စဉ်းစားနေတဲ့ ကိစ္စတစ်ခုကို ကျွန်တော် နားလည်လက်ခံပေးမှာပါ"ဟု မော်ရင်ဟိုက ပြောဆိုသွားသည်။ ၎င်းက ဆက်လက်၍ "ရီးယဲလ်ဆိုတာ ခြေချဖို့ ခက်ခဲလွန်းတဲ့ အသင်းတစ်ခုပါ။ ဒီအသင်းရဲ့ တောင်းဆိုမှုက သိပ်များသလို အကောင်းဆုံး ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီအသင်းမျိုးမှာ အစမကောင်းလိုက်ရင် နောက်ပိုင်း နေရာရဖို့ တော်တော့်ကို မလွယ်တော့ဘူးလေ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။ Ref: Goal
|