|
Written by Admin Team
|
|
Monday, 30 July 2012 09:32 |
|
တော့တင်ဟမ် ဟော့စပါး ကွင်းလယ် ကစားသမား လူကာ မိုဒရစ်အား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်က သဘော တူညီမှု ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာသည်။
စပိန် လာလီဂါ ချန်ပီယံ အသင်းသည် ယခုနွေရာသီတွင် ကာလရှည်ကြာ ကြိုးစားချိတ်ဆက်ခဲ့သည့် ခရိုအေးရှား လက်ရွေးစင် ကစားသမား အတွက် ပေါင်စတာလင် (၃၆)သန်းဖြင့် ဈေးပေး ခေါ်ယူရန် သဘောတူညီမှု ရရှိသွားကြောင်း The Sun သတင်းစာက ဆိုသည်။ ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုသည် မိုဒရစ်အား ရရှိရေး ဖိဖိစီးစီး ကြိုးစားရန် အသင်းကို တောင်းဆိုခဲ့ပြီးနောက် ယခုအခါ ကလပ်နှစ်ခုကြား နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဟု သိရှိရသည်။ မိုဒရစ်သည် အသင်းပြောင်းရန် ဆန္ဒပြသည့် အနေဖြင့် စပါးနှင့်အတူ ရာသီကြို ခြေစမ်းပွဲ အစီအစဉ်တွင် လိုက်ပါရန် ငြင်းဆန်ခဲ့သည်။
အသက်(၂၆)နှစ်ရှိ မိုဒရစ်ကို ပြင်သစ်ကလပ် PSGကလည်း စိတ်ဝင်စားနေသည့်တိုင် ကစားသမား ကိုယ်တိုင်ကမူ ဘာနေဗျူး၏ အဖြူရောင် ဂျာစီကို ဝတ်ဆင်ရန် ဆန္ဒရှိနေသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီက မိုဒရစ်ကို ချိတ်ဆက်ခဲ့သေးသော်လည်း စပါးက ကြံ့ကြံ့ခံ ငြင်းဆိုခဲ့သည်။ စပါးသည် ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာရန် ကြိုးပမ်းခဲ့သော မိုဒရစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၄၀)ထိ သတ်မှတ်ခဲ့သဖြင့် ရီးယဲလ်၏ ချိတ်ဆက်မှုများ ရှေ့ဆက်ရန် ခက်ခဲပြီး ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ ခရိုအေးရှား လက်ရွေးစင် ကစားသမား အတွက် ပေါင်စတာလင် (၃၆)သန်းဖြင့် ဈေးပေး ခေါ်ယူရန် သဘောတူညီမှု ရရှိသွားကြောင်း The Sun သတင်းစာက ဆို... Ref: The Sun
|