|
Written by Admin Team
|
|
Wednesday, 25 July 2012 09:42 |
|
ချယ်လ်ဆီး အသင်းသည် အီဒင်ဟာဇက်၏ ညီဖြစ်သူ သော်ဂန်ဟာဇက်ကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ချယ်လ်ဆီးသည် ယခု နွေရာသီတွင် လိုင်လီ အသင်းထံမှ ပေါင်စတာလင် (၃၂)သန်းဖြင့် ခေါ်ယူထားသည့် ဘယ်လ်ဂျီယံ လက်ရွေးစင် ဟာဇက်အား ညီဖြစ်သူနှင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပေါင်းစည်းခွင့် ပေးခဲ့ပြီ ဖြစ်သည်။ ဟာဇက်ကဲ့သို့ပင် တောင်ပံတိုက်စစ် နေရာတွင် အကောင်းဆုံး ကစားနိုင်သည့် အသက်(၁၉)နှစ်အရွယ် သော်ဂန်အား ပြင်သစ် လိဂ်တူးကလပ်အသင်း လန်းစ်ထံမှ ပေါင်စတာလင် (၂)သန်းဖြင့် ချယ်လ်ဆီးက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လန်းစ်လူငယ် အသင်းတွင် မိမိကိုယ်ကိုယ် ပျိုးထောင်ခဲ့ပြီးမှ (၅)နှစ်ကြာ နေထိုင်ခဲ့ရာ ပြင်သစ်မြေကို စွန့်ခွာခဲ့ခြင်း ဖြစ်သည်။

သော်ဂန်သည် ချယ်လ်ဆီး၏ အသက်(၂၁)နှစ်အောက် အသင်းတွင် သွားရောက် ချိတ်ဆက် ပူးပေါင်းမည် ဖြစ်သည်။ ၎င်းသည် လန်းစ်အသင်းအတွက် အမှတ်ပေးပွဲ (၁၄)ပွဲ ပါဝင်ကစားပေးခဲ့ပြီး ထူးချွန်သော ပင်ကိုယ် ပါရမီကို ပြသနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်း တရားဝင် ဝက်ဘ်ဆိုက်က သော်ဂန်အား ခေါ်ယူနိုင်ကြောင်း အတည်ပြုခဲ့ပြီး သော်ဂန်၏ ခြေစွမ်း တိုးတက်ရေး အတွက် အငှား ကမ်းလှမ်းမှုများကို လက်ခံ စဉ်းစား သွားမည်ဟု ဖော်ပြထားသည်။ သော်ဂန်သည် လန်းစ်သို့ အသက်(၁၄)နှစ် အရွယ်ကတည်းက ရောက်ရှိခဲ့ပြီး ဘယ်လ်ဂျီယံ အသက်(၁၆)နှစ်အောက်၊ အသက်(၁၇)နှစ်အောက်၊ အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၉)နှစ်အောက် လူငယ် အသင်းများ အတွက် အဆင့်ဆင့် ကိုယ်စားပြု ပါဝင်ခဲ့ပြီး ဖြစ်သည်။ ချယ်လ်ဆီးအသင်း တရားဝင် ဝက်ဘ်ဆိုက်က သော်ဂန်အား ခေါ်ယူနိုင်ကြောင်း အတည်ပြုခဲ့ပြီး သော်ဂန်၏ ခြေစွမ်း တိုးတက်ရေး အတွက် အငှား ကမ်းလှမ်းမှုများကို လက်ခံ စဉ်းစား သွားမည်ဟု ဖော်ပြထား... Ref: Soccernet
|