|
Written by Admin Team
|
|
Wednesday, 25 July 2012 09:37 |
|
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘရာဇီးလ် လူငယ် ကစားသမား လူးကက်စ် မိုရာအတွက် နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင်က အလိုရှိကြောင်း ဝန်ခံထားသည့် ဆော်ပေါ်လို ကွင်းလယ် တိုက်စစ် ကစားသမားလေး အတွက် မန်ယူ၏ ချဉ်းကပ်မှုများ အဆင်မပြေ ဖြစ်ခဲ့သည့်နောက် အင်္ဂလန်ထိပ်တန်း ကလပ်အသင်းသည် နောက်ဆုံးတစ်ကြိမ် ကြိုးပမ်းရန် ရည်ရွယ်ထားသည်။ အစောပိုင်းက မိုရာ၏ အေးဂျင့် ဝက်ဂ်နာ ရီဘီရိုက မန်ယူအသင်းသည် မိုရာအတွက် ပေါင်စတာလင် (၂၉)သန်းထက် ဈေးပိုပေးဖွယ် မရှိခြင်းကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရန် မလွယ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ရီဘီရိုက "မန်ယူရဲ့ ကမ်းလှမ်းမှု တစ်ခု ငြင်းဆိုခံခဲ့ရပါတယ်။ သူတို့ နောက်တစ်ကြိမ် ကမ်းလှမ်းမှု လုပ်မယ် မထင်ပါဘူး။ မန်ယူဟာ သူတို့ရဲ့ ဈေးနှုန်း အဆိုပြုမှု အတွက် သီးခြားကန့်သတ်ချက် ထားရှိတယ် ထင်ပါတယ်"ဟု ဆိုသည်။ သို့သော်လည်း မန်ယူ အသင်းသည် အသက်(၁၉)နှစ် ရှိပြီဖြစ်ပြီး ဘရာဇီးလ် အိုလံပစ် အသင်းနှင့်အတူ လန်ဒန်သို့ ရောက်ရှိနေသည့် ကစားသမား အတွက် နောက်ဆုံးတစ်ကြိမ် လှုပ်ရှားရန် ကြံစည်နေကြောင်း သတင်းများ ထပ်မံ ထွက်ပေါ်လာသည်။ မန်ယူ အသင်းသည် ယခု နွေရာသီတွင် ရှင်ဂျီကာဂါဝါနှင့် နစ်ခ်ပိုဝဲလ်တို့ ကွင်းလယ် ကစားသမား နှစ်ဦးအား ခေါ်ယူထားပြီး ဖြစ်သော်လည်း အခြားကွင်းလယ် ကစားသမား တစ်ဦးဖြစ်သည့် မိုရာကို ဈေးနှုန်း မြင့်မြင့်မားမားဖြင့် ခေါ်ယူရန် စီစဉ် လာခဲ့ခြင်း ဖြစ်သည်။ မန်ယူ အသင်းသည် အသက်(၁၉)နှစ် ရှိပြီဖြစ်ပြီး ဘရာဇီးလ် အိုလံပစ် အသင်းနှင့်အတူ လန်ဒန်သို့ ရောက်ရှိနေသည့် ကစားသမား အတွက် နောက်ဆုံးတစ်ကြိမ် လှုပ်ရှားရန် ကြံစည်နေ... Ref: Daily Mail
|