Thursday, 23 May 2013
Home Myanmar Suzuki Cup Latest News ခြေစမ်းပွဲထက် ပြိုင်ပွဲတွင် ရလဒ်ကောင်းမွန်ရေး ပိုအရေးကြီးကြောင်း ပတ်ဆောင်ဟွာ သုံးသပ်

ခြေစမ်းပွဲထက် ပြိုင်ပွဲတွင် ရလဒ်ကောင်းမွန်ရေး ပိုအရေးကြီးကြောင်း ပတ်ဆောင်ဟွာ သုံးသပ် PDF Print E-mail
Written by Admin Team   
Wednesday, 25 July 2012 09:38
Share |

မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ၎င်းအနေဖြင့် ခြေစမ်းပွဲတွင် အနိုင်ရခြင်း မျိုးထက် ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိရေးက ပိုမို အရေးကြီးကြောင်း သုံးသပ် ပြောကြားခဲ့သည်။


၎င်းက အာရှ ခြေစစ်ပွဲအောင် ယူ-၂၂ အသင်း အနေဖြင့် ပြိုင်ပွဲ မတိုင်မီက မော်လ်ဒိုက် ကဲ့သို့ အသင်းမျိုးအား ရှုံးနိမ့် ခဲ့ခြင်းကြောင့် ဝေဖန်ခြင်း ခံခဲ့ရ သော်လည်း အဓိက ပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ကြောင်း၊ လာမည့် ခြေစမ်းပွဲ များတွင်လည်း အသင်း အနိုင်ရရှိ ရေးထက် အသင်းအတွက် အကျိုး ရှိစေမည့် ခြေစမ်းပွဲများ ဖြစ်လာစေရန် ကိုသာ အာရုံစိုက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ခြေစမ်းပွဲ တစ်ခုမှာ ရလဒ်ကောင်းဖို့ ကြိုးစားမယ် ဆိုရင် အဓိက ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ လက်လွှတ် ရနိုင်ပါတယ်။ ယူ-၂၂ ပြိုင်ပွဲ မတိုင်မီက မော်လ်ဒိုက်နဲ့ ပွဲမှာသာ အနိုင်ရလဒ်ကို ဦးစားပေးခဲ့မယ် ဆိုရင် ကျွန်တော်တို့ ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် မသေချာပါဘူး။ ဒီခြေစမ်းပွဲ တွေမှာ ကစားသမားတွေ အတွေ့အကြုံ ရရှိဖို့အတွက် အရေးကြီးပါတယ်။ ဒီအတွက် ရလဒ်တွေ မကောင်းတာမျိုး ရှိလာနိုင်တယ် ဆိုတာ ကျွန်တော် ကြိုမျှော်လင့်ခဲ့ ပြီးသားပါ" ဟု ၎င်းက ဆိုသည်။

ထို့အတူ ပတ်ဆောင်ဟွာက မြန်မာအသင်း အနေဖြင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ရေး ကိုသာ အဓိက အာရုံစူးစိုက် ထားကြောင်း ပြောကြားခဲ့ကာ ယခု အချိန်တွင် ဖိုင်နယ်အဆင့်များ အတွက် စဉ်းစား အချိန်ကုန်ခံရန် မသင့်ကြောင်းလည်း ပြောကြားခဲ့သည်။ " အသင်း အနေနဲ့ကတော့ ယူ-၂၂ အသင်းထက် ပိုပြီးတော့ တောင့်တင်းလာမှာ မှန်ပေမယ့် ကစားကွက် အရဆိုရင်တော့ လိုအပ်ချက်တွေ ရှိနေဦးမှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဒီအသင်းကို ပထမဆုံး ကိုင်တွယ်ရမှာမို့ပါ။ အခုချိန်မှာတော့ ဖိုင်နယ် အဆင့်တွေထက် ခြေစစ်ပွဲ အောင်မြင်ဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။ အခုချိန်မှာ လာအို၊ ကမ္ဘောဒီးယား စတဲ့ အသင်းတွေ ကိုတောင် သေချာပေါက် နိုင်ပါပြီလို့ ကျွန်တော် မပြောနိုင် သေးပါဘူး။ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာ အသင်းဟာ ဒီအသင်းတွေနဲ့ တွေ့ရင် ရလဒ်မကောင်း တာတွေ ရှိခဲ့ပါတယ်" ဟု ပတ်ဆောင်ဟွာက ပြောကြားခဲ့သည်။

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.