|
Written by Admin Team
|
|
Wednesday, 25 July 2012 09:22 |
|
လီဗာပူးလ် အသင်းသည် ယခုနွေရာသီ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု အဖြစ် ဆွမ်ဆီး ကွင်းလယ်လူ ဂျိုးအလန် အတွက် ပေါင်စတာလင် (၁၃.၅)သန်းဖြင့် သဘော တူညီမှု ရရှိ သွားပြီဟု သိရသည်။
Goal.com သတင်း ဌာနက လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ဗြိတိန် အိုလံပစ် အသင်းတွင် ပါဝင်သည့် ကွင်းလယ် ကစားသမား အတွက် ၎င်း၏ အသင်းဟောင်းနှင့် ပြောင်းရွှေ့ကြေး သဘော တူညီမှု ရရှိခဲ့ပြီဟု ဖော်ပြသွားသည်။ ဆွမ်ဆီးသည် ရော့ဂျာကို လီဗာပူးလ်ထံ ပြောင်းရွှေ့ခွင့် ပြုစဉ်က အသင်းမှ ကစားသမားများကို (၁)နှစ်အတွင်း ခေါ်ယူခွင့် မပြုဆိုသော အချက်ကို ထည့်သွင်း သတ်မှတ် ထားသော်လည်း လက်ရှိ ဆွမ်ဆီး မန်နေဂျာ မိုက်ကယ် လော့ဒရပ်က အသက်(၂၂)နှစ်အရွယ် အလန်အား သတ်မှတ်ဈေးဖြင့် ခေါ်ယူပါက ခွင့်ပြုကြောင်း ပြောဆို ခဲ့သည့်နောက် အပြောင်းအရွှေ့ ညှိနှိုင်းမှု အဆင်ပြေ ချောမွေ့ခဲ့ခြင်း ဖြစ်သည်။

ရော့ဂျာသည် အသင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေပြီး ရိုးမားအသင်းမှ အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီကိုလည်း ခေါ်ယူထားပြီး ဖြစ်သည်။ လက်ရှိတွင် လီဗာပူးလ်သည် ဖူလ်ဟမ်၏ အမေရိကန် လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား ကလင့်ဒမ့်ဆေးအား ဆက်လက် ချိတ်ဆက်နေသည်။ အလန်သည် ပြီးခဲ့သည့် ရာသီက တန်းတက် ဆွမ်ဆီးအသင်းတွင် ပရီးမီးယားလိဂ် (၃၆)ပွဲ ကစားကာ ဘောလုံးဖြန့်ဝေမှု အကောင်းဆုံး စာရင်းဝင် ကွင်းလယ်ကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဆွမ်ဆီးသည် အလန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၁၅)သန်း တောင်းဆိုခဲ့သော်လည်း အကျေအလည် ညှိနှိုင်းမှုများ အပြီးတွင် အတန်ငယ် လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။
ဆွမ်ဆီးသည် ကွင်းလယ်နေရာအတွက် ရေယိုဗယ်လက်ကာနို အသင်းမှ စပိန်ကစားသမား မီချူအား ပေါင်စတာလင် (၂)သန်းဖြင့် အစောပိုင်းကတည်းက ဝယ်ယူထားပြီး ဖြစ်သည်။ ဆွမ်ဆီးသည် အလန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၁၅)သန်း တောင်းဆိုခဲ့သော်လည်း အကျေအလည် ညှိနှိုင်းမှုများ အပြီးတွင် အတန်ငယ် လျှော့ပေါ့ပေးခဲ့... Ref: Goal
|