|
Written by Admin Team
|
|
Tuesday, 24 July 2012 22:17 |
|
၂၀၁၃ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် စတင် ကျင်းပမည့် အာရှ ယူ-၂၂ ဘောလုံး ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များအား အိုမန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိခဲ့ကြောင်း သိရသည်။
အိုမန် အသင်းသည် အိမ်ရှင် လက်ခံခွင့်အတွက် ထိုင်းနှင့်အတူ အပြိုင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ မူလက မြန်မာနိုင်ငံ အနေဖြင့် အိမ်ရှင်လုပ်ခွင့် အတွက် ကြိုးပမ်းမည်ဟု ဆိုခဲ့သော်လည်း အိုမန်နှင့် ထိုင်းတို့မှာ မြန်မာအသင်း မတိုင်မီ အိမ်ရှင်ဖြစ်ရေး အတွက် သေချာ ပြင်ဆင် လျှောက်ထားခဲ့ကြ ခြင်းကြောင့် အရာမထင် ခဲ့ပေ။ ထိုင်းအစား အိုမန်အား အိမ်ရှင် လုပ်ခွင့်ပေးမည်ဟု ဆုံးဖြတ်ခဲ့ ခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ၏ တစ်သင်းတည်းသော နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့် ရသည့် အသင်းလည်း ဖြစ်လာခဲ့သည်။
၂၀၁၄ ဇန်န၀ါရီ လတွင် ကျင်းပမည့် အဆိုပါ နောက်ဆုံး အဆင့် ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်း အနေဖြင့် အာရှ အင်အားကြီး နိုင်ငံများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အစောပိုင်းက အိုမန် အသင်းသည် အကောင်းဆုံး တတိယ အနေဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ သော်လည်း ၎င်းအား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ရာ အိုမန်နောက်၌ အကောင်းဆုံး တတိယ အဖြစ် ရပ်တည်ခဲ့သည့် ယီမင် အသင်းမှာ နောက်ဆုံး အဆင့် ပြိုင်ပွဲများတွင် ပါဝင်ခွင့် ရရှိခဲ့ကြောင်းလည်း သိရသည်။
နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရခဲ့သည့် အသင်းများ
အနောက်အာရှ - အီရတ်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ အီရန်၊ ကူဝိတ်၊ ဂျော်ဒန်၊ ယီမင် (အကောင်းဆုံး တတိယ)၊ အိုမန် (အိမ်ရှင်) အရှေအာရှ - ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား အရှေ့တောင် အာရှ - မြန်မာ အခြား - တရုတ်၊ ဥဇဘက် ကစ္စတန်၊ ၾသစေၾတးလ်
|