|
Written by Admin Team
|
|
Wednesday, 18 July 2012 14:46 |
|
အာဆင်နယ် အသင်းသည် ယခု နွေရာသီတွင် ဘရာဇီးလ် ကွင်းလယ် ကစားသမား ပေါ်လင်ဟိုကို ကမ်းလှမ်း ခေါ်ယူဖွယ် ရှိနေကြောင်း သိရှိရသည်။
အသင်းနှင့် စာချုပ် သက်တမ်းတိုးရန် မရေမရာ ဖြစ်နေသည့် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ ကိစ္စအတွက် အာရုံ များနေသော်လည်း အာဆင်နယ်သည် အသင်းအင်အား ဖြည့်တင်းရေး အတွက် လိုအပ်သော ကစားသမားသစ် အချို့ကိုလည်း စောင့်ကြည့်နေရာ ပေါ်လင်ဟိုအား ပစ်မှတ် ထားလာခြင်း ဖြစ်သည်။ သတင်းများ အရ အသက်(၂၃)နှစ်အရွယ် ကစားသမား အတွက် မိခင်ကလပ် ကိုရင်သီယန်စ်အား အာဆင်နယ်က ပေါင်စတာလင် (၉)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပေးပို့နိုင်ကြောင်း သိရသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အရည်အသွေး ပြည့်ဝပြီး အလားအလာ ကောင်းမွန်သော ကစားသမားကို နှစ်သက် သဘောကျလျှက် ရှိနေရာ ယခု နွေရာသီတွင် အမှန်တကယ် ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ ပေါ်လင်ဟိုသည် ကွင်းလယ်တိုက်စစ် နေရာတွင် ခြေစွမ်းပြနိုင်သော ကစားသမား တစ်ဦးဖြစ်ပြီး ကိုရင်သီယန်စ်အတွက် (၃၅)ပွဲတွင် (၈)ဂိုး သွင်းယူ ပေးထားသည်။ ဝင်းဂါးသည် ပေါ်လင်ဟိုအား တိုက်စစ်မှူးများနောက်မှ ချိတ်ဆက် ပံ့ပိုးသည့် နေရာတွင် အသုံးပြုရန် ရည်ရွယ် ထားကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အရည်အသွေး ပြည့်ဝပြီး အလားအလာ ကောင်းမွန်သော ကစားသမားကို နှစ်သက် သဘောကျလျှက် ရှိနေရာ ယခု နွေရာသီတွင် အမှန်တကယ် ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ်လာနိုင်... Ref: Emirates 247
|