Friday, 24 May 2013
Home World English Premier League ဆောင်းပါးများ ပြသာဒ် မီးလောင်ခဲ့ရတဲ့ အဖြူအမည်း ပြဿနာ
ပြသာဒ် မီးလောင်ခဲ့ရတဲ့ အဖြူအမည်း ပြဿနာ PDF Print E-mail
Written by လူလူမင်း   
Wednesday, 18 July 2012 14:12
Share |

အန်တန် ဖာဒီနန် အပေါ် လူမျိုးရေး ပုတ်ခတ် စော်ကားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၀က်စ် မင်စကာ တရားရုံး ရင်ဆိုင်ရတဲ့ တယ်ရီဟာ တရားရုံးက ကွင်းလုံးကျွတ် လွှတ်လိုက်ပြီး အပြစ် မရှိဘူးလို့ စီရင်ချက် ချခဲ့ပြီး နောက်မှာ အင်္ဂလန်ရဲ့ အီတလီနဲ့ ခြေစမ်းမယ့် ပွဲမှာတောင် ပါဝင်ခွင့် ရတော့မယ်။ ဒါတင် မကသေးပါဘူး။ နည်းပြကြီး ရွိုင်းဟော့ဆန်က တယ်ရီ၊ ဂျရတ်နဲ့ အက်ရှ်လေကိုးတို့လို သမ္ဘာရင့်ကစားသမား  တွေကို အသင်းမှာ “ထည့်မောင်း”ချင်တယ် ဆိုတဲ့ ဆန္ဒကြောင့် (၂၀၁၄)ဘရာဇီး ကမ္ဘာ့ဖလားပွဲ မှာလည်း ပါဝင်ခွင့် ရဖို့ ကြိုတင်ဘွတ်ကင် လုပ်ပြီးသား ဖြစ်သွားပါသေးတယ်။


ဒီတော့ သူ့ကို ထုလေမာလေ ဂျွန်တယ်ရီလို့ပဲ နာမည်သစ် ပေးရမယ့် ကိန်းဆိုက်နေ ပါတယ်။ တယ်ရီရဲ့ ဘောလုံး သမားဘ၀ ဖြတ်သန်းမှုမှာ ပရီးမီးယားလိဂ် ဖလား(၃)လုံး၊ အက်ဖ်အေ ဖလား(၅)လုံး၊ လိဂ်ဖလား(၂)လုံး နဲ့ ချန်ပီယံလိဂ်(ဗိုလ်လုပွဲ မကစားဘဲ)ဖလား တစ်လုံးကို ပြုံးပြုံးကြီး ရခဲ့တယ်။ အန်တန် ဖာဒီနန်နဲ့ ဖြစ်တဲ့အမှုဟာ တယ်ရီဘ၀ ပျက်သွားလောက်တဲ့ နောက်ဆုံး အမှုအခင်းပါ။ ၀င်ဘာလေ ကွင်းက သူ့ထိုင်ခုံနေရာကို တစ်ပွဲပေါင်(၄၀၀၀)နဲ့ ကြည့်ခွင့်ပေးတယ် ဆိုတဲ့ ကိစ္စ၊ ချယ်လ်ဆီး လေ့ကျင့် ကွင်းထဲကို ပိုက်ဆံပေါင်(၁၀၀၀၀)ယူ လူသွင်းပြီး လေ့လာစေ တယ် ဆိုတဲ့ ကိစ္စတွေက ဘောလုံးနဲ့ တိုက်ရိုက် ပတ်သက်ခဲ့တဲ့ အဖြစ်တွေပါ။ အသင်းဖော် ၀ိန်းဘရစ်ခ်ျရဲ့ ချစ်သူဟောင်းနဲ့ လူမှုရေး ဖောက်ပြန်လို့ စွပ်စွဲဝေဖန် ခံရတာတွေလည်း ရှိခဲ့သေးတယ်။ ဒါတွေကြောင့် အင်္ဂလန် အသင်း ကပ္ပတိန် လက်ပတ်ကို နှစ်ကြိမ် စွန့်လွှတ် ခဲ့ရတယ်။ နောက်ဆုံးတော့ ပြီးခဲ့တဲ့ အပတ်က ရုံးတော်ေ ရာက်ရတဲ့ အမှုပါ။ ဒါပေမဲ့ တယ်ရီက ရွက်လွှင့် နေဆဲလေ။


ချယ်လ်ဆီး ဥက္ကဋ္ဌ ဘရုစ်ဘတ်စ်ရဲ့ ထောက်ခံမှု အပြင် ထောင်နဲ့ချီတဲ့ အသင်း ပရိသတ်တွေက ကပ္ပတိန်ကြီး၊ ခေါင်းဆောင်ကြီး၊ ဂန္ထ၀င်ကြီးလို့ ချီးကျူး ခံရတဲ့ တယ်ရီဟာ လာမယ့် ဘောလုံး ရာသီမှာ ချန်ပီယံလိဂ် ဖလား အောင်ပွဲခံ အသင်းကို ဦးဆောင်သူ အဖြစ်နဲ့ ချီတက်ဖို့ ရှိနေပါတယ်။ ပြဿနာတွေ၊ ကပ်ဆိုက်မှုတွေနဲ့ တစ်မျိုးပြီး တစ်မျိုး ကြုံခဲ့ရတဲ့ ပြဿနာကောင် ဘ၀ကနေ သူဘယ်လိုပြန်လည် ရုန်းကြွ ကုန်းထခဲ့သလဲ။ လူမျိုးရေး ပုတ်ခတ်မှု ဆိုတဲ့ စွဲချက် တန်းလန်းနဲ့ ယူရို-၂၀၁၂ မှာ သူ့အတွက် ဂုဏ်တက်စရာတွေ ဖြစ်အောင် သူဘယ်လို ထုဆစ် ကြိုးပမ်းခဲ့သလဲ။ ဘာစီလိုနာနဲ့ ပွဲမှာ မလုပ်သင့်တဲ့ လူချမှုကို မလိုအပ်ဘဲ လုပ်ခဲ့လို့ အထုတ်ပစ် ခံရ၊ ဗိုလ်လုပွဲနဲ့ လွဲရတဲ့ အဖြစ်ဆိုးတွေကြောင့် ကိုယ်ကျိုးနည်း ရမလို ဖြစ်ခဲ့ပြီးမှ သူ့ဦးခေါင်းကို သူဘယ်လို ပြန်လည် ရရှိခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းတွေ တစ်သီတစ်သန်းကြီး ရှိနေပါတယ်။

ဂျွန်တယ်ရီရဲ့ဝက်ခေါင်း
ဂျွန်တယ်ရီ ဘာကြောင့်ခေါင်းငိုက်စိုက် ကျမသွားတာလဲ။ သူ့ဦးခေါင်းက ဘာကြောင့် မတ်နေတာလဲ။ ဒီမေးခွန်းကို အခြားကလပ် အသင်း ပရိသတ်တွေက သူ့ဦးခေါင်းက ၀က်ဦးခေါင်းရဲ့ သဘာဝလိုပဲ ချိုးလို့၊ ငုံ့လို့ မရတဲ့ ခေါင်းတတ်ထားတာမို့ပါလို့ အငေါ်တူးပြီး ပြောကြတယ်။ တချို့ကတော့ ဒါဟာ သူ့ရဲ့မာ ကျောတဲ့ အားမာန်ကို ပြတာလို့ ဆိုတယ်။ သူဟာ လမ်းပေါ်မှာ ရေခဲတုံးကို နင်းမိပေမယ့် အိုလံပစ် စကိတ်သမား တစ်ယောက်လို အဟုန်စီးပြီး လိုက်ပါ ပြနိုင်တာလို့ ထောပနာ ပြုကြတယ်။

ချဲလ်ဆီး ဥက္ကဋ္ဌ ဘရုစ်ဘတ်ခ်က တယ်ရီ မှာ ဦးမကျိုးတဲ့ စိတ်ဓာတ် မာကျောမှု ရှိတယ်။ သူ့မှာ လူမှုရေး ပြဿနာတွေ ရှိနေတာတောင် ဘောလုံးကွင်းထဲ ဆင်းရဲတဲ့ သတ္တိရှိလို့ ချီးမွမ်းလိုက်တော့ အားလုံး ပါးစပ် ပိတ်ကုန်တယ်။ ၀ိန်းရွန်းနီလိုပဲ သူလည်း အရေထူတယ် ဆိုတာ သံသယ ၀င်စရာ မလိုဘူးလို့ ချီးကျူးတယ်။ တချို့ကတော့ “ပရို ဘောလုံးသမားတွေဟာ သူတို့ ဖြစ်ချင်တာကို လုပ်နိုင်စွမ်း ရှိပုံရတယ်” လို့ သုံးသပ်ကြတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စီရင်ချက် အရ ခုံရုံးရဲ့ လုပ်ငန်းစဉ်က အဆုံး သတ်သွားပါပြီ။ ဒါပေမဲ့ (၅)ရက်ကြာ ခုံရုံး စစ်ဆေးမှုကြောင့် ပေါ်ထွက်လာတဲ့ ရလဒ်ရဲ့ အရှုပ်အထွေးတွေကိုတော့ အဆုံး မသတ်နိုင်သေးပါဘူး။ တစ်ခုက သူဟာ အင်္ဂလန် အသင်းမှာ ပါဝင်ဖို့ ရွေးချယ် ခံရတယ် ဆိုရဲ့။ ဒီအသင်းမှာ သူ့ရာထူးက ဘာလဲ။ ကပ္ပတိန်(သို့)ယုတ်စွ အဆုံး ဒု-ကပ္ပတိန် မဖြစ်နိုင်တာ သေချာတယ်။ ဒါဆိုရင် သာမန် အသင်းသား အဖြစ်နဲ့ သူ့ကို လက်ခံ ထားမှာလား။

တယ်ရီနဲ့ ဖာဒီနန်
ဒီစီနီယာ နှစ်ယောက်ရဲ့ ဇာတ်ရှုပ်မှာ ဖာဒီနန် နောက်ကောက် ကျသွားပြီလား။ ဂျွန်တယ်ရီ အမှုအခင်းက ကွင်းလုံးကျွတ် လွတ်ခြင်းဟာ ဖာဒီနန်ရဲ့ အင်္ဂလန်အသင်းသား ဘ၀ နိဂုံး ချုပ်သွားတာလား စဉ်းစားစရာပါ။ ဒါပေမဲ့ ပြောစရာ တစ်ခုရှိတယ်။ ၈ျွန်တယ်ရီနဲ့ ရီယိုဖာဒီနန်တို့ နှစ်ယောက်ကို အင်္ဂလန် အသင်းမှာ တွဲပြီး မမြင်တွေ့ရတဲ့ အချိန်က စပြီး ဖာဒီနန် ဇာတ်လမ်း ဆုံးခန်း တိုင်သွားပါပြီလို့ ဆိုကြတာတွေ ရှိတယ်။ အောက်တိုဘာ(၂၃)ရက်နေ့ က Loftus Road ကွင်းရဲ့ဖြစ်ရပ်ကို FA က အရေးယူဖို့ ဆုံးဖြတ်လိုက်ကတည်းက အင်္ဂလန် တစ်သင်းထဲမှာ တယ်ရီနဲ့ ဖာဒီနန်ကို ပြန်မြင်ရဖို့ အကြောင်း မရှိသလို ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။

တရားရုံးက တယ်ရီမှာ အပြစ် မရှိပါဘူးလို့ စီရင်ချက် ချပြီးမှာတော့ အက်ဖ်အေ အနေနဲ့ သူတို့ဘာသာ ထပ်ပြီး လူမျိုးရေး ပုတ်ခတ်တဲ့ လုပ်ရပ်ကို စုံစမ်း စစ်ဆေးဖို့ အကြောက်အကန် ငြင်းဆန်မှာ သေချာတယ်။ ဒါပေမဲ့ တယ်ရီနဲ့ အန်တန်ဖာဒီနန်ကိုတော့ သူတို့ရဲ့ ဖြစ်ရပ်ကြောင့် ဘောလုံး အားကစားမှာ ဂုဏ်သိက္ခာ ကျစရာတွေ ဖြစ်ပေါ်စေတဲ့ အတွက် နှစ်ယောက် စလုံးကို တူညီတဲ့ ပြစ်ဒဏ်မျိုး ခံရဖို့ ရှိနေတယ် လို့ ဆိုရတယ်။

အဆိုးမြင် သမားတွေကတော့ ဒီနှစ်ယောက်ကို ပွဲပယ်ပြစ်ဒဏ်မျိုး ချမှတ်ခဲ့ရင် လာမယ့် စက်တင်ဘာ(၁၅)ရက် ချယ်လ်ဆီး အသင်း Loftus ကွင်းသွားရမယ့် ပွဲဟာ မီးပုံထဲ ယမ်းထုတ်ကြဲတဲ့ ကိန်းဆိုက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ ဒီလိုပဲ အောက်တိုဘာ (၂၈)မှာ မန်ယူနဲ့ အတူ ရီယိုဖာဒီနန် စတမ်း ဖို့ဒ်ကွင်း သွားတဲ့ အခါမှာကော ဘာတွေဖြစ် ကုန်မလဲ။ ပရီးမီးယားလိဂ်က ပုဂ္ဂိုလ်တွေ သိပ်ဂုဏ်ယူ တန်ဖိုး ထားနေတဲ့ “လက်ဆွဲနှုတ်ဆက်ခြင်း” ဆိုတဲ့ အလုပ်ဟာ ထပ်ပြီး အရုပ် ဆိုးစရာတွေ ဖြစ်မလာနိုင်ဘူးလား။ ထင်မှတ် ထားတာထက် ပိုဆိုးနိုင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်မှာပဲ အတင်းအဖျင်း ဆန်တဲ့ သတင်းတွေ တင်ဆက်တဲ့ သတင်းစာတွေထဲမှာ ဘောလုံးဟာ ဒရွက်တိုက် ဆွဲခံခဲ့ရတယ်။ တကယ်တော့ ဘောလုံး အားကစားမှာ အရုပ်ဆိုးစရာ တွေဖြစ်သင့်ပါသလား ဆိုတဲ့ မေးခွန်းတွေ ညံ့ခဲ့တယ်။ ပရိသတ်တွေ ကိုယ်တိုင် မကျေနိုင် မချမ်းနိုင်ဖြစ်ကြရတယ်။

လူမည်း ကစားသမား အဖွဲ့ချုပ်
၈ျွန်တယ်ရီနဲ့ အန်တန်ဖာဒီနန်တို့ အမှုဟာ အချိန်ကုန် လူပန်း၊ ငွေကြေး အကုန်အကျနဲ့ သိက္ခာ ကျစရာတွေနဲ့ပဲ အဆုံး သတ်ခဲ့တယ်။ ယမန်နှစ် အောက်တိုဘာ(၂၃)ကနေ ဒီနှစ်ဇူလိုင် (၁၃)အထိ (၉)လ ကြာတယ်။ တရားရုံးက ဆင့်ခေါ်လိုက်၊ ရက်ချိန်း ယူလိုက်နဲ့ အချိန်ဖြုန်းတယ်။ တရားရုံး စရိတ်က ပေါင်(၇၅၀ç၀၀၀) ကျတယ်။ အဲဒီငွေတွေဟာ အခွန်ထမ်း ပြည်သူတွေ ပေးထားတဲ့ ငွေတွေပါ။ ဘာမှ အကျိုး မရှိဘဲ ကုန်ကျ ခဲ့ရတာတွေလို့ ဝေဖန်ခံရတယ်။

တစ်ဖက်ကတော့ လူမျိုးရေး ခွဲခြားမှုကို နိုင်ငံရေး အရရော၊ လူမှုရေး အရပါ အလေး အနက်ထားနေတဲ့ကာလမှာ ဘယ်လိုပုံစံမျိုးနဲ့ ပေါ်ပေါက်တာမျိုးကိုမှ လက်မခံဘူး ဆိုတာ ပြသရာရောက်တယ်လို့ ဆိုကြတယ်။ ဒါကိုပဲ တစ်ဖက်ကလည်း ဘောလုံးသမား နှစ်ယောက် ဘောလုံးကွင်းထဲမှာ နှစ်ယောက်ချင်း ပြောခဲ့တဲ့ စကားလေးလုံးက ၀ါကျတစ်ကြောင်းစာ မရှိပေမယ့် ပုံကြီး ချဲ့ကြတယ်။ ဒါ မျိုးက ဘောလုံးပွဲ တစ်ပွဲရဲ့ သွေးဆူနေတဲ့ အချိန်၊ စိတ်ခံစားချက် ပြင်းပြနေတဲ့ ကာလမှာ ပြောမိတာပါ။ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိစ္စပါလို့ ထောက်ပြကြတယ်။
အက်ဖ်အေရဲ့ အမှုဆောင်ချုပ်ဟောင်း မာ့က်ပါလီယိုစ်က “ဘာမှ ရှည်ရှည်ဝေးဝေးတွေ လုပ်နေစရာ မလိုတဲ့ ကွင်းပြင်ပမှာ အငြင်းအခုန် လုပ်စရာ မဟုတ်တဲ့ ကိစ္စ”လို့ ပြောခဲ့ဖူး တာမျိုးပါ။ ဒါကြောင့်လည်း ဖီဖာ ဥက္ကဋ္ဌဆပ် ဘလတ္တာက “ဒီအဖြစ်မျိုးဟာ ဘောလုံးပွဲ အပြီးမှာ လက်ဆွဲ နှုတ်ဆက်လိုက်ရုံနဲ့ ပြီးတဲ့ ကိစ္စ” လို့ မှတ်ချက်ပေးတာကို ၀ိုင်းပြီး ကဲ့ရဲ့စကား တင်ဆိုခဲ့ကြတယ်။ တရားရုံး  ရောက်တော့ လူနှစ်ယောက်အကြား ဘောလုံး ကစားရင်း “ကျိန်ဆဲ” တဲ့ စကားကို ဘယ်လိုမှလည်း ခိုင်လုံတဲ့ အထောက်အထား မရှိလို့ တယ်ရီကို တရားသေ လွှတ်လိုက်တာပါလို့ ဆိုကြတယ်။ ဒါပေမဲ့ ခွင့်မလွှတ်သင့်တဲ့ ကိစ္စ အဖြစ် မြင်သူတွေက ပုံကြီး ချဲ့ကြတယ်။ ဘာမှ မဖြစ်လောက်တဲ့ ကိစ္စကို “၀ါးတားဂိတ် အရှုပ်တော်ပုံ”လို့ ပေရှည်ခဲ့ကြတယ်လို့ ဝေဖန်တာ တွေလည်း ရှိခဲ့တယ်။

ဒါပေမဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ လူမည်း ကစားသမားတွေက အခုလို လူမျိုးရေး ပုတ်ခတ်မှုတွေကို ကိုင်တွယ် ဖြေရှင်းပေးဖို့ လူမည်း ကစားသမားများ အဖွဲ့ချုပ် ဖွဲ့စည်းဖို့ လုပ်လာကြတယ်။ ဒီလို ဖွဲ့စည်းဖို့ ဆွေးနွေးတဲ့ အစည်းအဝေးတွေ ကျင်းပဖို့ တောင်းဆို လာကြတယ်။ လူမည်း ကစားသမား အများအပြားက ဘောလုံးပွဲ မစခင်မှာ ဂျွန်တယ်ရီနဲ့ လက်ဆွဲ နှုတ်ဆက်ဖို့ ငြင်းဆိုမှုတွေ လုပ်လာကြမယ်။ ဂျွန်တယ်ရီဘက်က ခုခံ ထွက်ဆိုခဲ့တဲ့ သက်သေ အက်ရှ်လေကိုးကို ရီယိုဖာဒီနန်က “ဗလောင်းဗလဲ ကောင်”လို့ စွပ်စွဲတယ်။ ဒီပြဿနာတွေက ပိုပြီး ရှုပ်ထွေးလာစရာတွေပါ။ ဒါကြောင့် PFA က ဘောလုံးပွဲမှာ အငြင်းပွားစရာ ပြဿနာ ရှာသူကို အရေးယူမယ်လို့ မီဒီယာ ကွန်ရက်တွေ ကနေ သတိပေး နေရပါပြီ။ အမှိုက်က စတဲ့ မီးဟာ ပြသာဒ်ကြီးကို မစွဲလောင်ပါစေနဲ့လို့ ဆန္ဒပြုရင်း ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာ ရင်တမမနဲ့ စောင့်ကြည့် နေရဦးမှာ ဖြစ်ကြောင်းပါ။

မှတ်ချက်။   ။ SM Journal Vol.1 No.39မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.