Saturday, 18 May 2013
Home World Others အခြား ဆောင်းပါးများ ပွဲမ၀င်ခင် အပြင်က ကျင်းပဖို့ သူတို့ ပြင်ဆင်ကြပြီ

ပွဲမ၀င်ခင် အပြင်က ကျင်းပဖို့ သူတို့ ပြင်ဆင်ကြပြီ PDF Print E-mail
Written by ထွန်းထွန်း   
Friday, 13 July 2012 14:11
Share |

မရပ်မနား ပြေးလွှားနေတဲ့ ဥရောပ ဘောလုံး စက်ဝန်းကြီးဟာ တစ်ပတ်ပြည့်ခဲ့ ပြန်ပါပြီ။ ရာသီဟောင်းတုန်းက အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ အားလုံးဟာ တစ်ခန်း ရပ်ခဲ့ပါပြီ။ ဒါကြောင့် ရာသီသစ် အတွက် ကလပ် အသင်းတွေဟာ ပွဲမ၀င်ခင် အပြင်က ကျင်းပ ဆိုသလို ရာသီသစ် အတွက် ခြေစမ်းပွဲ ခရီးစဉ်များကို စတင် ရေးဆွဲခဲ့ကြပြီပဲ ဖြစ်ပါတယ်။ ဒီရာသီကြို ခြေစမ်း ပွဲတွေဟာ ကိုယ့်အသင်းရဲ့ အားနည်းချက် အားသာချက်နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်လို့ ကလပ် အသင်းတိုင်း ကလပ် အသင်းတိုင်ဟာ အသင်းကြီးတွေနဲ့ ခြေစမ်းမှုတွေ ပြုလုပ်သလို အသင်းရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ အတွက် ကလပ် အသင်းငယ်လေးတွေနဲ့လည်း ကစားဖို့ စီစဉ်ကြလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် မန်ယူအသင်း ပေါ်တူဂီကို ခြေစမ်းပွဲ သွားကစားတုန်းက လစ္စဘွန်း အသင်းရဲ့ လူငယ်ကစားသမားလေး စီရော်နယ်ဒိုကို ရရှိ ခဲ့တာကတော့ အကောင်းဆုံး သာဓကပါ။ ဒါကြောင့် ဒီခြေစမ်း ပွဲစဉ်တွေကို ကလပ် အသင်းတွေဟာ ဈေးကွက် ရှာဖွေရေး အနေနဲ့သာ မဟုတ်ဘဲ ဘောလုံးသမား ရှာပုံတော် ဖွင့်ကြခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလပ်အသင်း တစ်သင်းချင်းစီရဲ့ ရာသီကြို ခြေစမ်း ပွဲစဉ်တွေကို အခုလို တစ်သင်းချင်စီ လေ့လာသုံးသပ် လိုက်ရပါတယ်။


မန်စီးတီး
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းကတော့ သူတို့ အသင်းရဲ့ ရာသီကြို ခရီးစဉ်ကို ဘောလုံးသမား ရှာဖွေမှု အတွက် မဟုတ်ဘဲ ဈေးကွက် ရှာဖွေမှု အတွက်သာ ဦးတည် ထားပါတယ်။ ဒါကြောင့် ဘောလုံးဈေးကွက် အကြီးမားဆုံး ဖြစ်တဲ့ အာရှတိုက်ကိုသာ လာရောက် ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။ အသင်း ပိုင်ရှင်ကလည်း အာရှတိုက်သားဖြစ်လို့ သူတို့ အသင်းရဲ့ ဈေးကွက်ကို ဒီနှစ်မှာ အာရှတိုက်ကို ပစ်မှတ် ထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ပထမဆုံး အနေနဲ့ အာရှတိုက်က နာမည်ကြီး ကလပ်အသင်း ဖြစ်တဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်နဲ့ ပထမဆုံး ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒိုင်နမိုဒရက်စ်ဒန် ကလပ်နဲ့ ကစားမှာ ဖြစ်ပြီး အာဆင်နယ် အသင်းနဲ့လည်း ချစ်ကြည်ရေး ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံးပိတ် အနေနဲ့ မန်စီးတီး အသင်းဟာ အရှေ့တောင် အာရှကို လာရောက်ပြီး မလေးရှား အသင်းနဲ့ ဘူကစ်ဂျာလီ အားကစားကွင်းမှာ လာရောက် ခြေစွမ်းပြဦးမှာ ဖြစ်ပါတယ်။ မလေးရှားမှာ ကစားမယ့် ပွဲစဉ်အတွက် လက်မှတ်တွေကို စတင် ရောင်းချနေပြီး အထူးတန်း လက်မှတ် တစ်စောင်ကို ရင်းဂစ်(၄၀၀)ခန့်နဲ့ ရောင်းချမှာ ဖြစ်လို့ မြန်မာပြည်က ဘောလုံး ၀ါသနာရှင်တွေ သွားရောက်ကြည့်ရှုချင်တယ် ဆိုရင်တော့ ကြိုတင် လက်မှတ်တွေကို အင်တာနက်ကနေ ၀ယ်ယူ ရရှိနိုင်ပြီလို့လည်း သိရပါတယ်။ မန်စီးတီး အသင်းရဲ့ ကစားမယ့် ပွဲစဉ်အချို့ အချိန်ဇယားကို တစ်ပါတည်း ဖော်ပြပေးလိုက်ရပါတယ်။

၁၃.၇.၁၂ (၂၂:၃၀)နာရီ  အယ်လ်ဟီလယ်
၁၇.၇.၁၂ (၂၃:၃၀)နာရီ  ဒရက်စ်ဒန်
၂၇.၇.၁၂ (၁၇:၃၀)နာရီ  အာဆင်နယ်
၃၀.၇.၁၂ (၂၀:၁၅)နာရီ  မလေးရှား



မန်ယူ

ပြီးခဲ့တဲ့ နှစ်မှာ ဖလားလက်မဲ့ ဖြစ်ခဲ့တဲ့ ပရီးမီးယား လိဂ်ရဲ့ အအောင်မြင်ဆုံး အသင်း မန်ယူကတော့ အာရှမှာ ဈေးကွက် ခိုင်မာမှု ရရှိထားပြီးသား ဖြစို့ တောင်အာဖရိကကို သွားရောက် ဈေးကွက်ရှာဖွေမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းမွန်တဲ့ အာဖရိက သားတွေရှိတဲ့ နေရာ အရပ်ကို မန်ယူအသင်း သွားရောက် ခဲ့တာကတော့ ဈေးကွက် ရှာဖွေမှု တစ်ခုတည်းတင် မဖြစ်နိုင်ပါဘူး။ အဲဒီမှာ ရှိတဲ့ လူငယ် ရွက်ပုန်းသီး ကစားသမားတွေကို သွားရောက်လေ့လာမယ့် အနေအထားမှာလည်း ရှိနေပါတယ်။ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားရဲ့ ဇူလိုင်လ(၁၈)ရက်နေ့မှာ ကျရောက်တဲ့ (၉၄)နှစ်မြောက် မွေးနေ့မှာ တောင်အာဖရိက အသင်းတစ်သင်းဖြစ်တဲ့ အမာဇူးလူး ကလပ် အသင်းနဲ့ စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ (၂၁)ရက်နေ့ ကျရင်တော့ အေဂျက်ဇ် အသင်းနဲ့ ကိတ်တောင်းမှာ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ (၂၀၀၈)ခုနှစ်တုန်းကလည်း တောင်အာဖရိကကို လာရောက်ခဲ့ပြီး ခြေစမ်းပွဲတွေ ကစားခဲ့သလို ပထမဆုံး လာရောက် ခဲ့တဲ့ ခုနှစ်ကတော့ (၂၀၀၆)ခုနှစ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူတို့အတွက် တတိယအကြိမ်မြောက် အာဖရိကကို လာရောက်တဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။ အဲဒီ ပွဲစဉ်တွေ ပြီးရင်တော့ မန်ယူ အသင်းဟာ ဒရော့ဘာ၊ အနဲလ်ကာတို့ ပြောင်းရွှေ့ရောက်ရှိ သွားတဲ့ ရှန်ဟိုင်းရှင်ဟွာနဲ့ ဟောင်ကောင် အားကစား ကွင်းကြီးမှာ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး(၅)ရက်နေ့ ရောက်ရင်တော့ နောက်ဝေကလပ် အသင်း ဗယ်လီရန်ကာနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဩဂုတ်(၈)ရက်နေ့ ရောက်ရင်တော့ ဘာစီလိုနာ အသင်းနဲ့ နောက်ဆုံး ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မန်ယူ အသင်းရဲ့ ပွဲစဉ် အချို့တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်

၁၈.၇.၁၂ -  အမာဇူးလူး
၂၁.၇.၁၂ -  အေဂျက်ဇ်
၂၅.၇.၁၂ -  ရှန်ဟိုင်းရှင်ဟွာ
၅.၈.၁၂ (၂၃:၃၀)နာရီ ဗယ်လီရန်ကာ
၈.၈. ၁၂ -  ဘာစီလိုနာ

ချယ်လ်ဆီး
ပြီးခဲ့တဲ့ နှဏ်မှာ ဒီမက်တီယိုရဲ့ အံ့ဩဖွယ် စွမ်းဆောင်မှုနဲ့ အတူ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေ ဖလားကို ဆွယ်ခူးနိုင်ခဲ့တဲ့ ချယ်လ်ဆီး အသင်းကတော့ သူတို့ရဲ့ ခရီးစဉ် အစပိုင်းကို အမေရိကန်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဒီအမေရိက ခရီးစဉ်ဟာ သူတို့ရဲ့ ကလပ်အသင်း သမိုင်းတလျှောက်(၁၀)ကြိမ်မြောက် သွားရောက် ခြေစမ်းတဲ့ ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းဟာ (၁၉၅၄)ခုနှစ်မှာ ပထမဆုံး အကြိမ် အမေရိကကို သွားရောက်ခဲ့ပြီး (၁၉၆၇၊ ၁၉၇၇၊ ၁၉၉၂)တို့မှာ အမေရိကကို သွားရောက်ခဲ့ကာ (၂၀၀၄)ခုနှစ်ကနေ (၂၀၀၇)ခုနှစ်အထိ (၄)နှစ်ဆက်တိုက် သွားရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် (၂၀၀၉)ခုနှစ်မှာ (၉)ကြိမ်မြောက် သွားရောက်ခဲ့ပြီး ယခုတစ်ကြိမ်ဟာ (၁၀)ကြိမ်မြောက် ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းရဲ့ အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁၈.၇.၁၂  -  ဆီတဲလ်ဆောင်းဒါး
၂၄.၇.၁၂  (၅:၃၀)နာရီ  ပီအက်စ်ဂျီ
၂၉.၇.၁၂  -  အေစီမီလန်
၎.၈.၁၂    (၂၀:၃၀) ဘရိုက်တန်

ရီးယဲလ်မက်ဒရစ်
လာလီဂါ ချန်ပီယံ ရီးယဲလ် အသင်းကလည်း ဒီနှစ်မှာ ချယ်လ်ဆီး အသင်းလိုပဲ အမေရိကကို ခြေဆန့်ကြမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ပထမ ပွဲကို ပေါ်တူဂီက ဘင်ဖီကာနဲ့ ခြေစမ်း ကစားမှာ ဖြစ်ပြီး ဒုတိယ ပွဲကိုတော့ အသင်းရဲ့ ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ် ရှိနေတဲ့ အယ်လ်အေဂလက်ဆီ အသင်းနဲ့ ခြေသွေးကြမှာ ဖြစ်ပါတယ်။ ပြီးရင် အီတလီက စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် အသင်းနဲ့ ခြေစမ်း ကစားဖို့ စီစဉ် ထားပေမယ့် နောက်ဆုံး ကြားသိရတဲ့ သတင်းတွေ အရတော့ မကန်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ စပိန်မြေ ပြန်အရောက်မှာ အေစီမီလန် အသင်းနဲ့ ခြေစမ်း ကစားမှာ ဖြစ်ပြီး နောက်ဆုံး ပွဲစဉ်ကိုတော့ စကော့တလန်က ဆဲလ်တစ်နဲ့ ကစားမယ်လို့ ကလပ် အသင်းရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခြေစမ်းပွဲ အချိန် ဇယားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၂၈.၇.၁၂  (၁:၁၅)နာရီ  ဘင်ဖီကာ
၂.၈.၁၂    (၉:၀၀)နာရီ  ဂလက်ဆီ
၈.၈.၁၂    (၆:၃၀)နာရီ  အေစီမီလန်
၁၂.၈.၁၂  (၀:၀၀)နာရီ  ဆဲလ်တစ်

ဂျူဗင်တပ်
စီးရီအေ ဆုဖလားကို ရှုံးပွဲမရှိ ရယူနိုင်ခဲ့တဲ့ ဂျူဗင်တပ် အသင်းကတော့ ရာသီကြို ခြေစမ်း ပွဲစဉ်တွေမှာ အမေရိကားနဲ့ ဩစတြေးလျတို့ကို သွားရောက် ကစားဖို့ အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီခြေစမ်းပွဲ ခရီးစဉ်မှာ ထူးခြားတာကတော့ သူတို့ အသင်းရဲ့ အထင်ကရ ကစားသမား တစ်ဦး ဖြစ်တဲ့ ဒယ်ပီယာရိုဟာ ပြီးခဲ့တဲ့ နှစ်ကိုပါ အီတလီယာ ဖလား ဗိုလ်လုပွဲ အပြီးမှာ ဘောလုံးသမား ဘ၀မှ အနား ယူခဲ့ပြီလို့ ကြေညာ ထားခဲ့ပေမယ့် ဒီခရီးစဉ်မှာတော့ ဦးဆောင် လိုက်ပါမယ်လို့ ဆိုပါတယ်။ ခရီးစဉ် အချို့ကို အသေးစိတ် ရေးဆွဲ ထားပေမယ့် အမေရိက ခရီးစဉ်ရဲ့ အဖွင့် ပွဲစဉ်မှာတော့ ဟာသာဘာလင်နဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ဒုတိယ ပွဲစဉ်မှာတော့ ဘင်ဖီကာ၊ နောက်ဆုံး ပွဲစဉ်ကိုတော့ စပိန်က မာလာဂါနဲ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ လာလီဂါ ချန်ပီယံ ရီးယဲလ်နဲ့ ကစားဖို့ ရှိနေပေမယ့်လည်း ဩစတြေးလျကို ခရီးဆက်ဖို့ ရှိနေလို့ အဲ့ဒီ ပွဲစဉ်ကို ဖျက်သိမ်း ခဲ့တယ်လို့ ဆိုပါတယ်။ ဂျူဗင်တပ် အသင်းရဲ့ အမေရိက ခရီးစဉ်မှာ ပါဝင်မယ့် ပွဲတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၂၈.၇.၁၂  -  ဟာသာဘာလင်
၁.၈.၁၂    -  ဘင်ဖီကာ
၎.၈.၁၂    -  မာလာဂါ

ဘာစီလိုနာ
ပြီးခဲ့တဲ့ နှစ်တုန်းက စပိန်ဘုရင့် ဖလား တစ်လုံးတည်းနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာ အသင်းကတော့ ဂွါဒီယိုလာ မရှိတော့ပေမယ့် သူရဲ့ လက်ထောက်နည်းပြ ဖြစ်တဲ့ ဗီလာနိုဗာက ဦးဆောင်ပြီး ဥရောပ တစ်ခွင်လှည့်လှည်ကြမှာ ဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ အဖွင့်ပွဲစဉ် အဖြစ် ဂျာမနီမြေမှာ ဟမ်းဘတ်နဲ့ ကစားမှာ ဖြစ်ပြီး ဒုတိယ ပွဲကိုတော့ မော်ရိုကိုကို သွားရောက်ပြီး မော်ရိုကို All Star အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ပြင်သစ်ကို သွားရောက်ပြီး ပီအက်စ်ဂျီနဲ့ ကစားမှာ ဖြစ်ပါတယ်။ စတုတ္ထမြောက် ပွဲစဉ်ကတော့ ပရိသတ်တွေ အမြောက်အမြား စိတ်ဝင်စားမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး ဆွီဒင်မှာ အင်္ဂလန်က မန်ယူအသင်းနဲ့ ခြေစမ်းယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်ကတော့ ရိုမေးနီးယားမြို့မှာ ဒိုင်နမိုဘူခါရက်နဲ့ ကစားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ခြေစမ်းပွဲ ခရီးစဉ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၂၄.၇.၁၂ (၂၂:၃၀)နာရီ  ဟမ်းဘတ်
၃၀.၇.၁၂ (၄:၃၀)နာရီ    မော်ရိုကို All Star
၅.၈.၁၂   (၀:၃၀)နာရီ    ပီအက်စ်ဂျီ
၈.၈.၁၂    -                 မန်ယူ
၁၁.၈.၁၂  -                 ဒိုင်နမိုဘူခါရက်

အာဆင်နယ်
ဖလားလက်မဲ့ ၀ဋ်ကြွေးကို ဆက်လို့ မကုန်နိုင်သေးတဲ့ ပရီးမီးယား လိဂ်က နာမည်ကြီး အာဆင်နယ် အသင်းကတော့ သူတို့ရဲ့ ရာသီကြို ခြေစမ်း ပွဲစဉ်မှာ ကမ္ဘာပတ်ဖို့ စီစဉ် ထားပါတယ်။ အာဖရိကနဲ့ အာရှတိုက် တို့ကို သွားရောက် ခြေစမ်းမယ်လို့ ကြေညာ ထားပါတယ်။ အဲ့ဒီ ခရီးစဉ်ကို သူတို့ရဲ့ အဓိက စပွန်ဆာတွေထဲက တစ်ခုဖြစ်တဲ့ အီးမရိတ်လေကြောင်းလိုင်းက အဓိက ကူညီ ပံ့ပိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ပထမဆုံး ခရီးစဉ်ကို မလေးရှား နိုင်ငံကို လာရောက်ဖို့ စီစဉ်ထားပြီး မလေးရှား လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ တရုတ်ကို ဆက်သွားပြီး မန်စီးတီး အသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။ မန်စီးတီးနဲ့ ပွဲပြီးရင်တော့ ဟောင်ကောင်ကို သွားပြီး ဟောင်ကောင် ကလပ်အသင်း ကစ်ချီးနဲ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ အဲ့ဒါ ပြီးရင်တော့ သူတို့ အသင်းဟာ အာဖရိကကို ဆက်လက် ခရီး ဆက်ကြမှာ ဖြစ်ပြီး နိုင်ဂျီးရီးယား နိုင်ငံမှာ ရှိတဲ့ ကလပ်အသင်း အချို့နဲ့ ချစ်ကြည်ရေး ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။ အစပိုင်းက နိုင်ဂျီးရီးယား လက်ရွေးစင် အသင်းနဲ့ ကစားဖို့ ရှိနေပေမယ့် အာဆင်နယ် အသင်းတောင်းဆိုတဲ့ လုံခြုံရေးနဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်လို့ ပျက်ပြယ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြန် ခရီးစဉ်မှာ ဂျာမနီကို သွားရောက်ပြီး အသင်းရဲ့ တိုက်စစ်မှူးသစ် ပိုဒေါ့စကီး ပြောင်းရွှေ့လာတဲ့ ကိုလုံး အသင်းနဲ့ ခြေစမ်းကစားမယ်လို့ ထုတ်ပြန်ကြေညာ ထားပါတယ်။ အာဆင်နယ် အသင်းရဲ့ ခြေစမ်း ပွဲစဉ်မှာ အာဖရိက ခရီးစဉ် အချက်အလက်ကို ထုတ်ပြန် ကြေညာထားခြင်း မရှိသေးတာကြောင့် အာရှ ခရီးစဉ်ကိုသာ ဖော်ပြပေး လိုက်ရပါတယ်။

၂၄.၇.၁၂  -  မလေးရှား
၂၇.၇.၁၂  (၁၇:၃၀)နာရီ  မန်စီးတီး
၂၉.၇.၁၂  (၁၄:၃၀)နာရီ  ကစ်ချီး
၁၂.၈.၁၂  (၂၁:၃၀)နာရီ ကိုလုံး

ဖော်ပြခဲ့တဲ့ အသင်းတွေ အပြင် အခြား နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်၊ လီဗာပူးလ်၊ စပါး၊ ဗလင်စီယာ စတဲ့ အသင်းတွေဟာ ကိုယ်စီကိုယ်စီ ခရီးစဉ်များ ရေးဆွဲပြီး ကမ္ဘာ အနှံ့ကို ခြေဆန့်နေကြပြီ ဖြစ်ပါတယ်။ တစ်ရာသီ ကုန်လိုက်၊ တစ်ရာသီ ပြန်စလိုက်တဲ့ စက်ဝိုင်းကြီး တစ်ခုလို လည်ပတ်နေတဲ့ ဘောလုံး ရာသီဟာ လောင်စာမခန်းတဲ့ အင်ဂျင်ကြီး တစ်လုံးလို ဆက်တိုက် လည်ပတ်နေတဲ့ အထဲမှာ ဘောလုံး ပရိသတ်တွေကလည်း လိုက်ပါ စီးမျောရင်းနဲ့ပဲ ပွဲမ၀င်ခင် အပြင်က ကျင်းပမယ့် ပွဲစဉ်တွေကို မြည်းစမ်းကြည့်ရင်းနဲ့ လာမယ့် ဩဂုတ် လလယ်မှာ ပြန်စတော့မယ့် ဥရောပ ဘောလုံး ရာသီကို စောင့်မျှော်ရင်း...

မှတ်ချက်။   ။ SM Journal Vol.1 No.38မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.