|
Written by Admin Team
|
|
Monday, 09 July 2012 09:41 |
|
တော့တင်ဟမ် ဟော့စပါး အသင်းသည် အေဂျက်စ် အမ်စတာဒမ် နောက်ခံလူ ဂျန်ဗာတိုဂန်ကို ခေါ်ယူနိုင်ပြီဟု အတည်ပြု ကြေညာလိုက်သည်။
ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟို ခံစစ်မှူး၏ ဈေးနှုန်းသည် ပေါင်စတာလင် (၉.၅)သန်းမျှ ဖြစ်နိုင်ပြီး ကာလရှည်ကြာ ညှိနှိုင်းမှုများ အပြီးတွင် သဘော တူညီမှု ဖော်ဆောင် လာနိုင်ခြင်း ဖြစ်သည်။ ဗာတိုဂန်သည် စပါးအသင်းနှင့် ဆေးစစ်မှု အောင်မြင် ပီးမြောက်ပါက ကာလရှည် စာချုပ် တစ်ရပ်ကို ချုပ်ဆိုနိုင်ဖွယ် ရှိနေသည်။ ဗာတိုဂန်ကို အာဆင်နယ် အသင်းကလည်း စိတ်ဝင်စားခဲ့ သေးသည့်တိုင် ကစားသမား ကိုယ်တိုင်က မန်နေဂျာ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည့် စပါး အသင်းကိုပင် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

အသက်(၂၅)နှစ်ရှိ ဗာတိုဂန်က "အချိန်အကြာကြီး အပြန်အလှန် ကစားပြောဆို ညှိနှိုင်းနေရတာတွေ ခုချိန်မှာ ပြီးသွားပြီ။ ဒီအတွက် ကျွန်တော် ပျော်ပါတယ်။ နောက်ထပ် ဘာတွေ အပြောင်းအလဲ ဖြစ်ဦးမလဲလို့ ပူပင်နေစရာ မရှိတော့ဘူး။ ကျွန်တော် ဘောလုံး အတွက်ပဲ အာရုံစိုက်ခွင့် ရပါတော့မယ်" ဟု ၎င်း၏ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ဗာတိုဂန်က "ကျွန်တော် ခုဆိုရင် စပါးနဲ့အတူ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ စလုပ်လို့ ရပါပြီ။ ဒါဟာ ကျွန်တော့် အတွက် အရေးကြီးပါတယ်။ ခုတော့ ကျွန်တော် ကောင်းမွန်ပြည့်စုံတဲ့ အချိန်တွေ အတွက် ရှေ့ဆက်ဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်က စပါးနဲ့ ပတ်သက်ပြီး လှပတဲ့ ဇာတ်လမ်းလေးတွေ အရင်ကတည်းက ကြားသိဖူးပြီးသားပါ" ဟုလည်း ဖွင့်ဟခဲ့သည်။
အချိန်အကြာကြီး အပြန်အလှန် ကစားပြောဆို ညှိနှိုင်းနေရတာတွေ ခုချိန်မှာ ပြီးသွားပြီ။ ဒီအတွက် ကျွန်တော် ပျော်ပါတယ်။ နောက်ထပ် ဘာတွေ အပြောင်းအလဲ ဖြစ်ဦးမလဲလို့ ပူပင်နေစရာ မရှိတော့ဘူး။ ကျွန်တော် ဘောလုံးအတွက်ပဲ အာရုံစိုက်ခွင့် ရပါတော့မယ်... စပါး အသင်းသည် ဟော်ဖန်ဟိုင်း ကွင်းလယ်လူ ဂိုင်ဖီလ် ဆီဂါ့ဒ်ဆန်ကို ခေါ်ယူရန် သဘော တူညီမှု ရခဲ့သည့်နောက် ဗာတိုဂန် ကိစ္စပါ အထမြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အေဂျက်စ် အတွက် တရားဝင် ပွဲပေါင်း (၂၂၀) ကစားပြီး (၂၈)ဂိုး သွင်းယူနိုင်ခဲ့သည်။ Ref: Goal
|