|
Written by Admin Team
|
|
Saturday, 07 July 2012 08:58 |
|
တော့တင်ဟမ် ဟော့စပါး အသင်း အနေဖြင့် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည့် လူကာမိုဒရစ်၏ စီမံကိန်း မအောင်မြင်နိုင်သည့် အခြေအနေကြောင့် ကျေနပ်စရာ ဖြစ်လာသည်။
စပါး အသင်းသည် အသက်(၂၆)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ကစားသမားအား လက်လွတ် မခံလိုသော်လည်း မိုဒရစ်က စပိန်ကလပ် အသင်းကြီးထံ သွားရောက်ရန် ဆန္ဒရှိနေသည်။ ရီးယဲလ်သည် ဥရောပဖလား ပြိုင်ပွဲ အပြီးကတည်းက မိုဒရစ်ကို ဆက်သွယ်နေသော်လည်း စပါး အသင်းက သတ်မှတ်ထားသည့် တန်ကြေး ပေါင်စတာလင် (၃၅)သန်းကို ပေးချေရန် ဆန္ဒမရှိဘဲ ဖြစ်နေသည်။ ထိုအနေအထားကြောင့် မိုဒရစ်အား ကမ်းလှမ်း ၀ယ်ယူမည့် အစီအစဉ်ကို ရီးယဲလ်က လက်လျှော့လာဖွယ် ရှိနေသည်။

စပိန်မှ သတင်းစာများက မိုဒရစ်သည် စပါးအသင်းထံ တရားဝင် ထွက်ခွာခွင့် တောင်းဆိုလာနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီက မိုဒရစ်ကို ကမ်းလှမ်း ခေါ်ယူရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။ ယခုအခါတွင်မူ မိုဒရစ်အား ရီးယဲလ်အပြင် ချယ်လ်ဆီးရော၊ မန်ချက်စတာ ယူနိုက်တက် အသင်းများကပါ စိတ်ဝင်စားလျှက် ရှိနေသည်။ စပါးမန်နေဂျာသစ် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ကွင်းလယ် နေရာအတွက် ဂိုင်ဖီ ဆီဂါ့ဒ်ဆန်ကို ခေါ်ယူခဲ့ပြီးဖြစ်ကာ မိုဒရစ်ကို ဆက်ထိန်းထားရန်လည်း ဆန္ဒရှိနေသည်။ မိုဒရစ်သည် စပါးနှင့် (၂၀၁၆)ထိ စာချုပ်သက်တမ်း ကျန်ရှိနေဆဲဖြစ်သည်။ ရီးယဲလ်သည် ဥရောပဖလား ပြိုင်ပွဲ အပြီးကတည်းက မိုဒရစ်ကို ဆက်သွယ်နေသော်လည်း စပါးအသင်းက သတ်မှတ်ထားသည့် တန်ကြေး ပေါင်စတာလင် (၃၅)သန်းကို ပေးချေရန် ဆန္ဒမရှိဘဲ ဖြစ်နေ... Ref: Daily Mail
|