Saturday, 25 May 2013
Home World English Premier League ဆောင်းပါးများ အ၀င်အထွက်တွေနဲ့ သက်ဝင်လှုပ်ရှားလာတဲ့ အင်္ဂလန်မြေက အပြောင်းအရွှေ့ရပ်ဝန်း
အ၀င်အထွက်တွေနဲ့ သက်ဝင်လှုပ်ရှားလာတဲ့ အင်္ဂလန်မြေက အပြောင်းအရွှေ့ရပ်ဝန်း PDF Print E-mail
Written by ဖောင်းဖောင်း   
Friday, 06 July 2012 13:30
Share |

အခု ဆိုရင်တော့ နိုင်ငံတကာ ပြိုင်ပွဲဖြစ်တဲ့ ဥရောပ ဖလား ပြိုင်ပွဲကြီး ကျင်းပပြီးစီး သွားချိန်မှာ ပရီးမီးယားလိဂ်က ကလပ် အသင်းတွေဟာလည်း ရာသီသစ် အတွက် ပြင်ဆင်မှုတွေကို စတင် ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ရာသီသစ်မှာ အသင်းအတွက် အောင်ပွဲတွေကို ဆွတ်ခူးပေးနိုင်မယ့် ကစားသမားမျိုးကို ဈေးဝယ်ထွက်ဖို့ ပြိုင်ပွဲကြီး တစ်ပွဲ ပြီးဆုံးချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေရော၊ အစဉ်တစိုက် စောင့်ကြည့်ထားတဲ့ ကစားသမားတွေပါ ခေါ်ယူနိုင်ဖို့ အတွက် ပရီးမီးယားလိဂ်က နည်းပြတွေနဲ့ ဘောလုံး ကင်းထောက်တွေ ခေါင်းချင်း ရိုက်နေကြပါပြီ။


အာဆင်နယ် အသင်းကို ကြည့်မယ်ဆိုရင် အာစင်ဝင်းဂါးဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ခြေလှမ်းသွက်သွက် လှမ်းနေပါတယ်။ အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ အသင်းခေါင်းဆောင် ဗန်ပါစီရဲ့ နေရာကို အစား ထိုးနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ရာသီကုန်မှာ ဂျာမနီ တိုက်စစ်မှူး ပိုဒေါစကီးကို ခေါ်ယူထားသလို အခု အချိန်မှာလည်း ပြင်သစ်မှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ဂီရော့ဒ်ကို ယူရို(၁၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဗန်ပါစီဟာ ရာသီသစ်မှာ အာဆင်နယ်နဲ့ အတူ လက်တွဲဖို့ မသေချာတဲ့ အနေအထားကို ရောက်ရှိ လာခဲ့ပါတယ်။ ဒါ့အပြင် အာစင်ဝင်းဂါးဟာ နောက်ခံလူ တစ်ဦးနဲ့ ကွင်းလယ် ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူဖို့ အတွက် အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ အရ သိရပါတယ်။

 



ချန်ပီယံ လိဂ်နဲ့ အက်ဖ်အေ ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ချယ်လ်ဆီး အသင်းကလည်း အာဆင်နယ် အသင်းနည်းတူ အပြောင်းအရွှေ့ ဈေးကွက်မှာ ခပ်သွက်သွက်ကလေး လှုပ်ရှားနေပါတယ်။ ချယ်လ်ဆီး နည်းပြ ဒီမက်တီယိုကတော့ လက်ရှိ အချိန်မှာ သူ့ရဲ့ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်တဲ့ ကွင်းလယ်ကို သွေးသစ်လောင်းနိုင်ဖို့ အတွက် လူငယ်ကွင်းလယ် ကစားသမား(၃)ဦးကို ခေါ်ယူထားပါတယ်။ ဂျာမနီက မာကိုမာရင်နဲ့ ဘယ်လ်ဂျီယံ ကစားသမားနှစ်ဦး ဖြစ်တဲ့ ဟာဇက်နဲ့ ကီဗင်တို့ကို ခေါ်ယူအားဖြည့် ထားပြီးတဲ့ အပြင် ရီးယဲလ်မက်ဒရစ်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမား မိုဒရစ်ကိုလည်း ကြားထဲကနေ ဖြတ်ခုတ်ဖို့ ကြိုးစားနေပါတယ်။ အဲဒီ ခရိုအေးရှား ကွင်းလယ်ကစားသမားကို ရီးယဲလ် အသင်းက ပေါင်သန်း(၂၀)ထက် ပိုပြီး မပေးချေလိုတဲ့ အခြေအနေမှာ ချယ်လ်ဆီးက ပေါင်(၃၆)သန်း ပေးပြီး ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ချယ်လ်ဆီး အသင်းဟာ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဒရော့ဘာ ထွက်ခွာသွားလို့ တိုက်စစ်ပိုင်း အားနည်းနေပေမယ့် တိုက်စစ်မှူး ၀ယ်ယူ အားမဖြည့်သေးဘဲ ကွင်းလယ်ကစားသမားတွေကိုသာ ခေါ်ယူနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပေါ်တိုက ဟော့ခ်ကိုတော့ ခေါ်မယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ချယ်လ်ဆီး အသင်းကို ဘယ်သူတွေ ထပ်ပြီး ရောက်ရှိလာမလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


မန်ယူ အသင်းကတော့ ပြီးခဲ့တဲ့ နှစ်က ဖလားလက်မဲ့ ဖြစ်ခဲ့လို့ ရာသီသစ်မှာ ပြင်ဆင်မှုတွေ အကြီးအကျယ် ပြုလုပ်မယ်လို့ ဆိုထားတာနဲ့ အညီ ကစားသမား တော်တော်များများကိုလည်း ခေါ်ယူဖို့ ကမ်းလှမ်းနေတာ မြင်တွေ့နေရပါတယ်။ လက်ရှိ အချိန်မှာတော့ ဂျာမနီက ဖလားနှစ်လုံး ရခဲ့တဲ့ ဒေါ့မွန် အသင်းရဲ့ အမာခံ ကွင်းလယ် ကစားသမား ဖြစ်ခဲ့တဲ့ ကာဂါဝါနဲ့ အင်္ဂလန်ရဲ့ အနာဂတ်မှာ အားထားရမယ့် သူလို့ သတင်းတွေ ပြေးနေတဲ့ ခရူဝီက ကွင်းလယ် ကစားသမား ပိုဝဲလ်တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ နောက်တန်း ခံစစ်ကို အားဖြည့်ဖို့ အတွက် အဲဗာတန် အသင်းက ဘိန်းစ်နဲ့ ပြီးခဲ့တဲ့ ယူရိုတုန်းက ဂျာမနီ အသင်းရဲ့ နောက်တန်းမှာ ခြေစွမ်းပြခဲ့တဲ့ ဟမ်မဲလ်တို့ကို ခေါ်ယူဖို့ ကမ်းလှမ်း ထားပါတယ်။ မန်ယူ နည်းပြ ဖာဂူဆန်ဟာ နယ်သာလန် အသင်းရဲ့ ဘယ်နောက်ခံ ကစားသမားဖြစ်တဲ့ ၀ီလျံကိုလည်း သူကိုယ်တိုင် ကွင်းထဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လေ့လာခဲ့လို့ မန်ယူရဲ့ နောက်တန်းမှာ ဘယ်ကစားသမားတွေ အသစ် ထပ်ရောက်လာဦးမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။



ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး အသင်းကတော့ နာမည်ကြီးပြီး ထမင်း ငတ်နေပါသေးတယ်။ ခေါ်မယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် ဘယ်ကစားသမား တစ်ဦးတစ်ယောက်ကိုမှ ဖြစ်ဖြစ်မြောက်မြောက် မခေါ်ယူနိုင်သေးပါဘူး။ အသင်းမှာ အံမ၀င်တဲ့ ဒီဇီကို ကို တည်ကြက်လုပ်ပြီး နာမည်ကျော် ကစားသမားတွေ ခေါ်ယူရေး အစီအစဉ်ဟာ အခုအချိန်ထိ အထမမြောက်သေးပါဘူး။ ဒါပေမဲ့ အာဆင်နယ် အသင်းခေါင်းဆောင် ဗန်ပါစီကိုတော့ တစ်ပတ်လုပ်ခ လစာပေါင်(၂၅၀,၀၀၀)နဲ့ ခေါ်ယူဖြစ်ဖို့ များနေပါတယ်။ အသင်းရဲ့ အဓိက ကွင်းလယ်တောင်ပံ ကစားသမား ဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားကတော့ အသင်းက ထွက်ခွာပြီး စပိန်မြေကို ပြန်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေကာ ရီးယဲလ်ကို ရောက်မယ်လို့လည်း ကြားနေရပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ မန်စီးတီး ထင်တိုင်း မပေါက်သေးပါဘူး။ သူ့လိုပဲ နည်းပြသစ် ရောက်ရှိလာတဲ့ လီဗာပူးလ် အသင်းကလည်း ကစားသမားသစ်တွေ မခေါ်ယူနိုင်သေးဘဲ အသင်းရဲ့ ကွင်းလယ်ကစားသမား ဒါ့ကောက်ကတော့ ဖီနာဘာချီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ စပါးအသင်းကလည်း ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲခဲ့ရလို့ ကော်လူကာ၊ ခရန်ကာစတဲ့ ကစားသမား တော်တော်များများဟာ အသင်းကနေ ထွက်ခွာခဲ့ကြပြီ ဖြစ်သလို မိုဒရစ်၊ ပါကား၊ ဗန်ဒါဗတ်၊ ဘေးလ် စတဲ့ ကစားသမားတွေ အသင်းက မထွက်ခွာအောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ရာသီသစ်မှာ အသင်းကို ပြန်လည် အားဖြည့်ရမှာ ဖြစ်တာကြောင့် အ၀င်အထွက်တွေနဲ့ သွက်သွက်လက်လက် ဖြစ်လာမယ့် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ ရပ်ဝန်းကို စိတ်ဝင်တစား ဆက်လက် စောင့်ကြည့်ရမှာပါ။
မှတ်ချက်။   ။ SM Journal Vol.1 No.37 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

Last Updated on Friday, 06 July 2012 17:09
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.