|
Written by Admin Team
|
|
Friday, 06 July 2012 10:08 |
|
အာဆင်နယ် အသင်းသည် ရော်ဘင် ဗန်ပါစီကို လက်လွှတ်ရမည့် အခြေအနေကြောင့် တိုက်စစ်မှူးသစ် တစ်ဦးကို မဖြစ်မနေ အစားထိုး ခေါ်ယူရန် အတွက် စတီဗန် ဂျိုဗီတစ်နှင့် ရောဘတ် လီဝင်ဒေါစကီးတို့အား စိတ်ဝင်စားနေကြောင်း သိရသည်။
အာဆင်နယ် အသင်း၏ တိုက်စစ်တွင် အခရာ အကျဆုံး ကစားသမားဖြစ်သော အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီသည် အသင်းနှင့် စာချုပ်သက်တမ်း တိုးရန် ကမ်းလှမ်းမှုကို ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သည့် ဗန်ပါစီကို အာဆင်နယ်က ယခုနွေရာသီတွင် မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေသည်။ ထိုအနေအထားတွင် အာဆင်နယ်သည် ဖီအိုရင်တီးနား၏ ဂျိုဗီတစ်နှင့် ဘိုရပ်ရှား ဒေါ့တ်မန်၏ လီဝင်ဒေါစကီးတို့ထံ အာရုံ ကျလာခဲ့ခြင်း ဖြစ်သည်။
 ဗန်ပါစီသည် ဇူလိုင်လ (၂၄)ရက်နေ့တွင် အာဆင်နယ်အသင်း အာရှ ခြေစမ်းပွဲ ခရီးစဉ် မထွက်ခွာမီ အသင်းမှ ပြောင်းရွှေ့ဖြစ်ပြီးဟု ယူဆနိုင်ရာ မန်နေဂျာ အာစင်ဝင်းဂါးသည် ၎င်း၏ နေရာအတွက် အခြား ထိပ်တန်း ပစ်မှတ် တစ်ဦးကို အချိန်မီ အစားထိုးရန် ရုန်းကန်ရမည် ဖြစ်သည်။ ဂျိုဗီတစ်သည် အာဆင်နယ်၏ ကာလရှည် ပစ်မှတ်ဖြစ်ပြီး လီဝင်ဒေါစကီးမှာ ပြီးခဲ့သည့် ဘောလုံးရာသီက ဘွန်းဒစ်လီဂါ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ လီဝင်ဒေါစကီးကို မန်ချက်စတာ ယူနိုက်တက်ကလည်း ချိတ်ဆက်လျှက် ရှိသည်။
ဗန်ပါစီသည် ဇူလိုင်လ (၂၄)ရက်နေ့တွင် အာဆင်နယ်အသင်း အာရှ ခြေစမ်းပွဲ ခရီးစဉ် မထွက်ခွာမီ အသင်းမှ ပြောင်းရွှေ့ဖြစ်ပြီးဟု ယူဆနိုင်ရာ မန်နေဂျာ အာစင်ဝင်းဂါးသည် ၎င်း၏ နေရာအတွက် အခြား ထိပ်တန်း ပစ်မှတ် တစ်ဦးကို အချိန်မီ အစားထိုးရန် ရုန်းကန်ရမည် ဖြစ်... အာဆင်နယ်သည် နွေရာသီ ဈေးကွက်အတွင်း တိုက်စစ်မှူး (၂)ဦးဖြစ်သည့် လူးကက်စ် ပိုဒေါ့စကီးနှင့် အိုလီဗာ ဂီရော့ဒ်တို့အား ခေါ်ယူပြီး ဖြစ်သည့်တိုင် ဗန်ပါစီ အသင်းမှ ထွက်ခွာပါက တိုက်စစ်ကဏ္ဍ အတွက် နောက်တစ်ကြိမ် ဈေးကွက်ထဲ ၀င်ရမည်ဖြစ်သည်။ Ref: Daily Mail
|