|
Written by Admin Team
|
|
Wednesday, 04 July 2012 15:27 |
|
အကယ်၍ ဂျူဗင်းတပ်စ် အသင်းတွင် မာရီယို ဘာလော့တယ်လီ လာကစားဖြစ်မည် ဆိုပါက မိမိ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဖြစ်ကြောင်း အင်ဒရီ ပီယာလိုက ပြောကြားလိုက်သည်။
သမ္ဘာရင့် အီတလီ လက်ရွေးစင် ကွင်းလယ် ကစားသမားကြီးက ဥရောပဖလားတွင် အတူတွဲ ကစားခဲ့သည့် မန်ချက်စတာ စီးတီး ရှေ့တန်းလူတွင် နုံချာသော စိတ်ဓာတ်ရေးရာ ရှိနေသည်ဆိုသော ဝေဖန်မှုများအား ငြင်းဆန်ခဲ့သည်။ ဂျူဗင်းတပ်စ် အသင်းသည် နွေရာသီတွင် အာဆင်နယ် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို အဓိက ပစ်မှတ်ထား ကြိုးစားမည်ဟု ယုံကြည်ရသော်လည်း ပီယာလိုက ဘာလော့တယ်လီကိုသာ ခေါ်ယူဖြစ်လျှင်လည်း မိမိအလွန် ကျေနပ်မိမည်ဟု ဖွင့်ဟ ပြောဆိုသွားခဲ့သည်။
 Sky Sport Italiaနှင့် အင်တာဗျူးတွင် ပီယာလိုက "ဘာလော့တယ်လီသာ တူရင်ကို ရောက်လာရင် ကျွန်တော် သေချာပေါက် ကြိုမှာပါ။ ကျွန်တော် သူ့အရည်အသွေးတွေကို လက်ရွေးစင် အသင်းမှာကတည်းက သဘောပေါက်ခဲ့ပြီးသား ဖြစ်ပါတယ်။ သူသာ ဂျူဗင်းတပ်စ်မှာ လာကစားရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဘာလော့တယ်လီဟာ လူငယ်ပီပီ သွေးဆူလွယ်တယ် ဆိုပေမယ့် လူတွေပြောနေသလို စိတ်ဓာတ် နိမ့်ကျသူ တစ်ယောက် မဟုတ်မှန်း ကျွန်တော် သိပါတယ်"ဟု ပြောကြားခဲ့သည်။
ဘာလော့တယ်လီသာ တူရင်ကို ရောက်လာရင် ကျွန်တော် သေချာပေါက် ကြိုမှာပါ။ ကျွန်တော် သူ့အရည်အသွေးတွေကို လက်ရွေးစင် အသင်းမှာကတည်းက သဘောပေါက်ခဲ့ပြီးသား ဖြစ်ပါတယ်။ သူသာ ဂျူဗင်းတပ်စ်မှာ လာကစားရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး... ပီယာလိုက အီတလီသည် (၂၀၁၄) ကမ္ဘာ့ဖလားတွင် ယခုလက်ရှိထက် ပိုမို အင်အားတောင့်တင်းနေရန် မျှော်လင့်ကြောင်းလည်း ဆိုသည်။ "ဘရာဇီးလ်မှာ သွားကစားတဲ့အခါ ဒီထက် အင်အားပိုကောင်းဖို့ လိုလည်းလိုတယ်လေ။ နည်းပြ ဆီဇာရီ ပရင်ဒယ်လီက တစ်ခုခု ပိုပြီး သစ်လွင်ထူးခြားတာ လုပ်ပြနိုင်မှာပါ။ တကယ်လို့ သူသာ အီတလီကနေ ထွက်သွားရင်တော့ တော်တော် တုန်လှုပ်စရာ ဖြစ်လာနိုင်ပါတယ်" ဟု ပီယာလိုက မှတ်ချက်ပြုသွားသည်။ Ref: Goal
|