|
Written by Admin Team
|
|
Wednesday, 04 July 2012 15:02 |
|
တော့တင်ဟမ် ဟော့စပါး အသင်းသည် ၎င်းတို့၏ မန်နေဂျာသစ် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် အနေဖြင့် အသင်းကို စိတ်တိုင်းကျ ပြုပြင်တည်ဆောက်မှုများ ပြုလုပ်နိုင်ရန် ငွေကြေး အလုံးအရင်း သုံးစွဲခွင့် ပြုသွားမည်ဟု သိရသည်။
ချယ်လ်ဆီးအသင်း မန်နေဂျာဟောင်း ဘိုအာ့စ်သည် ယခုအခါ စပါးအသင်း၏ မန်နေဂျာ ရာထူးကို တရားဝင် လက်ခံ ရယူခဲ့ပြီး ဖြစ်သည်။ ဘိုအာ့စ်သည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ပေါင်စတာလင် သန်း(၄၀)မျှ သုံးစွဲခွင့် ရမည်ဟု သတင်းများက ဖော်ပြလျှက် ရှိသည်။ အကယ်၍ လူကာမိုဒရစ်က မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် တစ်သင်းသင်းထံ ရောက်ရှိသွားပြီး အသင်းမှ တိုက်စစ်မှူး ဂျာမိန်းဒီဖိုးနှင့် ရာဖေးလ် ဗန်ဒါဗတ်တို့ပါ ထွက်ခွာသွားပါက ထပ်မံရရှိလာသော ပြောင်းရွှေ့ကြေးများကြောင့် ပေါင်စတာလင် သန်း(၁၀၀)ထိ ဘိုအာ့စ်အတွက် လှည့်ပတ် သုံးစွဲခွင့် ရလာဖွယ် ရှိနေသည်။
လတ်တလောတွင် စပါးသည် အေဂျက်စ် အမ်စတာဒမ် ခံစစ်မှူး ဂျန်ဗာတိုဂန်ကို အပြီးသတ် ခေါ်ယူနိုင်ရန် သေချာသလောက် ရှိနေပြီဖြစ်သည်။ ထို့အပြင် ပေါ်တိုကွင်းလယ်လူ ဂျိုအိုမော်တင်ဟို၊ ချယ်လ်ဆီး တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျနှင့် အင်တာနေစီယွန်နယ်လ် ကွင်းလယ်တိုက်စစ်သမား အော်စကာတို့အား ချိတ်ဆက်လျှက် ရှိနေသည်။ ထို့အပြင် စပါးသည် ပြီးခဲ့သည့် ရာသီက ဆွမ်ဆီးတွင် အငှားလာကစားပြီး ခြေစွမ်းပြခဲ့သည့် ဟော်ဖန်ဟိုင်း ကွင်းလယ်လူ ဂိုင်လ်ဖီ ဆီဂါ့ဒ်ဆန်ကိုလည်း ငွေကြေးသုံးစွဲ ခေါ်ယူဖွယ် ရှိနေသည်။
လူကာမိုဒရစ်က မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် တစ်သင်းသင်းထံ ရောက်ရှိသွားပြီး အသင်းမှ တိုက်စစ်မှူး ဂျာမိန်းဒီဖိုးနှင့် ရာဖေးလ် ဗန်ဒါဗတ်တို့ပါ ထွက်ခွာသွားပါက ထပ်မံရရှိလာသော ပြောင်းရွှေ့ကြေးများကြောင့် ပေါင်စတာလင် သန်း(၁၀၀)ထိ ဘိုအာ့စ်အတွက် လှည့်ပတ် သုံးစွဲခွင့် ရလာဖွယ် ရှိနေ... ဘိုအာ့စ်သည် စာချုပ်ပါ အချက်အလက်များအရ ပရီးမီးယားလိဂ်သို့ ပြန်လည် ခြေချလျှင် ချယ်လ်ဆီးက ပေးချေရန် ကျန်ရှိသည့် ပေါင်စတာလင် (၁၁)သန်းကိုပါ စွန့်လွှတ်ရန် သဘောတူညီပြီး စပါးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဘိုအာ့စ်၏ စာချုပ်တွင် ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် စွမ်းဆောင်နိုင်ပါက ဆုကြေး ပေါင်စတာလင် (၅)သိန်း၊ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပါက ဆုကြေး ပေါင်စတာလင် (၁.၅)သန်း ခံစားခွင့်ရှိမည်ဟု ထည့်သွင်း ချုပ်ဆိုထားကြောင်း သိရှိရသည်။ Ref: The Sun
|