|
Written by လင်းဝေဦး
|
|
Wednesday, 04 July 2012 01:38 |
|

ဟိုးအဝေး ကျန်ခဲ့တဲ့ ကောင်းကင်ကြီးထဲမှာ ငါတို့ရဲ့ တောက်ပခဲ့တဲ့ အတိတ်တွေ ရှိခဲ့ဖူးတယ်...
လောကဓံက အောင်မြင်သူကို ပိုရိုက်ခတ်တာ ထုံးစံပဲ... ငါတို့လဲ ဘာထူးလဲ.. လူထဲက လူသားတွေပဲ... ဒီဒဏ်ကို ကျောကော့အောင် ခံခဲ့ ရဖူးတာပေါ့... မထင်မှတ်လောက်အောင် ကျဆင်းခဲ့တဲ့ မျက်ရည်တွေ ပုလဲ ထုတ်တဲ့ကမာ ကတောင် အရှုံးပေးရလောက်တယ်... ထုသားပေသားကျသွားတယ်ပဲပြောရမလားပဲ... အချိန်တန်ရင် ငါတို့တွေအကုန်လုံး.. မျိုးချစ်စိတ် မီးထထတောက်တယ်... မှန်တာပြောရင်... ရင်ကွဲ ခံပြီး အားပေးတဲ့ ဒီလိုပရိသတ်တွေပါ... မတူညီတဲ့ ဒေသတွေ ဖြစ်ချင်ဖြစ်မယ်... မတူညီတဲ့ ပညာအရည်အချင်းတွေ ရှိချင်ရှိမယ်.. မတူညီတဲ့ အလုပ်အကိုင်တွေရှိမယ်.. ဒါပေမယ့် မြန်မာဟေ့ဆိုတာနဲ့ နှီးရာ ဝါးရင်းတုတ် လှမ်းဆွဲတဲ့ ဗီဇတွေရှိတယ်... ဒီလိုလူမျိုးတွေပါ... အိပ်မက်ကို ပြန်အသက်သွင်း ဖို့ကြိုးစားတဲ့အခါ ငါတို့ရဲ့ခမ်းနားတဲ့ အတိတ်ကို ပြန်တူးဖော်တဲ့အခါ ငါတို့ဟာ မင်းတို့အတွက်ေ၇တစ်ခွက် ဖြစ်ချင်မှဖြစ်မယ်... ဒါပေမယ့် မင်းတို့အောင်မြင်မှုတစ်ခုဟာ ငါတို့ အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ချိုမြိန်မှုတစ်ခုလဲဖြစ်တယ်.. နိုးထဖို့သင့်နေပြီ... နိုးထဖို့သင့်နေပြီ... အချိန်တန်ရင် ကွင်းထဲမှာ နေပူမရှောင် မိုးရွာမရှောင် လည်ပင်းတွေကွဲမတတ်...အသံတွေဝဲဆွဲကုန်တဲ့ သန်း ၆၀သော ပြည်သူတွေရဲ့ကိုယ်စား ငါတို့တွေရှိတယ်... ကြိုးစားရင် ကြိုးစားသလို အားပေးထောက်ပံ့မယ့် မင်းတို့ရဲ့လူကြီးတွေရှိတယ်... ကဲ ဘာလိုသေးလဲကွာ... ဘုံအိပ်မက်တူမှတော့ ဝါစိမ်းနီ အလံအောက်မှာ... အစွမ်းကုန် လျှမ်းလျှမ်းတောက် ထွန်းတောက်ကြမယ်...
(ဒီကဗျာက မြန်မာအသင်း ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ပွဲတွေအပြီး ဂုဏ်ပြုရေးတဲ့ကဗျာပါ... ကျွန်တော် တတ်နိုင်သလောက်လေး မြန်မာကစားသမားတွေကို အားဖြည့်ပေးတာပါ...)
တိုးတိုးလေး ပြောကြတယ် သူတို့တွေ ပြန်လာကြပြီတဲ့...
တကယ်တော့... ခဏတာ အမှောင်ဖုံးခြင်းလို့ပဲယူဆပါရစေ... အခုတော့ရောင်နီတွေ လက်လက်ထလို့ ငါတို့အနာဂတ် ဒီမှာ အစပြုမယ်... ဒီ june က သမိုင်းဝင် june ပဲ... ငါ့တစ်သက် ဒီလိုနေ့ရက် တွေ့မှ တွေ့ပါမလားတောင် ထင်ခဲ့မိတာ... မထင်တာကို ပြောင်းပြန်လုပ်နိုင်တာ အဲဒါ မြန်မာပဲ... ပွဲမတိုင်ခင် အချင်းချင်းလေတိုက်ပွဲဆင်နွှဲ နောက်ဆုံးတော့လဲ အမိုးတစ်ခုတည်းအောက်မှာ အားလုံးခိုဝင်ကြတယ်... အဲဒါ ဝါ.................. စိမ်း................... နီ ဘယ်သူကြောင့်မှ မဟုတ်ဘူး... နဂို တည်းက ရှိနေတဲ့ ဦးအောင်ဇေယျ ဗီဇက... မြန်မာပွဲ ရှိနေတဲ့အချိန်မှာ ထထပေါ်တယ်... ကြည့်နေတဲ့ မျက်လုံးပေါင်း ထောင်သောင်းမကရှေ့မှာ မြန်မာ ကစားသမားတွေ ကစားတာ အားလုံးရဲ့ရင်ကို လောင်နေတဲ့မီးတွေ ထိုင်ငြိမ်းနေသလိုပဲ... ငါတို့ဒီလိုနေ့မျိုးကို စောင့်နေခဲ့တာပါ... ငါတို့ ဒီလိုနေ့မျိုးကို ကြုံချင်ခဲ့တာပါ... အာရှရဲ့ အိပ်ပျော်နေတဲ့ နဂါးကြီး... အခုတော့မျက်လုံးစဖွင့်ခဲ့ပြီလေ... လေတိုက်တိုင်း ငါတို့သတင်းတွေ မွှေးနေမှာပါ.. ပျံ့နေမှာပါ... စိတ်ချပါ... ဒီစင်မြင့်နဲ့ ငါတို့မစိမ်းပါဘူး... အချိန်တန်ရင် အခုရှိနေတဲ့ကောင်တွေ အကုန်ကန်ချ ငါတို့က ငါတို့နေရာ ပြန်ရောက်ရမယ်...။
(ဒီကဗျာကတော့ တောင်ကိုရီးယားကို သရေကျအပြီး မြန်မာအသင်းကို ထပ်ပြီး မချီးကျူးဘဲ မနေနိုင်တော့လို့ ထပ်ရေးလိုက်တာပါ... အခုနောက်ဆုံး အပုဒ်ကတော့ မြန်မာအသင်း မလေးရှားကို နောက်ဆုံးပွဲနိုင်အပြီး ခြေစစ်ပွဲအောင်မြင်သွားတဲ့ အချိန်ရေးထားတာပါ... ကျွန်တော်တို့ မျက်ရည်ကျခဲ့ကြပါတယ်.... မြန်မာဘောလုံးအသင်းရဲ့ အောင်မြင်မှုဟာ အတိတ်က ရွှေထီးဆောင်းခဲ့တုန်းက အချိန်နဲ့ယှဉ်ရင် သေးငယ်တယ်လို့ထင်ရပေမယ့် ကျွန်တော့်သက်တမ်း ကျွန်တော့် အသက်အရွယ်နဲ့ ယှဉ်ရင်တော့ အရမ်းကို ခမ်းနားလွန်းခဲ့ပါတယ်... အဲဒီအတွက်လဲ မြန်မာဘောလုံးအသင်းကို ကျေးဇူးတင်ပါတယ်... ဆက်ပြီးကြိုးစားကြသေးတာပေါ့.. ဒီထပ်ပိုပြီးလဲအောင် မြင်မှုတွေ ထပ်ရလာဦးမယ်လို့ ယုံကြည်ပါတယ်..)
ငါတို့ပြန်လာပြီ... ဒို့မြန်မာနိုင်ပြီ သီချင်းဖွင့် ဒီဂျူလိုင် မိုးရေစက်တွေအောက်မှာ နိုင်ငံတော်အလံ တစ်လူလူလွှင့်လို့ ငွါးငွါး စွင့်စွင့်နဲ့ ငါတို့ပြန်လာပြီ... မျက်ရည် အလိုလို ကျတယ်... ဒီမျက်ရည် ငါ့တစ်သက် ဝမ်းသာလွန်းလို့ ကျတဲ့ ပထမဆုံး ကျတဲ့ မျက်ရည်ပဲ... ငါတစ်ယောက်တည်းပဲလား... ဘယ်ဟုတ်ပါ့မလဲကွာ... ဘေးနား ရှေ့နား နောက်နား. ရှိသမျှနေရာတိုင်း ပီတိမျက်ရည် လွှမ်းတယ်... ဘာသောညာသော နားမလည်ဘူး... ဘာပြိုင်ဘက်ညာပြိုင်ဘက် နားမလည်ဘူး.. ဘယ်သူပါတယ် ဘယ်ဝါပါတယ်... နားမလည်ဘူး... ငါတို့သိတာ မြန်မာ တစ်ခုတည်း... ငါတို့ ညီနေသရွေ့ မိုးကိုဒူးနဲ့ တိုက်လို့ရတယ်... ဖြစ်သင့်တာ ကြာပြီဖြစ်တဲ့ အောင်မြင်မှုတစ်ခုကို နောက်ကျမှရတယ်... ဘာဖြစ်လဲ အနည်းဆုံးတော့ ငါတို့ကြိုးစားနေကြတာပဲ.. မိုးထိအောင် ပျံလိုက်ကြစမ်းပါကွာ... ကမ္ဘာဆိုတာ မင်းတို့ထင်သလောက် အကြီးကြီး မဟုတ်ပါဘူး... ငါတို့အိပ်မက်ချင်းထပ် တူခဲ့ကြပြန်ပြီနော်... ငါတို့ရေးမယ့် ငါတို့ သမိုင်းသစ်... ကန့်လန့်ကာ စဖွင့်မယ်.. အမှားကိုသင်ခန်းစာယူ.. အောင်မြင်မှုကိုခံစား... ဒီအချိန်ကစ ကမ္ဘာကို ငါတို့စိန်ခေါ်ပြီ.... ငါတို့လုပ်နိုင်ခဲ့ကြပြီ...။
လင်းဝေဦး
|