|
Written by Admin Team
|
|
Wednesday, 04 July 2012 01:00 |
|
၂၀၁၃ အာရှ ယူ-၂၂ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီ ဖြစ်သည့် မြန်မာ အသင်းသည် နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရန် လျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ နောက်ဆုံး အဆင့် ပြိုင်ပွဲအား မူလက ၂၀၁၃နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် လျာထားသတ်မှတ် ခဲ့သော်လည်း နောက်ပိုင်းတွင် အေအက်ဖ်စီက ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ထိုပြိုင်ပွဲအား လက်ခံ ကျင်းပရန် အတွက် အိမ်ရှင်နိုင်ငံအား ရွေးချယ်ထားခြင်း မရှိသေးသော်လည်း ထိုင်း၊ အိုမန် အစရှိသည့် နိုင်ငံများက လျှောက်ထား တောင်းခံထားပြီး ဖြစ်ကြောင်း သိရသည်။
အာရှ ဘောလုံးအဖွဲ့ချုပ် ကိုလည်း လှမ်းအကြောင်းကြား ပြီးပါပြီ။ လက်ရှိ တခြားနိုင်ငံ နှစ်ခုက လျှောက်ထားပြီး ဖြစ်နေတဲ့အတွက် ကျွန်တော့် ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ..."ကျွန်တော်တို့ အိမ်ရှင် လုပ်ခွင့်ရဖို့ အတွက် ကြိုးစား သွားမှာပါ။ အာရှ ဘောလုံးအဖွဲ့ချုပ် ကိုလည်း လှမ်းအကြောင်းကြား ပြီးပါပြီ။ လက်ရှိ တခြားနိုင်ငံ နှစ်ခုက လျှောက်ထားပြီး ဖြစ်နေတဲ့အတွက် ကျွန်တော့် ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ။ ပြိုင်ပွဲ ကျင်းပချိန်ဆို ကျွန်တော်တို့ ဆီမှာ ဆီးဂိမ်းစ် ပြီးဆုံးမယ့် အချိန် ဖြစ်တာကြောင့် အဆင့်မြင့် ဘောလုံးကွင်းတွေလည်း ရှိနေမှာပါ" ဟု ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က Soccer Myanmar သို့ ပြောကြားခဲ့သည်။
|