|
Written by Admin Team
|
|
Monday, 02 July 2012 10:17 |
|
ကမ္ဘာပေါ်တွင် အဓိက ပြိုင်ပွဲကြီး (၃)ခုဆက် ဗိုလ်စွဲနိုင်သည့် ပထမဆုံး လက်ရွေးစင် အသင်းဆိုသော ဂုဏ်ပုဒ်အား ပိုင်ဆိုင် လာပြီးနောက် စပိန် အသင်းကို ကွင်းလယ် ကစားသမား အန်းဒရက်စ် အင်နီယေစတာက ချီးကျူးလိုက်သည်။
ဘာစီလိုနာကြယ်ပွင့် အင်နီယေစတာသည် အီတလီကို ဥရောပ ဖလား ဗိုလ်လုပွဲတွင် (၄)ဂိုးပြတ် ချေမှုန်းရာ၌ စပိန်၏ အဓိက အကျဆုံး မောင်းနှင်အား တစ်ခု ဖြစ်ခဲ့သည်။ ၎င်းက ပဉ္စလက် ဆန်သော၊ တစ်ခုတည်းသော အောင်မြင်မှုသည် မည်သူမျှ နှိုင်းယှဉ်၍ မရနိုင်ဟု ကြွေးကြော်လိုက်သည်။ "အမှန်တရား တစ်ခုက အခုပွဲမှာ ကစားသွားတဲ့ ကစားသမား အားလုံးဟာ ထိပ်တန်းအဆင့် ခြေစွမ်းမှာ ရှိနေကြသူချည်းပဲ။ စပိန် ဘောလုံးအသင်းဟာ အကြီးကျယ်ဆုံး နှစ်အပိုင်းအခြား တစ်ခုမှာ ရှင်သန် နေထိုင်နေတာ ဖြစ်ပါတယ်။ စပိန်ဟာ ပြီးပြည့်စုံတဲ့ အသင်း တစ်ခုပါ။ ဒါကို ကျွန်တော်တို့ ဂုဏ်ယူတယ်" ဟု အင်နီယေစတာက ဆိုသည်။
 ၎င်းက ဆက်လက်၍ "ခုချိန်မှာ အောင်ပွဲကို ကျွန်တော်တို့ ချိုချိုမြိန်မြိန် ခံစားနေပါတယ်။ ဒါဟာ တစ်ခုတည်းသော နှိုင်းမရတဲ့ အောင်မြင်မှုမျိုးပါ။ ဒါဟာ ပဉ္စလက် ဆန်လွန်းပါတယ်။ နောက်တစ်ခါ ထပ်ပြီး ဖြစ်လာဖို့ စိတ်ကူးနိုင်စရာ မရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ခုလို အောင်ပွဲမျိုးဟာ ဘယ်လောက် ခမ်းနား ကြီးကျယ်တယ် ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မေ့နေမှာ မဟုတ်ဘူး" ဟုလည်း ပြောဆိုသွားသည်။ စပိန်သည် (၂၀၀၈)ခုနှစ်နှင့် (၂၀၁၂)ခုနှစ် ဥရောပ ဖလားများကို ရရှိခဲ့သလို (၂၀၁၀)ခုနှစ်တွင်လည်း ကမ္ဘာ့ ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
ခုချိန်မှာ အောင်ပွဲကို ကျွန်တော်တို့ ချိုချိုမြိန်မြိန် ခံစား နေပါတယ်။ ဒါဟာ တစ်ခုတည်းသော နှိုင်းမရတဲ့ အောင်မြင်မှုမျိုးပါ။ ဒါဟာ ပဉ္စလက် ဆန်လွန်းပါတယ်... အသင်းနည်းပြ ဗင်းဆင့် ဒယ်လ်ဘော့စကေးက "ပွဲကတော့ အပျံစားပါပဲ။ ကျွန်တော့် ကစားသမားတွေက ပွဲကို ထိန်းထားနိုင်ခဲ့ပါတယ်။ စပိန်ဘောလုံး လောကရဲ့ အောင်မြင်မှုက သမိုင်းဝင် ဖြစ်လာပါပြီ။ ခုချိန်ဟာ စပိန်ရဲ့ ကြီးမြတ်တဲ့ ခေတ်ပါပဲ။ ကျွန်တော်တို့ အနာဂတ်ကို မျှော်ကြည့် ရပါမယ်။ ခုချိန်မှာတော့ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်ဖို့ ကျွန်တော်တို့ ဦးတည်သွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသွားသည်။ Ref: The Sun
|