Sunday, 19 May 2013
Home Myanmar MFF AYA Futsal League Latest News MFF AYA Futsal Cup 2012 ကွာတားဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်လာ
MFF AYA Futsal Cup 2012 ကွာတားဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်လာ PDF Print E-mail
Written by Admin Team   
Friday, 29 June 2012 15:48
Share |

ဇွန်လ ၂၇ရက်နေ့နှင့် ၂၈ရက်နေ့ များတွင် ယှဉ်ပြိုင်ခဲ့သည့် MFF AYA Futsal Cup 2012 ရှုံးထွက်အဆင့် ပွဲစဉ်များ အပြီးတွင် ကွာတားဖိုင်နယ် တက်ရောက်သည့် အသင်းများ ပေါ်ထွက် လာခဲ့ပြီး ကွာတားဖိုင်နယ် ပွဲစဉ်များအား ဇူလိုင်လ ၁ရက်နေ့တွင် ဆက်လက် ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။


ကွာတားဖိုင်နယ် အဆင့်တွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် ACE အသင်းနှင့် Royal Land အသင်းတို့ ထိပ်တိုက် ဆုံတွေ့နေပြီး UPT အား အနိုင်ယူကာ ကွာတားတက်လာသည့် ရန်ကုန်စီးတီး အသင်းမှာ Best Friend နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အခြား ပွဲစဉ်များတွင် အလုံအက်ဖ်စီနှင့် Victoria University၊ မန္တလာ အက်ဖ်စီနှင့် Blue Tooth တို့ အသီးသီး ဆုံတွေ့လျက် ရှိသည်။

ရှုံးထွက်အဆင့် ပွဲစဉ်တစ်ပွဲ ဖြစ်သည့် UPT နှင့် ရန်ကုန်စီးတီးတို့ ပွဲစဉ်တွင် ပွဲချိန်အတွင်း ကစားသမားများ အချင်းချင်း အချင်းများကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သေးကြောင်း သိရကာ ထိုဖြစ်ရပ် အပြီး၌ တစ်ဖက် တစ်ဦးစီ အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သာမန် ပွဲကစားချိန် အတွင်း ၂-၂ သရေပွဲ ဖြစ်နေ၍ အချိန်ပို ဆက်လက် ကစားရာ ရန်ကုန် စီးတီး အသင်းက ၄-၃ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ကာ ကွာတားသို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖူဆယ် ပွဲစဉ်များအား သုဝဏ္ဏ အားကစားရုံ (၁)တွင် ယှဉ်ပြိုင် ကစားလျက်ရှိကာ ကွင်းဝင်ကြေး အဖြစ် တစ်ဦးလျင် ၅၀၀ကျပ် ကောက်ခံကြောင်း သိရသည်။

ရှုံးထွက်အဆင့် ရလဒ်များ

အလုံအက်ဖ်စီ ၈-၅ ရွှေသီဟ
Victoria University ၅-၄ Big Blue
ACE ၁၉-၁ မျိုးချစ်လူငယ်
Royal Land ၆-၃ ဒိုက်ဦးလူငယ်
UPT ၃-၄ ရန်ကုန်စီးတီး (အချိန်ပိုတွင် အနိုင်ရသည်)
BTT ၁-၃ Best Friend
မန္တလာ အက်ဖ်စီ ၄-၁ 41 မဟာ
ဂျိုကာအက်ဖ်စီ ၃-၈ Blue Tooth

ကွာတားဖိုင်နယ် ပွဲစဉ်များ

အလုံအက်ဖ်စီ Vs Victoria University
ACE Vs Royal Land
ရန်ကုန်စီးတီး Vs Best Friend
မန္တလာ အက်ဖ်စီ Vs Blue Tooth

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.