Thursday, 23 May 2013
Home World Others အခြား သတင်းများ ချေဖျက် မရနိုင်သေးတဲ့ အိပ်မက်ဆိုးထဲက အင်္ဂလန် အမြတ် ထုတ်နိုင်မလား

ချေဖျက် မရနိုင်သေးတဲ့ အိပ်မက်ဆိုးထဲက အင်္ဂလန် အမြတ် ထုတ်နိုင်မလား PDF Print E-mail
Written by လူလူမင်း   
Friday, 29 June 2012 12:14
Share |

ယူရို ၂၀၁၂ ကွာတား ဖိုင်နယ် အဆင့်မှာပဲ အင်္ဂလန်ရဲ့ ပြိုင်ပွဲက အဆုံးသတ် သွားပြန်ပါပြီ။ ပြင်သစ်၊ အင်္ဂလန်နဲ့ အီတလီတို့ဟာ နာမည်သာ ကျန်တော့တဲ့ ဥရောပ ဘောလုံး လောကရဲ့ အထည်ကြီးပျက်တွေ ဆိုတာ တကယ် ဖြစ်နေပြီလားလို့ မေးခွန်း ထုတ်စရာပါ။ အထူးသဖြင့် ပြင်သစ်နဲ့ အီတလီဟာ မကြာသေးမီက အဓိက ပြိုင်ပွဲတွေမှာ ဆုဖလားတွေ ရခဲ့ကြပြီး အင်္ဂလန်ကတော့ ကွာတားပြန် အင်္ဂလန် ဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန် နေပါတယ်။ အင်္ဂလန် ဘောလုံးမှာ တော်လှန်ရေး တစ်ရပ် အမှန်တကယ် လိုအပ် နေပြီလား ဆိုတာ အလေးအနက်ထား စဉ်းစား ရတော့မှာပါ။ အခု အချိန်ရောက်မှ ရွိုင်းဟော့ဆန်ကို ရွေးချယ်ခဲ့တာ အမှား တစ်ခုလားလို့ မေးနေဖို့ မလိုတော့ပါဘူး။ အစဉ်အလာ အတိုင်း အဓိက  ပြိုင်ပွဲရှိပြီ ဆိုရင် အင်္ဂလန်မှာ ပြဿနာ တစ်ခု အမြဲ ကြုံရပါတယ်။


အင်္ဂလန်ဟာ ရှုံးထွက် အဆင့်မှာ အမြဲတမ်း လိုလို အရေး နိမ့်ခဲ့ရတဲ့ အတွက် ဒီအန္တရာယ်ဆိုးက လွတ်မြောက်အောင် နောက်ထပ် နည်းလမ်း တစ်ခုကို ရှာဖွေဖို့ လိုအပ်နေပါပြီ။ (၂၀၀၄)ဘရာဇီး ကမ္ဘာ့ဖလားပွဲ အထိ စာချုပ်ထားတဲ့ ရွိုင်းဟော့ဆန်ကို တရားခံ ရှာလို့ မရနိုင်ပါဘူး။ အင်္ဂလိပ် အက်ဖ်အေဟာ ရှေးရိုးစွဲဆန်တဲ့ ကွန်ဆာဗေးတစ်တွေ ဖြစ်နေတယ်။ ဒီလို အနေအထားက အစ ပြုပြင်ရမယ့် အခြေအနေလည်း ရှိနေတယ်။ ဒါကြောင့် လာမယ့် ကမ္ဘာ့ဖလားပွဲ အတွက် အင်္ဂလန်ဟာ အဘက်ဘက်က ပြုပြင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။



အင်္ဂလန်ရဲ့ ပင်နယ်တီ ကျိန်စာ

ပြိုင်ပွဲစဖို့ ခေါင်း၊ ပန်းလှန်ချိန်ကနေ အက်ရှ်လေကိုးရဲ့ ပင်နယ်တီ ကန်ချက် ဘူဖွန် ဖမ်းမိသွားတဲ့ အထိ ပရိသတ်တွေ အားလုံးကြည့်ပြီး၊ သိပြီး ဖြစ်ကြမှာပါ။ အင်္ဂလန် အသင်း ထိုက်ထိုက်တန်တန် ရှုံးခဲ့တာလို့ သုံးသပ်ကြပါတယ်။ အီတလီဟာ အင်္ဂလန်လိုပဲ အထည်ကြီး ပျက် ဆိုပေမယ့် ကစားသမား တစ်ဦးချင်း စွမ်းရည်၊ ကစားကွက်၊ အချိတ်အဆက်၊ တိုက်စစ်ဆင်မှု၊ ဘောလုံး ပိုင်ဆိုင်မှု ထိန်းပြီး ပြိုင်ပွဲကို ကြီးစိုး ထားနိုင်မှု၊ အဘက်ဘက်မှာ သာလွန်ပါတယ်။ အင်္ဂလန်တို့ အခွင့်အရေး ဖန်တီးနိုင်ပေမယ့် ထိရောက်တဲ့ အဆုံးသတ်မှု မရရှိလို့ အခွင့်အရေးကောင်းတွေ ဆုံးရှုံး ခဲ့တာလည်း တွေ့ရမှာပါ။ နည်းပြ ရွိုင်းဟော့ဆန်ကလည်း အီတလီလို အသင်းကို ရင်ဆိုင်ဖို့ ပင်နယ်တီ လေ့ကျင့် ခိုင်းထားတယ် ဆိုတဲ့ သူ့ရဲ့ ဦးဆောင်မှုက မန်နေဂျာ အရည်အသွေးကို ပြသနေသလို ဖြစ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် အင်္ဂလန်ဟာ (၁၉၉၀)ပြည့်နှစ်က စပြီး ပင်နယ်တီ အကြောက်လွန် ရောဂါစွဲကပ် လာပါတယ်။ ဒါကြောင့် စိတ်ဓာတ်ရေးရာ အရ အစွဲအလမ်းကြီးတဲ့ ဒီဝေဒနာဟာ သေရာပါမယ့် ရောဂါလို့တောင် ဝေဖန် ခံနေရပါတယ်။

တကယ်တော့ မိနစ်(၁၂၀)အတွင်းမှာပဲ ပြတ်သားတဲ့ အဖြေ တစ်ခုကို ရယူ သင့်ခဲ့တာပါ။ ဒါပေမဲ့ ခြေင်္သေ့သုံးကောင် တပ်ဖွဲ့ထက် အဇူရီတွေက ပိုပြီး ခြေစွမ်း သာခဲ့တယ်။ ရွိုင်းဟော့ဆန် အသင်းသားတွေရဲ့ အသက် ၀ိဥာဉ်ကို ထုတ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်။ အကြိမ်ကြိမ်လည်း ရှုံးလုလု ဖြစ်ခဲ့တယ်။ ရွိုင်းဟော့ဆန်ဟာ မန်နေဂျာ အဖြစ် ခန့်အပ် ခံရကတည်းက ဝေဖန်သူတွေ၊ သူ့ရဲ့ အရည်အချင်းအပေါ် သံသယ ၀င်သူတွေ ရှိခဲ့ပါတယ်။ အသင်းရဲ့ ကစားသမား(၂၃)ဦး စာရင်းကို ရွေးချယ်ရာမှာလည်း လီဗာပူးလ် အသင်းသားတွေ များနေတယ်ဆိုတဲ့ အသံထွက်ခဲ့တယ်။ နောက်ဆုံး အီတလီန့ ပင်နယ်တီ အဆုံးအဖြတ် ယူဖို့ လူရွေးရာမှာလည်း ထပ်ပြီး မှားခဲ့တယ်လို့ ဝေဖန်ခံရပြန်တယ်။

ဂလင်းဂျွန်ဆင်ရဲ့ ကြိုးပမ်းမှုကို ဂိုးသမား ဘူဖွန်က စည်းပေါ်ကနေ ကာကွယ်နိုင်ခဲ့တာ၊ ဘာလော့တယ်လီရဲ့ ကန်ချက်ကို ဂျွန်တယ်ရီ ပိတ်ဆို့နိုင်ခဲ့တာတွေ သဲထဲရေသွန် ဖြစ်ခဲ့ပါပြီ။ နှစ်သင်းစလုံးရဲ့ ကြိုးပမ်းမှုတွေကို နောက်ဆုံး ပင်နယ်တီနဲ့ အဆုံးအဖြတ် ယူခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်စေ နောက်ဆုံးကောက်ချက်ကတော့ အင်္ဂလန် ရှုံးထိုက်ပါတယ်။ တစ်ပွဲလုံး အနေအထားကို ခြုံသုံးသပ်ရင်  ဒီခြေစွမ်းမျိုးနဲ့ ဆီမီးဖိုင်နယ်မှာ ဂျာမနီကို ရင်ဆိုင်တဲ့ အခါ ပိုပြီး အရှက်ကွဲစရာ မြင်ကွင်းတွေနဲ့ အဖတ်ဆယ် မရအောင် ဖြစ်နိုင်တယ်လို့တောင် သုံးသပ်သူတွေ ရှိခဲ့ပါတယ်။

အင်္ဂလန်ရဲ့ လူစွမ်းကောင်း(၄)ယောက်
လက်ရှိ ကစားသွားတဲ့ အင်္ဂလန် အသင်းမှာ တကယ်တမ်း ပြောရရင် လက်ရွေးစင် အဆင့်ဟာ(၄)ယောက်ပဲ ပါတယ်။ ဂျိုးဟတ်၊ ဂျရတ်၊ တယ်ရီနဲ့ ပါကားတို့ပါ။ ကျန်တဲ့သူတွေကို ပြောရရင် မန်နေဂျာက အစ ၀ိန်းရွန်းနီ အဆုံး ဒီပြိုင်ပွဲမှာ သိပ်အသုံး မတည့်ပါဘူး။ ရွိုင်ဟော့ဆန်ရဲ့ အရည်အသွေးဟာ အင်္ဂလန်နဲ့ အံမ၀င်သေးဘူးလို့ ထောက်ပြကြပါတယ်။ တိုက်စစ်မှူး ရွန်းနီကလည်း ပထမနှစ်ပွဲ အပယ် ခံရပြီး ပြိုင်ပွဲနဲ့ အဆတ်ပြတ်ခဲ့တဲ့ အားနည်းချက်ဟာ တကယ့်ပြိုင်ပွဲမှာ သိသာ ခဲ့ပါတယ်။ သူပြန်ကစားနိုင်ပြီး ယူကရိန်းနဲ့ ပွဲမှာ အနိုင်ဂိုး သွင်းခဲ့ပေမယ့် ဘယ်လို ဂိုးရခဲ့တယ် ဆိုတာ အားလုံး မှတ်မိကြမှာပါ။ ဒါကြောင့် အင်္ဂလန်ဟာ အနှေးနဲ့ အမြန် ပြည်တော်ပြန်ဖို့ သေချာနေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ဒီခြေစွမ်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတောင် အောင်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိနေကြပါတယ်။ ပွဲချိန်ပြည့် ကစားရာမှာ ပြိုင်ဘက်ရဲ့ ဂိုးသွင်းမှုတွေကို ဟန့်တားဖို့ ဂိုးစည်းပေါ်မှာ ကိုယ်လုံးကို လှဲချပြီး ကာကွယ်ပြရုံ၊ ပြိုင်ဘက်ရဲ့ ခြေထောက်ထဲ ခေါင်းထိုးခံရဲတဲ့ သတ္တိရှိရုံနဲ့ အင်္ဂလန် အောင်ပွဲခံရဖို့ မလုံလောက်တော့ဘူး ဆိုတာ မြင်သာလာပြီ ဖြစ်ပါတယ်။

(၁၉၉၀) ကမ္ဘာ့ ဖလားက စပြီး ပင်နယ်တီ တစ္ဆေခြောက်ခံနေရတဲ့ အင်္ဂလန်ကို ကုစားဖို့ ပြုပြင်ပြောင်းလဲရေး တကယ် လိုအပ်နေပါပြီ။ အုပ်စု(ဃ)မှာ ပထမ ဖြစ်ခဲ့တာ ကံကောင်းခဲ့လို့ပါ။ အခုတော့ ကိဗ်မြို့မှာ အင်္ဂလန်ဟာ အိပ်မက်က လန့်နိုး လာခဲ့ပြန်ပါပြီ။ ရွိုင်းဟော့ဆန် အနေနဲ့ ဘာတွေ မှားခဲ့တယ်။ ဘာတွေ ပြင်ရမယ် ဆိုတာ မြင်နိုင်လောက်ပါပြီ။ တကယ်တော့ သူတာဝန် မယူခင်ကတည်းက အင်္ဂလန်ဟာ ပြဿနာတွေနဲ့ပါ။ အခုတော့ သူ့မှာ ဆုံးဖြတ်နိုင်စွမ်း ရှိရှိနဲ့ အသင်းကို ကိုင်တွယ် ရပါလိမ့်မယ်။ နည်းပြအဖြစ် မိုးကျရွှေကိုယ် ဘ၀နဲ့ ရောက်လာတဲ့ ဟော့ဆန်ကို တရားခံလို့ အပြစ်မတင်သင့်ပါဘူး။ သူ့မှာ ရှိတဲ့အချိန်၊ လူငယ် အင်အား၊ ရွေးချယ်ခွင့်တွေ အများကြီး အားနည်းခဲ့ပါတယ်။ ဒီလို အနေအထားမျိုးနဲ့ အင်္ဂလန်ကို ထူးခြားလာအောင် စွမ်းဆောင်နိုင်စရာ မမြင်ပါဘူး။ ဒါကြောင့်လည်း အင်္ဂလန်ရဲ့ အနာဂတ် အသစ် တစ်ခုကို ထုဆစ်ဖို့ အခုမှ တကယ့်အလုပ် စတင် ရမှာပါ။

ထုဆစ်ရမယ့် အနာဂတ် တစ်ခု
(၂၀၁၄)ဘရာဇီး ကမ္ဘာ့ဖလားပွဲ အတွက် ပြင်ဆင်ဖို့ (၂)နှစ် အချိန်ရပါတယ်။ ဒါဟာ ဟော့ဆန်ကိုယ်တိုင် အစအဆုံး ကိုင်တွယ်ရမယ့် စိန်ခေါ်မှု အသစ်ပါ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲဟာ လာမယ့် စက်တင်ဘာလ(၇)ရက်မှာ မော်လ်ဒိုက်ကို အဝေးကွင်း ကစားဖို့ သွားရင်းနဲ့ စတင်ပါလိမ့်မယ်။ အဲ့ဒီနောက်(၄)ရက် အကြာမှာ ယူရို ၂၀၁၂ ရှုံးကြွေးကို ဆပ်မယ့် ယူကရိန်းက ၀င်ဘလေကွင်း အထိလာပြီး စိန်ခေါ် ပါလိမ့်မယ်။ ဟော့ဆန်အတွက် ခြေတစ်လှမ်း ကုဋေတစ်သန်းနဲ့ သွားရမယ့် ခရီး မဟုတ်ပါဘူး။ ချိန်ဘာလိန်လို(၁၈)နှစ်သားကို ပြုစု ပျိုးထောင်နေဖို့ အချိန် မရပါဘူး။ အင်္ဂလန်ရဲ့ ကျန်ရှိနေတဲ့ ရွှေရောင်မျိုးဆက်တွေထဲက ထိုက်တန်သူတွေကို အမှန်ကန်ဆုံးနဲ့ အမြန်ဆုံး ရွေးပြီး ရသမျှ အချိန် အတွင်းမှာ ပူးတွဲ လေ့ကျင့်မှုတွေနဲ့ အသားကျအောင် ပြန်လည်ပျိုးထောင်ရမှာ ဖြစ်ပါတယ်။

ရွှေရောင်မျိုးဆက် လက်ကျန်တွေမှာ အရည်အသွေး ရှိပါတယ်။ အတွေ့အကြုံ ပြည့်စုံပါတယ်။ သူတို့ဟာ အင်္ဂလန်အတွက် အိပ်မက်အကြီးကြီး ပေးခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။ သူတို့ကိုယ်တိုင် အိပ်မက်ထဲမှာ ကျဆုံးရသူတွေ၊ ခံစားရသူတွေ ဖြစ်ခဲ့ကြတယ်။ တချို့ဆို လက်ရွေးစင် အသင်းက စွန့်ခွာကုန်ကြပါပြီ။ ဒီမျိုးဆက်ဟာ အသက်(၃၀)၀န်းကျင် ကစားသမားတွေပါ။ သူတို့ရဲ့ နောက်ဆုံး ခွန်အားနဲ့ ပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံ၊ အရည်အသွေးတွေကို အင်္ဂလန် အတွက်  ပြန်လည် ပေးဆပ်သင့်ပါတယ်။

ဒီအခြေအနေကို ဖန်တီးဖို့ အပြောင်းအလဲ တစ်ခု(သို့) အင်္ဂလန်ဲ့ ဘောလုံး တော်လှန်းရေး လိုအပ်နေပါပြီ။ အမေရိကန် သမ္မတ အိုဘားမား အတွက်သာ မက အင်္ဂလန် မန်နေဂျာ ဟော့ဆန် အတွက်လည်း Change လိုအပ်ပါတယ်။ လမ်းပတ်က(၃၄)၊ ဂျရတ်က (၃၂)၊ အက်ရှလေကိုးလ်၊ ဘယ်ရီ၊ ဂျွန်တယ်ရီ၊ စတော့ပါကား အားလုံး(၃၁)နှစ် အသီးသီး ဖြစ်ပါတယ်။ တကယ်တော့ အင်္ဂလန် အတွက် ကျေးဇူး တင်စွာနဲ့ နှုတ်ဆက်ပါတယ် ဆိုတဲ့ စကားပြောရမယ့် အချိန်ကျနေပါပြီ။ ဒါကြောင့် အင်္ဂလန်မှာ လေတန်ဘိန်းစ်၊ ဂယ်ရီကာဟေး၊ ဖီးဂျုံးစ်၊ ခရစ္စမောလင်း၊ ဂျက်ဝီလ်ရှီးယားတို့ကို သီယိုဝဲလ်ကော့၊ ရွန်းနီ၊ ဂျိုးဟတ်၊ လက်စတော့၊  ဒန်နီဝဲလ်ဘက်တို့နဲ့ တွဲဖက်ပြီး နောက်ထပ်မီကာရစ်ချက်၊ ကာရစ်တို့လို အတွေ့အကြုံရှိသူတွေနဲ့ ၀န်းရံဖို့ လိုအပ်နေပြီလို့ သုံးသပ်ကြပါတယ်။

အင်္ဂလန်ဟာ ဘယ်လောက်ကောင်းခဲ့သလဲ ဆိုတာ အဖြေပေးပြီးသားပါ။ ရွှေရည်မျိုးဆက် ဘာမှ မထက်မြက်ခဲ့ဘူး ဆိုတာ မျက်မြင်ပါ။ အင်္ဂလန်ရဲ့ ဘောလုံး တော်လှန်းရေး အလှမ်းအဝေးတော့ဘူးလို့ ဆိုနိုင်ပါတယ်။ အင်္ဂလန်ဘောလုံးနဲ့ ပတ်သတ်တဲ့ သူတွေ အားလုံး အခုတော့ အိပ်မက်ဆိုးက လန့်နိုး လာကြပါပြီ။ အိပ်မက်ဆိုးကပဲ နိုးနိုး၊ နှစ်ခြိုက်စွာ အိပ်စက်နေရာကပဲ နိုးနိုး၊ အိပ်ရာက နိုးချိန်မှာ အင်္ဂလန် ဘောလုံး အနာဂတ်ရဲ့ သင်းပျံ့တဲ့ ကော်ဖီ အနံ့လေးက အိပ်ရာနိုးသူတွေ အတွက် နှုတ်ဆက်နေလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ။

မှတ်ချက်။   ။ SM Journal Vol.1 No.36 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.