|
Written by Admin Team
|
|
Friday, 29 June 2012 09:49 |
|
ဘာစီလိုနာ အသင်းသည် ဗလန်စီယာ ဘယ်တောင်ပံ ခံစစ်မှူး ဂျော်ဒီအယ်လ်ဘာကို ခေါ်ယူရန် သဘော တူညီမှု ရရှိသွားပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။
ဘာစီလိုနာသည် လက်ရှိ ဥရောပ ဖလား ဗိုလ်လုပွဲရောက် စပိန် အသင်းတွင် ဦးစားပေး ဘယ်နောက်ခံလူ အဖြစ် ကစားနေသော အသက်(၂၃)နှစ်ရှိ အယ်လ်ဘာအား ကာလရှည်ကြာ ချိတ်ဆက်နေခဲ့သည်။ ယခုအခါ ဘာစီလိုနာသည် အယ်လ်ဘာကို ယူရို (၁၄)သန်း ၀န်းကျင်ဖြင့် ၀ယ်ယူသွားရန် ဗလန်စီယာနှင့် သဘော တူညီမှု ရရှိ သွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အယ်လ်ဘာသည် အသင်းနှင့် ဆေးစစ်မှု ပြုလုပ်ပြီးပါက နူးကမ့်တွင် (၅)နှစ် ကစားရန် စာချုပ်ကို လက်မှတ် ရေးထိုးဖွယ် ရှိနေသည်။
 ကာတာလန်ရှိ အယ်လ် ဟော့စပစ်တာလတ်တွင် မွေးဖွားသော အယ်လ်ဘာသည် ဘာစီလိုနာ အသင်း၏ နာမည်ကျော် လာမာဆီယာ လူငယ် အကယ်ဒမီတွင် (၁၉၉၈)မှ (၂၀၀၅)ခုနှစ်ထိ ဘောလုံးပညာများ သင်ယူခဲ့သည်။ ထို့နောက် ၎င်းသည် အဆင့်နိမ့် ဘောလုံး ကလပ်ငယ် တစ်ခုဖြစ်သော ကော်နယ်လာတွင် (၂)နှစ်မျှ သွားကစားခဲ့ပြီး (၂၀၀၇)နှစ်ကျမှ ဗလန်စီယာနှင့် စာချုပ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အယ်လ်ဘာသည် အစောပိုင်းတွင် ဗလန်စီယာ အရန်အသင်းတွင် ကစားရသော်လည်း နောက်ပိုင်းတွင် အသင်းကြီးသို့ ခေါ်ယူခံရပြီး (၃)ရာသီအတွင်း အမှတ်ပေးပွဲ (၇၄)ပွဲ ကစားခွင့် ရလာကာ စုစုပေါင်း (၅)ဂိုး သွင်းယူ နိုင်ခဲ့သည်။ အယ်လ်ဘာကို ခေါ်ယူမှုသည် ယခု နွေရာသီ ဘာစီလိုနာ အသင်း၏ ပထမဆုံး အဓိက စာချုပ် ခေါ်ယူမှု ဖြစ်လာမည်ဟုလည်း သတင်းများက ဆိုသည်။ အယ်လ်ဘာသည် အသင်းနှင့် ဆေးစစ်မှု ပြုလုပ်ပြီးပါက နူးကမ့်တွင် (၅)နှစ် ကစားရန် စာချုပ်ကို လက်မှတ် ရေးထိုးဖွယ် ရှိနေ... Ref: Irish Times
|
|
Last Updated on Friday, 29 June 2012 10:26 |