|
Written by Admin Team
|
|
Wednesday, 27 June 2012 12:28 |
|
အန်ဒရီဗီးလက်စ် ဘိုအာ့စ်သည် တော့တင်ဟမ် ဟော့စပါးအသင်း၏ မန်နေဂျာ ရာထူးကို ရယူနိုင်ရန် ရာခိုင်နှုန်း များပြားနေကြောင်း သိရှိရသည်။
စပါး အသင်းသည် ပြင်သစ် လက်ရွေးစင် နည်းပြ လောရင့်ဘလန့်ကို ဆက်သွယ် ခဲ့သေးသော်လည်း ယခုအခါ ပေါ်တူဂီသား ဘိုအာ့စ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်နောက် ဘိုအာ့စ်ကို နှစ်သက် သဘော ကျနေကြောင်း သတင်းများက ဆိုသည်။ အသက်(၃၄)နှစ်ရှိ ချယ်လ်ဆီး မန်နေဂျာဟောင်း အနေဖြင့် နောက်ထပ် လန်ဒန်ကလပ် အသင်း တစ်ခုကို ဦးဆောင်ခွင့် ရမည်ဟု ယုံကြည်ချက် မြင့်မား လာခဲ့ကြောင်း သိရှိရသည်။ Daily Mailက ဘိုအာ့စ်သည် စပါးနှင့် စာချုပ်ကိစ္စကို နောက်ဆုံးအဆင့် စတင် လုပ်ဆောင်နေပြီဟု ယုံကြည် ရကြောင်း ဖော်ပြသွားသည်။
 စပါး အသင်းသည် ဇူလိုင်လ (၁)ရက်နေ့တွင် မန်နေဂျာဟောင်း ဟယ်ရီရက်နပ် နေရာကို ဆက်ခံမည့် သူအား ကြေညာဖွယ် ရှိနေသည်။ ဘိုအာ့စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ မစတင်မီက ပေါ်တိုအသင်းမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ လာပြီးနောက် အောင်မြင်မှု မရဘဲ ရာသီဝက်တွင် အသင်းမှ ထွက်ခွာခဲ့ရသည်။ ၎င်းနေရာကို ဆက်ခံသည့် ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုသည် ချယ်လ်ဆီးအား ရာသီ သိမ်းချိန်တွင် FAဖလားနှင့် ချန်ပီယံလိဂ် ဆုဖလားတို့အား ဆွတ်ခူး ရယူပေးနိုင်ခဲ့သည်။ စပါးအသင်းသည် ပြင်သစ် လက်ရွေးစင် နည်းပြ လောရင့်ဘလန့်ကို ဆက်သွယ်ခဲ့သေးသော်လည်း ယခုအခါ ပေါ်တူဂီသား ဘိုအာ့စ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်နောက် ဘိုအာ့စ်ကို နှစ်သက် သဘောကျနေ... Ref: Daily Mail
|