|
Written by Admin Team
|
|
Monday, 25 June 2012 09:56 |
|
မန်ချက်စတာစီးတီး အသင်းသည် နွေရာသီတွင် တိုက်စစ် ကစားသမားကောင်း နှစ်ဦးအတွက် ပေါင်စတာလင် သန်း(၈၀)ထိ ဈေးပေး ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။
အက်သလက်တီကို မက်ဒရစ်၏ ရာဒါမယ်လ် ဖယ်လ်ကာအိုနှင့် နာပိုလီ၏ အီဒီဆန် ကာဗာနီတို့ နှစ်ဦးသည် မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီ၏ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ကစားသမား နှစ်ဦးလုံးအား သက်ဆိုင်ရာ ကလပ်အသင်းများက တန်ကြေး ပေါင်စတာလင် သန်း(၄၀)စီမျှ သတ်မှတ်ထားသော်လည်း မန်စီးတီးက လိုအပ်လျှင် ယင်းဈေးနှုန်းကို ပေးချေရန် တွန့်ဆုတ်နေဖွယ် မရှိဟု သတင်းများက ဖော်ပြခဲ့သည်။ ကိုလံဘီယာ လက်ရွေးစင် ဖယ်လ်ကာအိုနှင့် ဥရုဂွေး လက်ရွေးစင် ကာဗာနီတို့ နှစ်ဦးလုံးအား ချယ်လ်ဆီးကလည်း စိတ်ဝင်စားနေသည်။
 မန်စီးတီးသည် နွေရာသီတွင် တိုက်စစ်ကဏ္ဍကို ကြီးကြီးမားမား ပြောင်းလဲဖွယ် ရှိနေပြီး ကားလို့စ်တီဗက်ဇ်၊ အီဒင်ဂျက်ကို၊ အီမန်နျူရယ်လ် အဒီဘာယောနှင့် ရောကွေးဆန်တာခရုဇ်တို့အား ရောင်းထုတ်ရန် စီစဉ်ထားသည်။ မန်စီးတီးသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သော အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီကိုလည်း မျက်စိကျနေရာ ရီးယဲလ်အသင်းထံ တီဗက်ဇ်အား ရောင်းချပြီး ဗန်ပါစီနှင့် အစားထိုးရန် ကြိုးပမ်းလာဖွယ် ရှိနေသည်။ ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုသည် အာဂျင်တီးနား လက်ရွေးစင် တီဗက်ဇ်အား နှစ်သက် သဘောကျလျှက် ရှိနေပြီး မန်စီးတီးထံ ပေါင်စတာလင် (၂၅)သန်းမျှဖြင့် အဆိုပြု ကမ်းလှမ်းလာနိုင်ကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။ ကစားသမား နှစ်ဦးလုံးအား သက်ဆိုင်ရာ ကလပ်အသင်းများက တန်ကြေး ပေါင်စတာလင် သန်း(၄၀)စီမျှ သတ်မှတ်ထားသော်လည်း မန်စီးတီးက လိုအပ်လျှင် ယင်းဈေးနှုန်းကို ပေးချေရန် တွန့်ဆုတ်နေဖွယ် မရှိ... Ref: Caught Offside
|