|
Written by Admin Team
|
|
Tuesday, 19 June 2012 14:27 |
|
ခရိုအေးရှားနှင့် ပွဲတွင် စပိန်အသင်း အနေဖြင့် ရုန်းကန် နေခဲ့ရပြီး ယင်းသည် စိတ်လှုပ်ရှား နေမှုကြောင့် အိုင်ကာ ကားဆီးလက်စ်က ဖွင့်ဟ ပြောကြားခဲ့သည်။
စပိန်သည် နောက်ဆုံး မိနစ်ပိုင်းတွင် ဂျီးဆက်စ်နာဗက်စ် သွင်းယူသော ဂိုးကြောင့် ခရိုအေးရှားကို ရလဒ် ကျဉ်းမြောင်းစွာ အနိုင်ရပြီး အုပ်စု(C)တွင် ပထမနေရာ ရယူကာ ဥရောပ ဖလား ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်သွားသည်။ စပိန်အသင်း ခေါင်းဆောင်နှင့် ရီးယဲလ်မက်ဒရစ် ဂိုးသမား ကားဆီးလက်စ်က မိမိတို့သည် ခြေစွမ်းပိုင်း အသာ ရသော်လည်း စိုးရိမ်မှုကြောင့် ဖိအား ၀င်နေခဲ့ကြောင်း ၀န်ခံခဲ့သည်။ ကားဆီးလက်စ်က အသင်း၏ နောက်တစ်ဆင့် တက်မှုအပေါ် ပျော်ရွှင်မိသော်လည်း စပိန်သည် ဖိအားများနှင့် ပိုမိုအကျွမ်းတ၀င် ရှိနေရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
 ကားဆီးလက်စ်က "ကျွန်တော်တို့ဟာ ထိခိုက် နာကျင်နေတဲ့ ကာလတွေ ရှိကောင်း ရှိနေမယ်။ ဒါပေမဲ့ အဲဒါကို သာမန်လို သဘော ထားနိုင်ရမယ်။ ဘယ်အသင်းမဆို စပိန်နဲ့ ကစားရင် (၁၀၀)ရာခိုင်နှုန်း အားစိုက်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး ပြီးမြောက်စေပြီး အခွင့်အလမ်းတွေ ဖန်တီးဖို့ လိုတယ်" ဟု ပြောဆိုခဲ့သည်။ ကားဆီးလက်စ်သည် ခရိုအေးရှား ကစားသမား အိုင်ဗန် ရာကီတစ်၏ အနီးကပ် ခေါင်းတိုက်ချက်ကို ကာကွယ်နိုင်ခဲ့ခြင်းကြောင့် စပိန်တို့ ဂိုးမပေးခဲ့ရချေ။
ကျွန်တော်တို့ဟာ ထိခိုက် နာကျင်နေတဲ့ ကာလတွေ ရှိကောင်း ရှိနေမယ်။ ဒါပေမဲ့ အဲဒါကို သာမန်လို သဘော ထားနိုင်ရမယ်။ ဘယ်အသင်းမဆို စပိန်နဲ့ ကစားရင် (၁၀၀)ရာခိုင်နှုန်း အားစိုက်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး ပြီးမြောက်စေပြီး အခွင့်အလမ်းတွေ ဖန်တီးဖို့ လိုတယ်... ယင်းနှင့် ပတ်သက်ပြီး အသက်(၃၀)အရွယ် ဂိုးသမားက "ကံကောင်း ထောက်မစွာနဲ့ပဲ ကျွန်တော် ဘောလုံးဆီ ပြေးရင်း နေရာယူ မှန်နေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ် လိုက်နိုင်တာပါ။ ကျွန်တော် အဲဒီညက အကောင်းဆုံး အနေအထား ရှိနေခဲ့တယ် ထင်ပါတယ်။ ပွဲအပြီးမှာလည်း ကွင်းထဲက ပျော်ပျော်ရွှင်ရွှင် ပြန်ထွက် လာနိုင်ခဲ့တယ်" ဟု ပြောဆိုသွားသည်။ Ref: Goal
|