Friday, 24 May 2013
Home World Euro 2012 နောက်ဆုံးသတင်းများ စပိန်နှင့် အီတလီတို့ ကွာတား တက်သွားသည့် အုပ်စု (C)

စပိန်နှင့် အီတလီတို့ ကွာတား တက်သွားသည့် အုပ်စု (C) PDF Print E-mail
Written by Admin Team   
Tuesday, 19 June 2012 09:29
Share |

ဥရောပ ဖလား အုပ်စု(C) ပွဲစဉ်များ ပြီးဆုံးပြီးနောက် ကြိုတင် မျှော်မှန်းထားသည့် အတိုင်း လက်ရှိချန်ပီယံ စပိန်နှင့် နာမည်ကျော် အီတလီ အသင်းတို့ပင် ကွာတား ဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိ သွားခဲ့သည်။


စပိန် ၁ - ၀ ခရိုအေးရှား
စပိန်အသင်းသည် ဖာနန်ဒိုတောရက်စ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ဒေးဗစ်ဆေးလ်ဗား၊ ရှာဘီအလွန်ဆို၊ ရှာဗီ ဟာနန်ဒက်ဇ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ဆာဂျီယိုရာမို့စ်၊ ဂျရတ်ပီကေး အစရှိသည့် အမာခံ ကစားသမားများကို ပွဲထုတ် ယှဉ်ပြိုင်ခဲ့သည်။ ခရိုအေးရှား အသင်းတွင်မူ မာရီယို မန်ဇူကစ်၊ ဒန်နီဂျယ်လ် ပရန်ဂျစ်၊ လူကာ မိုဒရစ်၊ ဒါရီဂျို ဆာနာ၊ အိုင်ဗန် စထရီနစ်၊ ဗက်ဒရန် ကော်လူကာ အစရှိသည့် ကစားသမားများ ပါဝင်လာကြသည်။


စပိန်သည် ယခုပွဲတွင် အကောင်းဆုံး စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့သည့်တိုင် ၎င်းတို့၏ ဟန်အတိုင်း ဘောလုံးပိုင်ဆိုင်မှု အသားပေးကာ ခရိုအေးရှားကို ထိုးဖောက်ရန် ကြိုးစားခဲ့ပြီး တစ်ပွဲလုံး အတိုင်းအတာဖြင့် ဘောလုံးပိုင်ဆိုင်မှု (၇၁.၉)ရာခိုင်နှုန်းထိ ရှိခဲ့သည်။ (၂၁)မိနစ်တွင် ထောင့်ကျဉ်း အနေအထားမှ တောရက်စ် လှမ်းကန်သော ဘောလုံးကို ခရိုအေးရှား ဂိုးသမား စတိုက် ပလယ်တီကိုဆာ ပိတ်ဆို့နိုင်ခဲ့သည်။ (၂၃)မိနစ်တွင် စပိန်နောက်ခံလူ ပီကေး (၂၅)ကိုက် အကွာမှ လှမ်းကန်သော ဘောလုံး ဂိုးဘားတန်းပေါ် ကျော်သွားသည်။ (၂၆)မိနစ်တွင် ပရန်ဂျစ် အားထုတ်မှုကို စပိန်ဂိုးသမား အိုင်ကာ ကားဆီးလက်စ် ဒိုင်ဗင်ထိုး ကာကွယ်သွားသည်။ (၂၆)မိနစ်တွင် ဧရိယာအတွင်း မန်ဇူကစ်အား ရာမို့စ် ခပ်ကြမ်းကြမ်း တားဆီးသော်လည်း ဒိုင်က ပင်နယ်တီ မပေးခဲ့ချေ။ ပထမပိုင်းတွင် နှစ်သင်းလုံး ဂိုးမသွင်းနိုင်ဘဲ သရေဖြစ်နေခဲ့သည်။

ဒုတိယပိုင်းတွင်လည်း စပိန်ကပင် ကစားကွက် အသာစီးဖြင့် ဦးဆောင်ကစားပြီး ခရိုအေးရှားက တန်ပြန်တိုက်စစ် ချောင်းကစားနေခဲ့သည်။ (၅၉)မိနစ်တွင် ခရိုအေးရှား ကွင်းလယ်လူ အိုင်ဗန် ရာကီတစ် ခေါင်းတိုက်ချက်ကို ကားဆီးလက်စ် ပုတ်ထုတ်ခဲ့ပြီး ပြန်ထွက်လာသည်ကို ရာကီတစ် ပိတ်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ (၇၉)မိနစ်တွင် ခရိုအေးရှားမှ လူစားဝင် ကစားသမား အိုင်ဗန် ပါရီဆစ် အဝေးမှ လှမ်းကန်သော ဘောလုံးအား ကားဆီးလက်စ် တားဆီးခဲ့သည်။ (၈၃)မိနစ်တွင် အင်နီယေစတာ လှမ်းကန်သော ဘောလုံးကို ပလယ်တီကိုဆာ ပုတ်ထုတ်ခဲ့ရသည်။ ယင်းမှ ရရှိလာသော ထောင့်ကန်ဘောကို ရှာဗီ ကန်တင်ရာ လူစားဝင် ကစားသမား ဂျီးဆက်စ် နာဗက်စ်နှင့်အပြိုင်လုပြီး ပလယ်တီကိုဆာ ရှင်းထုတ်ခဲ့ရပြန်သည်။ (၈၆)မိနစ်တွင် ကော်လူကာအား ဘက်ရှ်ကွက်စ်က ဧရိယာအတွင်း အဖျက်ကြမ်းခဲ့သော်လည်း ဒိုင်က ထောင့်ကန်ဘောသာ သတ်မှတ်ပေးခဲ့သည်။

(၈၈)မိနစ်တွင် စပိန်အသင်း ဂိုးရသွားသည်။ လူစားဝင်လာသည့် ဆက်စ် ဖာဘရီဂက်စ် အသာအယာ ကလော်ပေးလိုက်သော ဘောလုံးသည် ခရိုအေးရှား ခံစစ်မှူးကို ကျော်ကာ အင်နီယေစတာထံ ကျသွားပြီး ၎င်းက အချိန်မဆိုင်းဘဲ ဂိုးရှေ့သို့ ပြန်ချိုးပေးလိုက်ရာ နာဗက်စ်က လူမရှိသော ဂိုးပေါက်ထဲ လွတ်လွတ်ကျွတ်ကျွတ် ဆွဲယူ ဂိုးသွင်းခဲ့သည်။ ထိုဂိုးသည် စပိန်၏ နားလည်မှု မြင့်မားသော အချိတ်အဆက်ကြောင့် လှလှပပ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပွဲအပြီးတွင် ခရိုအေးရှားသည် တစ်လုံးတည်းသော ဂိုးဖြင့် အရေးနိမ့်ပြီး အုပ်စုတက်ရေး မျှော်လင့်ချက်များ ပျက်စီး ပျောက်ကွယ် သွားခဲ့သည်။

အီတလီ ၂ - ၀ အိုင်ယာလန်

အီတလီ အသင်းသည် ယခုပွဲတွင် အုပ်စုတွင်း ပထမဆုံး နိုင်ပွဲကို ရယူပြီးနောက် ကွာတားဖိုင်နယ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ အီတလီတွင် အန်တိုနီယို ကာဆာနို၊ အန်တိုနီယို ဒီနာတယ်လီ၊ ဒန်နီရယ်လ် ဒီရော့ဆီ၊ အင်ဒရီ ပီယာလို၊ သီယာဂို မော့တာ၊ ကလော်ဒီယို မာချီစီယို၊ ဂျော်ဂျီယို ချီလီယေနီ အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။ အိုင်ယာလန်တွင်မူ ရော်ဘီကိန်း၊ ကီဗင်ဒွိုင်းလ်၊ ဒါမီယန်ဒပ်ဖ်၊ ကိသ် အင်ဒရူးစ်၊ ရှောင်စိန့်လက်ဂျာ၊ ရစ်ချတ်ဒန်း အစရှိသည့် ကစားသမားများ ပွဲထွက်လာသည်။


(၂၈)မိနစ်တွင် ကာဆာနို ဖြတ်ပို့သည့် ဘောလုံးကို ဒီနာတယ်လီ ပိတ်သွင်းသော်လည်း အိုင်ယာလန် ခံစစ်မှူး ဒန်းက ကာကွယ်သွားသည်။ မိနစ်(၃၀)တွင် ဒီနာတယ်လီအား စိန့်လက်ဂျာက ပိတ်ဆို့ရင်း လဲကျသွားသဖြင့် အီတလီက ပင်နယ်တီ တောင်းဆိုသော်လည်း ဒိုင်က မျက်ကွယ်ပြုခဲ့သည်။ (၃၅)မိနစ်တွင် အီတလီတို့ ဦးဆောင်ဂိုး စတင်ရရှိသည်။ ပီယာလို ကန်တင်ပေးလိုက်သည့် ထောင့်ကန်ဘောကို ကာဆာနိုက အမြင့်ခုန်ကာ အဝေးတိုင်ထောင့်ထဲ ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ ပထမပိုင်း အပြီးတွင် အဆိုပါဂိုးဖြင့် အီတလီတို့ ပွဲကို ဦးဆောင်သည်။

ဒီယာမန်တီ ကန်တင်ပေးသော ထောင့်ကန်ဘောအား ဘာလော့တယ်လီက တိကျအားပါသော အမြောက် Volleyကန်ချက်ဖြင့် လှမ်းကန်ရာ ဂစ်ဗင်း မည်သို့မျှ မတားဆီးနိုင်ဘဲ ဂိုးပေးလိုက်ရ...
ဒုတိယပိုင်း ပြန်စပြီး မိနစ်(၅၀)တွင် ကာဆာနို၏ ထိုးဖောက်မှုကို ဒန်းက ပိတ်ဆို့တားဆီးနိုင်ခဲ့သည်။ (၅၄)မိနစ်တွင် ကာဆာနိုနှင့် အချိတ်အဆက် ကစားပြီး ဒီနာတယ်လီ ဂိုးသွင်းရန် ကြိုးစားသော်လည်း ထိချက်ပျော့သဖြင့် အိုင်ယာလန် ဂိုးသမား ရှေးဂစ်ဗင်းကို မခြိမ်းခြောက်နိုင်ခဲ့ပေ။ မိနစ်(၆၀)တွင် အိုင်ယာလန် အလယ်တန်းလူ အင်ဒရူးစ် အဝေးမှ လှမ်းကန်သော်လည်း ဂိုးသမား ဂီယန်လူဂီဘူဖွန်ထံ တည့်တည့် ရောက်သွားသည်။ (၈၉)မိနစ်တွင် အိုင်ယာလန်မှ အင်ဒရူးစ် အနီကတ်ထိသဖြင့် အီတလီတို့ လူတစ်ဦး အသာရခဲ့သည်။ တစ်ဖက်တွင်လည်း စပိန်က အနိုင်ဂိုး သွင်းသဖြင့် အီတလီတို့ ကွာတားဖိုင်နယ် တက်ရောက်ရန် သေချာနေပြီဖြစ်သည်။ မိနစ်(၉၀)တွင် အီတလီ၏ လူစားဝင် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီက လှပသော ကန်ချက်ဖြင့် ဒုတိယဂိုး သွင်းယူသွားသည်။ အလက်ဇန္ဒရို ဒီယာမန်တီ ကန်တင်ပေးသော ထောင့်ကန်ဘောအား ဘာလော့တယ်လီက တိကျအားပါသော အမြောက် Volleyကန်ချက်ဖြင့် လှမ်းကန်ရာ ဂစ်ဗင်း မည်သို့မျှ မတားဆီးနိုင်ဘဲ ဂိုးပေးလိုက်ရခြင်း ဖြစ်သည်။ ယခုပွဲ အနိုင်ရလဒ်ကြောင့် အီတလီသည် အုပ်စုဒုတိယ နေရာဖြင့် ကွာတားဖိုင်နယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
Ref: Eurosport

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.