|
Written by Admin Team
|
|
Monday, 18 June 2012 15:02 |
|
သတင်းများ ထွက်ပေါ် နေသည့်အတိုင်း အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်ကို တော့တင်ဟမ် ဟော့စပါးအသင်း မန်နေဂျာ ရာထူး ခန့်အပ်ခြင်း အပေါ် မလိုလားကြောင်း အသင်းမှ ကစားသမားများက ဆန္ဒပြနေကြောင်း သိရသည်။
လန်ဒန်ကလပ် စပါးသည် ဟယ်ရီရက်နပ်ကို မန်နေဂျာ ရာထူးမှ ထုတ်ပယ်ပြီးနောက် မန်နေဂျာသစ် တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သည်။ ချယ်လ်ဆီး မန်နေဂျာဟောင်း ပေါ်တူဂီသား ဘိုအာ့စ်သည် ၀ှိုက်ဟတ်လိန်းသို့ ရောက်ရှိမည်ဟု သတင်းကြီးနေသော်လည်း ယင်းကို ကစားသမား အများအပြားက မနှစ်မြို့ကြဟုလည်း သိရသည်။ အသက်(၃၄)နှစ်ရှိ ဘိုအာ့စ်သည် ပေါ်တိုတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း ချယ်လ်ဆီးတွင် ရုန်းကန်ခဲ့ရပြီး ဘောလုံးရာသီ တစ်ဝက်မျှသာ ကိုင်တွယ် စီမံခွင့် ရခဲ့သည်။
 စပါးအသင်း ကစားသမား အများအပြားသည် ၎င်းတို့ ချစ်ခင်လေးစားသည့် ရက်နပ်အား အသင်းက ရုတ်တရက် ထုတ်ပယ်လိုက်ခြင်းအပေါ် မပျော်မရွှင် ဖြစ်နေပြီး ဘိုအာ့စ်ကို မန်နေဂျာ ခန့်အပ်မည် ဆိုသည့်အခါ ပွင့်ပွင့်လင်းလင်း ဆန့်ကျင်လာကြောင်း သတင်းများက ဆိုသည်။ အသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် လူငယ် မန်နေဂျာ တစ်ဦးကို ခန့်အပ်ရန် အလိုရှိနေသော်လည်း ယခုအခါ အ၀တ် လဲခန်းတွင်း ပြဿနာများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အပေါ် အလေးထား စဉ်းစားနေရပြီ ဖြစ်သည်။
စပါးအသင်း ကစားသမား အများအပြားသည် ၎င်းတို့ ချစ်ခင်လေးစားသည့် ရက်နပ်အား အသင်းက ရုတ်တရက် ထုတ်ပယ်လိုက်ခြင်းအပေါ် မပျော်မရွှင် ဖြစ်နေပြီး ဘိုအာ့စ်ကို မန်နေဂျာ ခန့်အပ်မည် ဆိုသည့်အခါ ပွင့်ပွင့်လင်းလင်း ဆန့်ကျင်လာ... စပါးသည် ၀ီဂန်အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်နှင့် ပြင်သစ် လက်ရွေးစင်အသင်း နည်းပြ လောရင့် ဘလန့်တို့ကိုလည်း ချိန်ရွယ်နေသည်။ မာတီနက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ နှောင်းပိုင်းက ၀ီဂန်ကို မျက်လုံးပြူးလောက်ဖွယ် စွမ်းဆောင်မှုကောင်းများ ရရှိအောင် ဦးဆောင်နိုင်ခဲ့သလို ဘလန့် ကိုင်တွင်နေသည့် ပြင်သစ်မှာလည်း (၂၃)ပွဲဆက် ရှုံးပွဲမရှိသေးကြောင်း သိရှိရသည်။ Ref: The Sun
|