Tuesday, 21 May 2013
Home Features Exclusive Interviews မြန်မာ့ဘောလုံး အတွက် အရေးကြီးသော ကာလဟု ဆိုသည့် ဦးသန်းတိုးအောင်နှင့် အင်တာဗျူး
မြန်မာ့ဘောလုံး အတွက် အရေးကြီးသော ကာလဟု ဆိုသည့် ဦးသန်းတိုးအောင်နှင့် အင်တာဗျူး PDF Print E-mail
Written by ရဲမင်းဝင်း   
Friday, 15 June 2012 22:14
Share |

လာမယ့် ဇွန်လ ၂၃ရက်နေ့ ဆိုရင် ရန်ကုန်မှာ ကျင်းပတော့မယ် အာရှ ယူ-၂၂ ဘောလုံး ခြေစစ်ပွဲ ပွဲစဉ်တွေ အတွက် ယူ-၂၂ အသင်းဟာ ပြင်ဆင်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်လျက် ရှိပါတယ်။ တောင်ကိုရီးယားမှာ ၃ပတ်ကြာ သွားရောက် လေ့ကျင့်ခဲ့တဲ့ အပြင် အခုလည်း ထိုင်း၊ မော်လ်ဒိုက်တို့နဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင် ကစားဖို့အတွက် ဘန်ကောက်ကို ရောက်နေပါတယ်။ ဒီပြိုင်ပွဲမှာ ယူ-၂၂ အသင်း ခြေစွမ်းပြနိုင် မပြနိုင် ဆိုတာနဲ့ မြန်မာ့ဘောလုံး လောကမှာ ကစားသမား ကောင်းတွေ လျော့နည်းသွားရခြင်း အပေါ် ယူ-၂၂ အသင်းရဲ့ မန်နေဂျာသစ် တစ်ဦးဖြစ်တဲ့ လက်ရွေးစင် ကစားသမားဟောင်း ဦးသန်းတိုးအောင်နဲ့ ခဏတာ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ရာ...


မေး - ဆရာက ဒီယူ-၂၂ အသင်းကို ၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲအထိ မန်နေဂျာ အဖြစ် ကိုင်တွယ်မယ်လို့ သိရပါတယ်။ ယူ-၂၂ အသင်း တစ်ခုတည်းကိုပဲ တာဝန်ယူမှာလား။ ဒါမှမဟုတ် စက်တင်ဘာလမှာ ၀င်ပြိုင်ရဖို့ရှိတဲ့ ဆူဇူကီး ပြိုင်ပွဲဝင်မယ့် လက်ရွေးစင် အသင်းကိုလည်း ကိုင်တွယ် ဦးမှာလား။

ဖြေ - လက်ရွေးစင် အသင်းကိုတော့ ကိုင်တွယ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်က ၀န်ကြီးဌာနမှာ လုပ်ငန်း တာဝန်တွေ ရှိနေသေးတာကြောင့် ဒီပြိုင်ပွဲ ပြီးတဲ့ အချိန်မှာ ဌာနကို ပြန်ရမှာပါ။ အသင်းကလည်း ခြေစစ်ပွဲပြီးရင် ခဏဖြုတ်ထားမှာ ဆိုတော့ အဲဒီအချိန်မှာ ဌာနကိုပြန်ပြီး တာဝန် ထမ်းဆောင်ပါမယ်။ ဒီအသင်း ပြိုင်ပွဲတွေ ရှိလို့ ပြန်ဖွဲ့တဲ့ အခါကျရင်တော့ ဒီတာဝန်ကို ပြန်ယူမှာပါ။

မေး - မြန်မာအသင်းက အုပ်စုတွင်းမှာ ပြိုင်ဘက် ကောင်းတွေနဲ့ ကျနေတယ် ဆရာ။ မြန်မာအသင်း အနေနဲ့ ခြေစစ်ပွဲ အောင်ဖို့ အခွင့်အလမ်း ရှိပါ့မလား။

ဖြေ - အခွင့်အလမ်းက ရှိနေပါတယ်။ အဓိက ပြိုင်ရမှာ မလေးရှားနဲ့ ဗီယက်နမ်ပါ။ ဗီယက်နမ်ကို ကျွန်တော်တို့ ဆီးဂိမ်းစ်မှာ နိုင်ခဲ့တယ်။ အခု မြန်မာ ယူ-၂၂ အသင်းမှာလည်း ဆီးဂိမ်းစ် အသင်းက ကစားသမား (၅)ယောက်လောက် ပြန်ပါလာတယ် ဆိုတော့ ဗီယက်နမ်ကို ကောင်းကောင်း ယှဉ်နိုင်မှာပါ။ မလေးရှားကလည်း အဝေးကွင်းမှာ ကစားပုံ ပျော့ပါတယ်။ တိုင်ပေကိုတော့ အကြိတ်အနယ် ကစားရနိုင်တယ်။ ကိုရီးယာကိုသာ သရေလောက် ကစားနိုင်ခဲ့ရင် ကျွန်တော်တို့အတွက် တော်တော်လေး အခြေအနေ ကောင်းသွားပြီ။ အဖွင့်ပွဲဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ပွဲကလည်း အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို ဂိုးများများနဲ့ အနိုင်ရ လိုက်ရင် နောက်ပွဲတွေ အတွက် ပရိသတ်ရော၊ ကစားသမားတွေပါ အများကြီး အားတက်သွားမယ်။

မေး - မြန်မာ ယူ-၂၂ အသင်းသာ ခြေစစ်ပွဲ မအောင်ခဲ့ရင် ဘာတွေ ဖြစ်လာနိုင်မလဲ။

ဖြေ - ခြေစစ်ပွဲ မအောင်လည်း အရမ်းကြီး အပြောင်းအလဲ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ အခုဝင်ပြိုင်မယ့် အာရှ ခြေစစ်ပွဲနဲ့ လာမယ့် ၂၀၁၃ ဆီးဂိမ်းစ် ပွဲတွေမှာသာ အောင်မြင်မှု ရခဲ့မယ်ဆိုရင် မြန်မာ့ဘောလုံး လောကအတွက် ကောင်းတဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ ပရိသတ်တွေ ပြန်ရောက်လာမယ်။ MNL ပွဲတွေမှာ လူပြန်စည် လာလိမ့်မယ်။ အခုကာလက မြန်မာ့ဘောလုံး အတွက် အရေးကြီးတဲ့ ကာလကို ရောက်နေတယ်လို့ ဆိုရမှာပေါ့။


မေး - တစ်ချို့ ကစားသမား တွေက ကလပ်အသင်းက ခြေစွမ်းကို လက်ရွေးစင် အသင်းဆီ ယူမလာ နိုင်ကြဘူး။ အဲဒါ ဘာကြောင့်လဲ ဆရာ။

ဖြေ - ကစားသမား တစ်ယောက် လက်ရွေးစင် အသင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ကလပ်ပွဲတွေမှာသာ ခြေစွမ်းပြနိုင်တယ် ဆိုတာက သူ့ရဲ့ ခံယူချက်နဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ဆို ငယ်ငယ်က လက်ရွေးစင် ဖြစ်ချင်လွန်းလို့ အရမ်း ကြိုးစားခဲ့တာ။ ဖြစ်လာတဲ့ အချိန်မှာလည်း ကိုယ်နဲ့ ခြေစွမ်း မကွာတဲ့ သူတွေအကြားမှာ နေရာ ပုံမှန်ရဖို့ အတွက် ပွဲတိုင်းမှာ ခြေစွမ်းပြ နိုင်အောင် အားထည့် ကစားခဲ့တယ်။ တခြား အခြေအနေတွေနဲ့ မသက်ဆိုင် ဘူးလို့ ထင်ပါတယ်။

အခုဝင်ပြိုင်မယ့် အာရှ ခြေစစ်ပွဲနဲ့ လာမယ့် ၂၀၁၃ ဆီးဂိမ်းစ် ပွဲတွေမှာသာ အောင်မြင်မှု ရခဲ့မယ်ဆိုရင် မြန်မာ့ဘောလုံး လောကအတွက် ကောင်းတဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ ပရိသတ်တွေ ပြန်ရောက်လာမယ်...မေး - လက်ရွေးစင်တွေ အကြောင်းပဲ ဆက်မေးချင်ပါတယ် ဆရာ။ ပတ်က မြန်မာ ကစားသမားတွေ အခြေခံ နည်းတယ်လို့ပဲ ပြောနေတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ။

ဖြေ -  အခြေခံ နည်းတယ်ဆိုတဲ့ နေရာမှာ ပွဲများများ ကစားဖူးတာ နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော့်အသက် ၁၆နှစ်လောက်မှာ ဒိုင်လူကြီးနဲ့ ပွဲပေါင်း (၁၀၀)လောက် ကစားပြီးနေပြီ။ ဒိုင်လူကြီးနဲ့ ပြောတာနော်။ နောက်သက်တမ်းမှန် လက်ရွေးစင် ဖြစ်လာတယ်။ လက်ရွေးစင် ဖြစ်လာတော့လည်း သက်တမ်းလိုက် အသင်းတွေနဲ့ ပွဲတွေ အများကြီး ကစားခဲ့တယ်။ အဲဒီတော့ အသက် (၂၅)လောက် ရောက်တော့ လက်ရွေးစင် အသင်းမှာ ဒေါင်ဒေါင်မြည် ကစားနိုင်တဲ့ အပြင် ကစားသမား တစ်ယောက်အတွက် အရမ်းလိုအပ်တဲ့ ပွဲအတွေ့အကြုံလည်း အများကြီး ရှိနေပြီလေ။ အခု ဘောလုံးသမားတွေက ကျွန်တော်တို့ ငယ်ငယ်ကလောက် ပွဲတွေ မကစား ရတာကြောင့် ပွဲအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုပိုင်းမှာ အားနည်းကြတယ်။ ဒီလိုမျိုး မဖြစ်ဖို့အတွက် အောက်ခြေပိုင်းမှာ ပွဲတွေများများ ကျင်းပ ပေးဖို့လည်း လိုအပ်တယ်။

မေး - အကယ်ဒမီတွေ ရှိနေပြီဆိုတော့ ဆရာ ပြောသလို အခြေခံ မကျေညက်တဲ့ ပြဿနာတွေ မရှိတော့လောက်ဘူး ထင်တယ်နော်။

ဖြေ - အကယ်ဒမီတွေနဲ့ ကစားသမားတွေ ရွေးချယ်နေတယ် ဆိုပေမဲ့ အကယ်ဒမီတွေ ရွေးတဲ့ ဘောင်က ကျဉ်းလွန်းတယ်။ တော်ရုံတန်ရုံ မိဘက သူတို့ သားသမီးကို စာပဲ လုပ်ခိုင်းမှာပဲ။ အကယ်ဒမီ တွေကို ပို့ဦးမှာ မဟုတ်ဘူး။ အကယ်ဒမီကို ရောက်လာတဲ့ ကလေးတွေ ကလည်း မိဘတွေက ဘောလုံးသမား ဖြစ်သွားလည်း ပိုက်ဆံ များများရတာပေါ့ ဆိုတဲ့ ရည်ရွယ်ချက် သေးသေးလေးနဲ့ လွှတ်လိုက်ကြတာ။ ကျွန်တော်တို့ လုပ်သင့်တာက ကလေးတွေကို ဘောလုံးနဲ့ များများ ထိတွေ့ခွင့် ပေးရမယ်။ ကျောင်းတွေမှာ ပွဲတွေများများ လုပ်ပေးရမယ်။ ဒါမှသာ ဘောလုံး ၀ါသနာ ပါတဲ့ ကလေးတွေ အနေနဲ့ ဘောလုံးနဲ့ ထိတွေ့ခွင့် ရလိမ့်မယ်။ အခု ဖီဖာက 11 for Health ပရိုဂရမ်ကို ကျောင်းတွေမှာ လိုက်လုပ်မယ် ဆိုတော့ ကျွန်တော် အဲ့ဒီ ပရိုဂရမ် ဘယ်လောက်ထိ အောင်မြင်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကို စောင့်ကြည့်နေတယ်။

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.