Saturday, 25 May 2013
Home Myanmar Others အခြား ဆောင်းပါးများ အာရှ ယူ-၂၂ ခြေစစ်ပွဲ ၀င်မယ့် မြန်မာ အသင်းရဲ့ အဓိက ကစားသမား (၅)ဦး

အာရှ ယူ-၂၂ ခြေစစ်ပွဲ ၀င်မယ့် မြန်မာ အသင်းရဲ့ အဓိက ကစားသမား (၅)ဦး PDF Print E-mail
Written by မိုးဝေ   
Thursday, 14 June 2012 11:37
Share |

လာမယ့် ဇွန်လ ၂၃ရက်နေ့ဆိုရင် မြန်မာ့မြေမှာ အာရှအဆင့် နိုင်ငံတကာ ပွဲစဉ်တစ်ခု အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားဖို့ ရှိပါတယ်။ အာရှ ဒေသတွင်းက နိုင်ငံ လက်ရွေးစင် အဆင့် ပြိုင်ပွဲတွေထဲမှာ ဒုတိယ အဆင့် အမြင့်ဆုံး ပွဲလို့ ဆိုနိုင်တဲ့ အသက် ၂၂နှစ်အောက် အာရှဖလားမှာ ၀င်နွှဲခွင့်ရဖို့ အတွက် မြန်မာ ယူ-၂၂ အသင်းဟာ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ခွင့် ရမှာလည်း ဖြစ်ပါတယ်။ အုပ်စုတွင်း ပြိုင်ဘက် အသင်းတွေက တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ်တိုင်ပေနဲ့ ဖိလစ်ပိုင် အသင်းတွေ ဖြစ်တာကြောင့် အလွယ်ဆုံး ပြိုင်ဘက်ရယ်လို့ ဆွဲထုတ်ပြဖို့တောင် ခက်နေတာမို့ မြန်မာ ယူ-၂၂ အတွက်တော့ တကယ့်ကို ခက်ခဲမယ့် ပွဲစဉ်တစ်ခုပါပဲ။ တစ်ဖက်က ကြည့်ပြန်ရင်လည်း တောင်ကိုရီးယား တစ်သင်းက လွဲရင် ကျန်တဲ့ပြိုင်ဘက်တွေက ကိုယ့်ဘက်ကသာ ခြေစွမ်းအမှန် ရခဲ့မယ် ဆိုရင် အနိုင် ရနိုင်တဲ့ အသင်းတွေချည်းပဲ ဖြစ်တာကြောင့် မြန်မာ ယူ-၂၂ အသင်းအတွက် ခြေစစ်ပွဲ အောင်မြင်ခွင့် ရနိုင်တဲ့ အခွင့်အရေး တစ်ခုဆိုရင်လည်း မမှားပါဘူး။ ရန်ကုန်မြေမှာ ယှဉ်ပြိုင်ရမယ့် ဒီခြေစစ်ပွဲမှာ မြန်မာတို့ အတွက် သူရဲကောင်း ဖြစ်လာနိုင်တဲ့၊ မြန်မာ လူငယ်အသင်း အတွက် အဓိက အကျဆုံး ကစားသမား (၅)ဦးကို ရွေးချယ် တင်ပြ ပေးလိုက်ပါတယ်။


(၁) ကျော်ကိုကို
မြန်မာ ယူ-၂၂ အသင်း အတွက်သာ မက လက်ရွေးစင် အသင်းကြီး အတွက်ပါ အဓိက ကျတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၁၁ ဆီးဂိမ်းစ်မှာ မြန်မာတို့ အတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ ကျော်ကိုကိုဟာ လာမယ့် ခြေစစ် ပွဲစဉ်တွေမှာလည်း အဓိကကျတဲ့ အခန်း ကဏ္ဍက ပါဝင်လာဦးမှာ အသေအချာပါပဲ။ ဘောလုံး ကျွမ်းကျင်မှု ကောင်းမွန်တဲ့ ကျော်ကိုကိုဟာ မခိုမကပ် ကြိုးပမ်း ကစားတတ်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ခါတရံမှာ ခြေစွမ်းပြနိုင်ခြင်း မရှိပေမယ့် ခြေပေါ်တဲ့ နေ့မျိုးမှာ ဘယ်လိုပြိုင်ဘက် ခံစစ် ကစားသမားကိုမဆို လှလှပပ ကျော်ဖြတ် ဂိုးသွင်းနိုင်စွမ်း ရှိတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

(၂) ကျော်ဇေယျာဝင်း
ယူ-၂၂ အသင်းအတွက် အရေး အကြီးဆုံး သော့ချက် ကစားသမား တစ်ဦးပါ။ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကျော်ဇေယျာဝင်းဟာ အသင်းရဲ့ ကစားကွက်ကို ပုံဖော်ရာမှာ အဓိက အကျဆုံး သူလို့ ဆိုရမှာပါ။ နည်းစနစ်ပိုင်းရော နည်းဗျူဟာပိုင်းမှာပါ တော်တဲ့ ကျော်ဇေယျာဝင်းဟာ ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ အတွက်တော့ အဖိုး မဖြတ်နိုင်တဲ့ ကစားသမား တစ်ဦးပါပဲ။ အစားထိုး မရနိုင်တဲ့ ကစားသမား ဖြစ်နေတာကြောင့် ခြေစစ်ပွဲစဉ် တစ်လျှောက် ကျော်ဇေယျာဝင်း တစ်ယောက် ကြံ့ခိုင်မှု ပြည့်ဝနေဖို့သာ ဆုတောင်း ရတော့မှာပါ။

(၃) ကြည်လင်း
လက်ရှိ မြန်မာ ဘောလုံး ကစားသမားတွေထဲက အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား တစ်ဦးလို့ ဆိုနိုင်ပါတယ်။ လျင်မြန်မှုကို အားကိုးပြီး အင်တိုက်အားတိုက် ကစားတတ်တဲ့ ကြည်လင်းဟာ ပတ်ဆောင်ဟွာရဲ့ အချစ်တော် ကစားသမားတစ်ဦးလို့ ဆိုရင်လည်း မမှားပါဘူး။ ကြည်လင်းဟာ တစ်ကိုယ်ရေ ဘောလုံး ကျွမ်းကျင်မှုပိုင်းမှာ ပြောစရာ မရှိလှပေမယ့် တစ်ခါတရံမှာ တစ်ကိုယ်ကောင်း ဆန်ဆန် ကစားတတ်တဲ့ ကစားသမား တစ်ဦးပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူသာ ကွင်းထဲမှာ ရှိနေမယ်ဆိုရင် ပြိုင်ဘက်အသင်း နောက်ခံလူတွေကို အလုပ် ရှုပ်စေမှာတော့ အမှန်ပါပဲ။

(၄) ဇော်မင်းထွန်း
ယူ-၂၂ အသင်း ခံစစ်ကြောင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးပါ။ အရပ်အမောင်း ကောင်းပြီး အင်တိုက်အားတိုက် ကစားနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းတယ်။ ခံစစ် ကစားပုံ ကောင်းပြီး မြန်မာ့ လက်ရွေးစင် အသင်းရဲ့ အနာဂတ် ဗဟို ခံစစ်မှူးပါပဲ။ တစ်ခါတရံမှာ အာရုံ စူးစိုက်မှု လျော့ကျတတ်လို့ ဝေဖန်တာတွေ ခံရ တတ်ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ကြိုးစား အားထုတ်လေ့ ရှိတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့် အောင်မြင်မှုတွေ ယူဆောင် ပေးနိုင်မယ့် အသွင် ရှိနေပါတယ်။ ပြီးခဲ့တဲ့ မြန်မာ့ လက်ရွေးစင် ပဏာမ အသင်းနဲ့ ခြေစမ်းပွဲမှာ ခေါင်းတိုက်ဂိုး တစ်ဂိုး သွင်းပြနိုင်ခဲ့တာကြောင့် ခံစစ်အပြင် တိုက်စစ်ပိုင်းမှာလည်း အကျိုးရှိမယ့် ကစားသမားပါပဲ။

(၅) ရန်အောင်ဝင်း
ရန်ကုန် ယူနိုက်တက် အသင်းမှာတော့ သူဟာ ညာနောက်ခံ ကစားသမားပါ။ တောင်ပံ တစ်လျှောက် ပြေးတက် ပြေးဆင်းရင်းက ပရိသတ်တွေ သဘောကျ ကစား နိုင်ခဲ့သူပါ။ ပတ်ဆောင်ဟွာကတော့ သူ့ကို အသင်းရဲ့ ကွင်းလယ် ခံစစ်မှာ ထားကစား နေတာ တွေ့ရပါတယ်။ ကိုယ်တိုင်ကလည်း အဲဒီ နေရာမှာပဲ အဓိက ကစားချင် ပါတယ်လို့ ထုတ်ဖော်ဝန်ခံ ထားတာကြောင့် လာမယ့် ပွဲစဉ်တွေမှာ ဘယ်အတိုင်းအတာ အထိ ခြေစွမ်း ပြနိုင်မလဲ စောင့်ကြည့် ရဦးမှာပါ။ သူဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့စိတ် ရှိတယ်။ အသင်းအတွက် ပေးဆပ်လို စိတ်လည်း ရှိတယ်။ သူ့ဆီမှာ ရှိတဲ့ ခွန်အားကို ချိန်သားကိုက် အသုံးချတတ်မယ် ဆိုရင် ယူ-၂၂ အသင်းအတွက် အကောင်းဆုံး အထောက်အပံ့ ဖြစ်လာမှာ မလွဲပါဘူး။

မှတ်ချက်။   ။ SM Journal Vol.1 No.34 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

Tags:
Last Updated on Thursday, 14 June 2012 11:56
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.