|
Written by Admin Team
|
|
Friday, 08 June 2012 11:46 |
|
လီဗာပူးလ် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က အသင်းသို့ အသစ် ရောက်ရှိလာသည့် မန်နေဂျာ ဘရန်ဒန် ရော့ဂျာအား ယခင်ကတည်းက နှစ်သက် သဘော ကျမိကြောင်း ပြောကြားလိုက်သည်။
အသက်(၂၅)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်က မိမိသည် ဆွမ်ဆီး အသင်းကို ရော့ဂျာ ကိုင်တွယ်စဉ်ကတည်းက ရော့ဂျာ၏ နည်းစနစ်များကို နှစ်သက် သဘောကျခဲ့သော ပရိသတ် တစ်ဦးဟုလည်း ၀န်ခံသွားသည်။ ရော့ဂျာသည် ကင်နီဒဲလ်ဂလစ်ရှ် ထုတ်ပယ်ခံရသည့် ထိုင်ခုံပူတွင် နေရာဝင်ယူရန် မကြာသေးမီ သီတင်းပတ်များက သဘောတူညီခဲ့သည်။ လီဗာပူးလ် အသင်းသည် မန်နေဂျာသစ် လက်အောက်တွင် ယမန်နှစ်က အမှတ်ပေးဇယား အဆင့်(၈)ထိ စိုက်ဆင်းသွားခဲ့သော အခြေအနေမျိုးကို အလုံးစုံ ပြောင်းလဲပစ်နိုင်ရန် မျှော်လင့်လျှက် ရှိနေသည်။
 ပြီးခဲ့သည့် ဘောလုံး ရာသီက အန်းဖီးလ်၏ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သူ ဆွာရက်ဇ်က "မနှစ်က တန်းတက်လာပြီး ပရီးမီးယားလိဂ်မှာ ဆွမ်ဆီး ကစားပြသွားပုံကတော့ တကယ့် အံ့ဩစရာပါပဲ။ သူတို့ရဲ့ ဘောလုံးကို အတိုပေး ဖြန့်ဖြူးတဲ့ ကစားပုံက သဘောကျစရာပါ။ ဆွမ်ဆီးဟာ ဇုန်သတ်မှတ်ချက်ကို မျက်ကွယ်ပြုပြီး ဘောလုံးကို ဖြန့်ဝေနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပါတယ်။ ရော့ဂျာရဲ့ နည်းစနစ်ပိုင်းဟာ လီဗာပူးလ်ကို အများကြီး အထောက်အကူ ဖြစ်စေမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်" ဟု ပြောကြား သွားခဲ့သည်။
ပရီးမီးယားလိဂ်မှာ ဆွမ်ဆီး ကစားပြသွားပုံကတော့ တကယ့် အံ့ဩစရာပါပဲ။ သူတို့ရဲ့ ဘောလုံးကို အတိုပေး ဖြန့်ဖြူးတဲ့ ကစားပုံက သဘောကျစရာပါ။ ဆွမ်ဆီးဟာ ဇုန်သတ်မှတ်ချက်ကို မျက်ကွယ်ပြုပြီး ဘောလုံးကို ဖြန့်ဝေနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပါတယ်... ဂိုးသမား ပီပီရေနာကလည်း "ရော့ဂျာရဲ့ ဆွမ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဘောလုံး ဖြန့်ဝေမှု အားပြုတဲ့ ဟန်ပန်ဟာ လွယ်လွယ်ကူကူ သက်တောင့်သက်သာနဲ့ ထိရောက်မှု ရှိလှပါတယ်" ဟု မှတ်ချက်ပြု ချီးကျူး သွားခဲ့သည်။ Ref: The Sun
|