Thursday, 23 May 2013
Home Myanmar Others အခြား သတင်းများ ယူ-၂၂ လက်ရွေးစင် အသင်း၏ မန်နေဂျာ အဖြစ် ဦးသန်းတိုးအောင် တာဝန်ယူမည်

ယူ-၂၂ လက်ရွေးစင် အသင်း၏ မန်နေဂျာ အဖြစ် ဦးသန်းတိုးအောင် တာဝန်ယူမည် PDF Print E-mail
Written by Admin Team   
Tuesday, 05 June 2012 14:36
Share |

အာရှဖလား အသက် ၂၂နှစ်အောက် ပြိုင်ပွဲ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်း၏ အသင်း မန်နေဂျာအဖြစ် ငွေခေတ် လက်ရွေးစင် အသင်းခေါင်းဆောင် ဦးသန်းတိုးအောင်က တာဝန်ယူ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။


ဦးသန်းတိုးအောင်သည် ဇွန်လ ၅ရက်နေ့ နံနက်ပိုင်းက ဘောလုံး အဖွဲ့ချုပ်ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည့် ယူ-၂၂ ကစားသမားများအား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တွေ့ဆုံအမှာစကား ပြောကြားသည့် ပွဲသို့ တက်ရောက် လာခဲ့သည်။ ဦးဇော်ဇော်၏ အဆိုအရ ဦးသန်းတိုးအောင်အား လာမည့် ၂၀၁၃ အရှေ့တောင် အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲ အထိ တာဝန် ပေးအပ်ရန် ရည်မှန်းထားကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ယနေ့ ညနေပိုင်းမှ စတင်ကာ စခန်းသွင်း လေ့ကျင့်မှုများ ပြန်လည် ပြုလုပ်မည် ဖြစ်ပြီး မူလက ရွေးချယ်ထားသည့် ကစားသမား (၂၆)ဦးအပြင် မနောမြေမှ ညီညီမင်းနှင့် ရက္ခပူရမှ ချစ်မင်းစိုးတို့အား ထပ်မံ အားဖြည့် ရွေးချယ်ခဲ့ကြောင်း သိရသည်။ အသင်း၏ နည်းပြချုပ် အဖြစ် ကိုရီးယား လူမျိုးနည်းပြ မစ္စတာ ပတ်ဆောင်ဟွာက ကိုင်တွယ်လျက် ရှိကာ နည်းပြ အဖွဲ့တွင် ဦးတင်မြင့်အောင်၊ ကိုရီးယား နည်းပြ ဟာဟေဂျွန်၊ ဦးဇော်ဝင်းထွန်း အစရှိသည့် နည်းပြများ ပါဝင်လျက် ရှိကြောင်း တွေ့ရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ယနေ့ ညနေပိုင်းမှ စတင်ကာ စခန်းသွင်း လေ့ကျင့်မှုများ ပြန်လည် ပြုလုပ်မည် ဖြစ်ပြီး မူလက ရွေးချယ်ထားသည့် ကစားသမား (၂၆)ဦးအပြင် မနောမြေမှ ညီညီမင်းနှင့် ရက္ခပူရမှ ချစ်မင်းစိုးတို့အား ထပ်မံ အားဖြည့် ရွေးချယ်...မြန်မာ ယူ-၂၂ အသင်းသည် လာမည့် ဇွန်လ ၉ရက်နေ့တွင် ကမ္ဘောဇ နည်းပြချုပ် ဆီဗာဂျီ ယာယီ ကိုင်တွယ်မည့် မြန်မာ့ လက်ရွေးစင် ပဏာမ အသင်းနှင့် ခြေစမ်းပွဲတစ်ရပ် ယှဉ်ပြိုင် ကစားမည် ဖြစ်ကာ ဇွန်လ ၁၇ရက်နေ့နှင့် ၁၉ရက်နေ့များတွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်း ယူ-၂၂ အသင်း၊ မော်လ်ဒိုက် ယူ-၂၂ အသင်းများနှင့် ခြေစမ်းပွဲများ သွားရောက် ကစားမည် ဖြစ်သည်။ ထို့နောက် ဇွန်လ ၂၃ရက်နေ့တွင် ရန်ကုန်တွင် ကျင်းပမည့် ခြေစစ်ပွဲ ပြိုင်ပွဲ ပွဲဦးထွက် အဖြစ် ဖိလစ်ပိုင်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်း၏ ပွဲစဉ်များ

ဇွန် ၉    vs    မြန်မာ့လက်ရွေးစင် ပဏာမအသင်း    (ခြေစမ်းပွဲ)
ဇွန် ၁၇    vs    ထိုင်း ယူ-၂၂ လက်ရွေးစင်    (ခြေစမ်းပွဲ)
ဇွန် ၁၉    vs    မော်လ်ဒိုက် ယူ-၂၂ လက်ရွေးစင်    (ခြေစမ်းပွဲ)
ဇွန် ၂၃    vs    ဖိလစ်ပိုင် ယူ-၂၂     (ခြေစစ်ပွဲ)
ဇွန် ၂၅    vs    ဗီယက်နမ် ယူ-၂၂    (ခြေစစ်ပွဲ)
ဇွန် ၂၈    vs    တောင်ကိုရီးယား ယူ-၂၂    (ခြေစစ်ပွဲ)
ဇွန် ၃၀    vs    တရုတ်(တိုင်ပေ) ယူ-၂၂    (ခြေစစ်ပွဲ)
ဇူလိုင် ၃    vs    မလေးရှား ယူ-၂၂    (ခြေစစ်ပွဲ)

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.