Sunday, 19 May 2013
Home World English Premier League ဆောင်းပါးများ ပရီးမီးယားလိဂ်ရဲ့ အရူးသွပ်ဆုံး ရာသီအတွက် ပြဇာတ်အဆန်ဆုံး ဇာတ်သိမ်းည
ပရီးမီးယားလိဂ်ရဲ့ အရူးသွပ်ဆုံး ရာသီအတွက် ပြဇာတ်အဆန်ဆုံး ဇာတ်သိမ်းည PDF Print E-mail
Written by လူလူမင်း   
Thursday, 17 May 2012 15:56
Share |

ပရီးမီးယား လိဂ်ဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံး၊ စိတ်လှုပ်ရှားစရာ အကောင်းဆုံး၊ ခန့်မှန်းရ အခက်ဆုံးနဲ့ အံ့သြစရာ အဖန်တီးနိုင်ဆုံး ဘောလုံးလိဂ်လို့ အမြဲ ပြောခဲ့ကြတယ်။ အဓိကအားဖြင့် အင်္ဂလပ် ဘောလုံးပွဲရဲ့ တင်ဆက်သူတွေနဲ့ ပွဲစီစဉ် သူတွေရဲ့ ကျွမ်းကျင်မှုကြောင့်လို့ အဆိုရှိတယ်။ ဒါပေမဲ့ တနင်္ဂနွေ ညက ဖြစ်ရပ်မှာတော့ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ စွမ်းရည်ကြောင့် နာမည်ကြီး တယ်ဆိုတာ လက်မခံ နိုင်စရာ ဖြစ်ခဲ့ရတယ်။


အရောင် ပြောင်းသွားသော ဖာဂူဆန်
၂၀၁၁-၁၂ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲ ညကို မြင်လိုက်ကြတဲ့ သူတိုင်း တုန်လှုပ်သွားမှာ သေချာပါတယ်။ တကယ်တော့ တစ်ရာသီလုံး ရေးစရာ ဇာတ်လမ်းတွေ၊ ပြောစရာ သတင်းတွေ မရှားခဲ့ပါဘူး။ ကားလို့တီဗက်ဇ်ရဲ့ ပဒိုင်းသီးဇာတ်လမ်း၊ ဂျွန်တယ်ရီနဲ့ ဖာဒီနန်၊ ဆွာရက်ဇ်နဲ့ အီဗရာတို့ရဲ့ လူမျိုးရေး ခွဲခြားမှု ဇာတ်လမ်းတွေဟာ သတင်း စာမျက်နှာတွေပေါ်မှာ နေရာ ယူခဲ့ကြတယ်။ ဒါပေမဲ့ ပရီးမီးယား လိဂ်ရဲ တကယ့် ပြောစရာ အစစ်ကတော့ ရာသီသိမ်းညရဲ့ ကွင်းထဲက အဖြစ်တွေပါ။ အဲဒီညဟာ တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေကို ပါးစပ် အဟောင်းသား ဖြစ်သွားအောင် စွမ်းဆောင် ပြခဲ့တာ သေချာပါတယ်။


ဥရောပ တစ်လွှားက ထိပ်တန်း လိဂ်တွေကို ကြည့်ပါ။ ရာသီ သိမ်းပြီးသလောက် ဖြစ်နေပါပြီ။ တကယ့် နောက်ဆုံး အချိန်မှာ ကွင်းထဲက ထိုင်ခုံတွေ ဖုန်တက် နေလိမ့်မယ်လို့ ဆိုကြတယ်။ စပိန် လာလီဂါမှာ ရီးယဲလ်မက်ဒရစ်က ဖလား ရပြီးနေ ပြီ၊ ဂျူဗင်တပ်ကလည်း စီးရီးအေမှာ အတ္တလန္တာနဲ့ ပွဲမတိုင်ခင်ကတည်းက ဖလားတစ်လုံး သေချာနေတာ ကြာပြီ၊ ဂျာမနီမှာ ဒေါ့မွန်က ဘွန်ဒက်စ် လီဂါဖလားကို သိမ်းခဲ့တာ အနီးကပ်ဆုံး ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို (၈)မှတ်ဖြတ် ထားခဲ့တာမို့  တကယ့်လိဂ်ကြီးတွေမှာ ဘယ်အသင်း ချန်ပီယံလဲ ဆိုတာ သိနှင့်နေကြပြီးဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့်ကို ရူးသွပ်စေလောက်တဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းဖို့ နီးကပ် လာချိန်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေ ကြရတယ်။ နောက်ဆုံးနေ့တွေ ရောက်တဲ့အထိ ဘယ်အသင်း ဗိုလ်စွဲမလဲ ဆိုတာ ပုစ္ဆာ ဆန်နေဆဲပါ။ ချန်ပီယံ ဖြစ်ဖို့ တစ်သင်းနဲ့ တစ်သင်း အပြင်းအထန် ရုန်းကန် နေရတယ်။ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် ရမယ့် တတိယ နေရာအတွက် အပြိုင် လုနေကြတဲ့၊ ဥရောပပွဲ နွှဲခွင့် ရဖို့ ကြိုးစားနေတဲ့ အသင်းတွေ ရှိတယ်။ တန်းဆင်းဇုန် စက်ကွင်းက မလွတ်ကင်းသေးတဲ့ (၅)သင်းလောက်က အကြောက်အကန် ကြိုးစား နေရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်ပွဲခံတဲ့ အသင်းတွေနဲ့ အရေးနိမ့်တဲ့ အသင်းတွေ ဆိုပြီး ဇာတ်သိမ်း ရတာပါပဲ။ အတိုချုပ် ပြောရမယ်ဆိုရင် မန်စီးတီး၊ အာဆင်နယ်နဲ့ ကျူပီအာတို့က အောင်ပွဲခံ အသင်း တွေပါ။ မန်ယူ၊ စပါးနဲ့ ဘော်လ်တန်တို့က ရှုံးနိမ့်ရတဲ့ အသင်းတွေ ဖြစ်ခဲ့ကြတယ်။ ဒီနေရာမှာ သက်ဆိုင်ရာ အသင်း ပရိသတ်တွေရဲ့ စိတ်ခံစားမှုချင်းကို နှိုင်းယှဉ် ဖွင့်ဟဖို့က ခက်ခဲ လှပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ ရသကိုက ဘောလုံးက ပေးစွမ်းတဲ့ ရသ ဖြစ်နေတာကို ခုံမင်နေကြခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

အသည်းအသန် ချန်ပီယံ
ပရီးမီးယား ဇယား ထိပ်ပိုင်းက အဖြစ်တွေက ပိုပြီး ပြဇာတ်ဆန်တယ်၊ ဖမ်းစားနိုင်စွမ်း ရှိတယ်။ မန်ယူဟာ ဆန်းဒါးလန်းကို စောစောစီးစီး ဦးဆောင်ထားတယ်။ အရှေ့မြောက်ဒေသက ဖိအား တွေ လာတော့မယ် ဆိုတဲ့ ဟန်မျိုးနဲ့ပါ။ မန်စီးတီး ကတော့ သွေးခဲ နေပါပြီ။ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းကလည်း အီတီဟတ်ကွင်းမှာ ဦးဆောင်ဂိုး ရခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ခံစစ်တန်း အာရုံစူး စိုက်မှု လျော့ပါးလို့ အနောက် လန်ဒန်သား ကျူပီအာက (၂-၁)နဲ့ ဦးဆောင်မှု ရသွားတယ်။ မကြာခင်မှာ ပရီးမီးယား နောက်ဆုံးညရဲ့ ရေဆူမှတ် ရောက်လာတယ်။ ကျူပီအာရဲ့ ဂျိုယေးဘာတန် အနီကတ်နဲ့ အထုတ် ခံရတယ်။ ကွင်းထဲက အထွက်မှာ အဂူရိုကို နှုတ်ဆက် သွားသေးတယ်။ အဲဒီ ပြစ်ဒဏ်က သူ့အတွက် ပိုပြီး ခံရ ခက်စေပါလိမ့်မယ်။ မန်စီးတီးက ကြိုးစားပြီး ဖိတယ်။ ကျူပီ အာက ဖိလေ၊ မာလေဖြစ်လာတယ်။ နည်းပြ ကြီး ရောဘတ်တို မန်စီနီဟာ မီးခဲ ကိုင်မိတဲ့ သတ္တ၀ါလို ဂဏာ မငြိမ်အောင် ဖြစ်နေရတယ်။ ဒါပေမဲ့ မန်စီးတီးရဲ့ မီးခဲ ဘာလော့တယ်လီဝင် အလာမှာ လှုပ်ရှားလာတယ်။ ဒီဇီကိုက ချေပဂိုးသွင်းတယ်။ အဲဒီ အချိန်မှာ မခံချိမခံသာ ဖြစ်လာတာက ဖာဂူဆန်ပါ။ သူ့မျက်နှာမှာ အရောင်တွေ ပြောင်းလာပါပြီ။ နောက်ဆုံး အချိန်ပိုရဲ့ တကယ့် နောက်ဆုံး မိနစ်မှာ မန်စီးတီး အနိုင်ဂိုး ရသွားပါတယ်။ ဒီပွဲကို တင်ဆက်နေတဲ့ မာတင်တေလာကတော့ သူတင်ဆက်လိုက်ရတဲ့ ဒီပွဲရဲ့ ခမ်းနားမှုတွေကြောင့် ဘ၀င်မြင့်သွားတဲ့ ဟန်ပေါက်နေပါပြီ။ သူ့ကို ဘယ် သူအပြစ် တင်နိုင်မှာလဲ။ သေချာတာကတော့ ကူညီ တင်ဆက်မယ့် ဂယ်ရီနဗီးလ် အနားမှာ ရှိနေမှာ မဟုတ်ဘူး ဆိုတာပါပဲ။

ပွဲပြီးခါနီးနဲ့ အချိန်ပို အပါအ၀င် (၁၀)မိနစ် လောက် အတွင်းမှာ မန်စီးတီးရဲ့ အရှုံးကနေ အနိုင် ပြန်ရဖို့ အားသွန်ခွန်စိုက် ကြိုးစား သွားပုံဟာ မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်။ ဒါပေမဲ့ ဒီရလဒ် မျိုးကို သူတို့ ဖန်တီး နိုင်ခဲ့ကြတယ်။ ကျန်တဲ့ အပိုင်းကတော့ သမိုင်းထဲမှာ ရှိပါလိမ့်မယ်။ ပြောရမယ် ဆိုရင် ရာသီအစ သြဂုတ်လကနေ မေလအထိ ပရီးမီးယား လိဂ်ရဲ့ ဘောလုံး ရာသီဟာ မယုံနိုင်စရာတွေ ပြည့်နှက်ခဲ့တယ်။ ရာသီသိမ်းည အဖြစ်အပျက် တွေကို ဘယ်လိုမှ ချန်လှပ်ထားလို့ မရတာ သေချာပါပြီ။ ဒီနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ ရလဒ်တွေကလည်း မှတ်သား လောက်ပါတယ်။ မန်ယူ(၈-၂)အာဆင်နယ်၊ စပါး(၁-၅)မန်စီးတီး၊ မန်ယူ(၁-၆)မန်စီးတီး၊ ချယ်လ်ဆီး(၃-၅)အာဆင်နယ်၊ မန်ယူ(၄-၄)အဲ ဗာတန်ဆိုတဲ့ ရလဒ်တွေဟာ အံ့သြစရာလား၊ ရယ်စရာလား ဝေခွဲမရအောင် ဖြစ်စေခဲ့တယ်။ ဒါပေမဲ့  နောက်ဆုံး ပွဲသိမ်းညကတော့ ပြက်လုံး တစ်ခုလို့တောင် ဆိုရအောင်ပါပဲ။ မန်စီးတီးဟာ ကြမ် ပြင်မှာ ပြားနေတယ်၊ မန်ယူက ပွဲစဉ်(၃၃)အထိ (၈)မှတ်ဖြတ်ထားတယ်၊ ဒါပေမဲ့ ရာသီ သိမ်းချိန် မှာ အဂူရိုရဲ့ အနိုင်ဂိုးက (၄၄)နှစ်ဆိုတဲ့ ကာလမှာ ပထမဆုံး အကြိမ် အင်္ဂလန် အမှတ်ပေး ဖလားကို ပြန်ရသွားတာပါ။ ဒါပေမဲ့ ဖလား နောက်ဆုံး ရခဲ့တုန်းကလိုပဲ မန်စီးတီးဟာ ခက်ခက်ခဲခဲ သွေးသံ ရဲရဲနဲ့ ရခဲ့တာပါ။

အာဆင်နယ်ကလည်း ပွဲစပြီး(၁၅)မိနစ် မှာ (၂-၁)နဲ့ အရေး နိမ့်နေတယ်။ ဂန်းနား ပရိသတ်တွေ အတွက် ရင်ပူစရာ ဖြစ်ရပါတယ်။ စပါး က ဖူလ်ဟမ်ကိုနှစ်ဂိုး ပြတ်နိုင်ပေမယ့် ဂန်းနားတွေက (၃-၂)နဲ့ အနိုင်ရလို့ တတိယ နေရာသေချာ သွားခဲ့တယ်။ အခုတော့ စပါး ပရိသတ်တွေက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်နေရပါ ပြီ။ တကယ်လို့ ချယ်လ်ဆီးကသာ သူတို့ နေရာကို လုသွားရင် အကြေကွဲဆုံး ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ နောက်ထပ် ဥရောပ အံ့ဖွယ် ရလဒ်ကို ငြင်းပယ်လို့လည်း မရနိုင်ပါဘူး။

ဇယားရဲ့ အခြားတစ်ဖက်မှာ
ပရီးမီးယား တန်းစီ ဇယားရဲ့ အခြား တစ်ဖက်မှာလည်း အကြိတ်အနယ် ပွဲတွေ ရှိနေပါတယ်။ ပရီးမီးယားမှာ ဆယ်စုနှစ် တစ်ခု ကျော်ခဲ့ပြီ ဖြစ်တဲ့ ဘော်လ်တန်ဟာ တန်းဆင်း ဝေဒနာကို အလူး အလဲ ခံစား ခဲ့ရတယ်။ သူတို့ရဲ့ ပြိုင်ဘက် ကျူပီ အာက မန်စီးတီးကို ရှုံးပေမယ့် အဆင့်(၁၇)နဲ့ ကျန်ရစ်ခဲ့တယ်။ မိနစ်(၉၀)အတွင်း ဘော်လ်တန်ဟာ တန်းဆင်းရပြီ၊ မဆင်းရသေးဘူးနဲ့ အမျိုး မျိုး ဖြစ်ခဲ့ရတယ်။ မူအမ်ဘာကတော့ ဒီနေ့ ဘောလုံးပွဲကို ကြည့်လို့လည်း မရ၊ နားထောင်လို့လည်း မဖြစ်တဲ့ အခြေအနေပါ။ ကျွန်တော့် နှလုံးသားက ဒီသတင်းတွေကို ခံစားနိုင်မှာ မဟုတ်ပါဘူးလို့ ဖေ့စ်ဘွတ်မှာ ဖော်ထုတ် ခဲ့ပါတယ်။ ဟုတ်ပါတယ်၊ သူနဲ့ ဘော်လ်တန် ပရိသတ်တွေကတော့ သူတို့ အသင်းဟာ မူအမ်ဘာလိုပဲ သေရာက ပြန်ရှင် လာလိမ့်မယ်လို့ မျှော်လင့် ထားကြမှာ အမှန်ပါ။ မန်စီးတီးက မထင်မှတ်ဘဲ ကျူပီအာကို အနိုင် ပြန်ရခဲ့ပေမယ့် စတုတ်စီးတီး အတွက် အချိန်နှောင်း ဂိုးပေးလိုက်ရတဲ့ ဘော်လ်တန်ရဲ့ ကံကြမ္မဟာ ကူမယ့် ကယ်မယ့် သူမရှိ ဖြစ်ခဲ့ရတယ်။ အို ၀င်ကွိုင်းလ်ကတော့ ဒိုင်လူကြီးတွေရဲ့ အရည်အသွေး မပြည့်မီမှုက သူ့အသင်းကို ဒုက္ခ ပေးခဲ့တယ်လို့ စွပ်စွဲထားတယ်။

ဘယ်နေရာမှာမဆို နိုင်သူတွေ အောင်ပွဲခံပြီး ရှုံးသူတွေ ကြေကွဲ ၀မ်းနည်းရစမြဲပါ။ ကျန်ပွဲ တွေကလည်း ကြည့်ပျော်ရှုပျော် ရှိကြပါတယ်။ ဂိုးမသွင်း နိုင်တဲ့ ပွဲမရှိခဲ့ပါဘူး။ ကင်နီဒဲလ်ဂလစ်ရှ် ရဲ့ ကြိုးကြာနီတို့ကတော့ ရှုံးလို့ မ၀သေးဘူးလား ဆိုတဲ့ မေးခွန်းကို အဖြေ ရှာနေရဆဲပါ။ ဥရောပ ပြိုင်ပွဲမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ ရှုံးကန် နေကြရတယ်။ အများနဲ့ မတူဘဲ ထူး ထူးခြားခြား ဖြစ်နေတဲ့ ချယ်လ်ဆီးကတော့ ခြွင်းချက်လို့ ဆိုရမှာပါ။ ဥရောပရဲ့ အခြားလိဂ်တွေကတော့ ဒီအချက်ကို ထောက်ပြီး အင်္ဂလိပ် ဘောလုံး အကောင်းဆုံး ဆိုတာ လိမ်ညာ နေတာပါလို့ စကား နာထိုးဖို့ အခွင့်ကောင်း ရစေခဲ့ပါတယ်။ ဒီနေရာမှာ အရည်အသွေးဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာ ရေကုန်ရေခန်း တရကြမ်း ကစားကြတဲ့ မြင်ကွင်းတွေ နဲ့ ရင်သပ်ရှုမော ဖြစ်ရတဲ့ လှုပ်ရှားမှုတွေဟာ ချေဖျက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်း အနေအထား အရဆိုရင် ဒီနှစ်ပရီးမီးယား လိဂ်ဟာ ယှဉ်ပြိုင်မှု ကောင်းပြီး အကြိတ်အနယ် ရှိခဲ့တယ်လို့ ဆိုရပါမယ်။ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲဆိုတာ တခြား ဥရောပလိဂ်တွေလို ကြိုတင် ဟောကိန်းထုတ်ဖို့ မလွယ်ဘူး ဆိုတာ လက်တွေ့မြင်ခဲ့ ကြပါပြီ။. ဒီနှစ် ပရီးမီးယားလိဂ် နိဂုံးညရဲ့ ခံစား ချက်ကို ဖွင့်ဟပါဆိုရင် ဘောလုံးသမား တစ်ဦးချင်းမှာ အဖြေ တစ်မျိုးစီ ရှိနေပါလိမ့်မယ်။ အဲဒါကိုက ပရီးမီးယားလိဂ်ရဲ့ ရသလို့ ဆိုပါရစေ။

မှတ်ချက်။   ။ SM Journal Vol.1 No.30 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

Last Updated on Thursday, 17 May 2012 16:25
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.