Sunday, 19 May 2013
Home World English Premier League နောက်ဆုံးသတင်းများ (၁၅)လ အကြာတွင် လီဗာပူးလ်နှင့် လမ်းခွဲ ခဲ့ရသည့် ဒဲလ်ဂလစ်ရှ်
(၁၅)လ အကြာတွင် လီဗာပူးလ်နှင့် လမ်းခွဲ ခဲ့ရသည့် ဒဲလ်ဂလစ်ရှ် PDF Print E-mail
Written by Admin Team   
Wednesday, 16 May 2012 23:26
Share |

လီဗာပူးလ် အသင်း၏ မန်နေဂျာ ဖြစ်သူ ကင်နီဒဲလ်ဂလစ်ရှ်သည် ယခုအခါ ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။


အသင်း ပရိသတ်များက The King ဟု ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသည့် စကော့သား မန်နေဂျာကြီးသည် အန်းဖီးလ် အခြေစိုက် ကလပ်အသင်းကို (၁၅)လကြာ တာဝန်ယူပေးခဲ့ပြီးနောက် အမေရိကန် သူဌေးများက ၎င်းအား ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။ ဒဲလ်ဂလစ်ရှ်သည် အသင်း ပိုင်ရှင်များ၏ ထောက်ခံမှုဖြင့် ပေါင်စတာလင် (၁၁၃)သန်း အသုံးပြုကာ ကစားသမားသစ်များ ၀ယ်ယူခဲ့သော်လည်း ပရီးမီးယားလိဂ် ဖြတ်သန်းမှု သမိုင်းတစ်လျှောက် အနိမ့်ဆုံး ရပ်တည်မှုအဖြစ် အဆင့်(၈)ဖြင့်သာ ရာသီသိမ်းခဲ့သည်။ ၎င်းသည် လီဗာပူးလ်ကို တစ်ကျော့ပြန် ကိုင်တွယ်သည့် ကာလအတွင်း ကားလင်းဖလားကို ဆွတ်ခူး ရယူပေးခဲ့သည်။ ထိုဖလားသည် (၆)နှစ်အတွင်း လီဗာပူးလ်အသင်း ပထမဆုံး ကိုင်မြှောက်ခွင့်ရသည့် ချန်ပီယံဆုလည်း ဖြစ်လာသည်။

ဒဲလ်ဂလစ်ရှ်သည် ပရီးမီးယားလိဂ် ရာသီသိမ်း ပွဲစဉ်အဖြစ် ဆွမ်ဆီးအား အရေး နိမ့်ခဲ့သည့်နောက် အမေရိကန်နိုင်ငံသို့ သွားရောက်ကာ အသင်းပိုင်ရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ၎င်းသည် အင်္ဂလန်သို့ ပြန်လာပြီးနောက် မကြာမီမှာပင် အသင်းနှင့် လမ်းခွဲကြောင်း သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် လီဗာပူးလ်သည် မန်နေဂျာသစ် နေရာအတွက် ပူပူနွေးနွေး တစ်ရာသီ အကောင်းဆုံး မန်နေဂျာဆုရှင်ဖြစ်သော နယူးကာဆယ်လ် ယူနိုက်တက် ပဲ့ကိုင်ရှင် အလန်ပါဂျူး၊ ချယ်လ်ဆီး မန်နေဂျာဟောင်း အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်နှင့် ၀ီဂန်အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်တို့အား ချိတ်ဆက်နေသည်။

လက်ရှိတွင် လီဗာပူးလ်သည် မန်နေဂျာသစ် နေရာအတွက် ပူပူနွေးနွေး တစ်ရာသီ အကောင်းဆုံး မန်နေဂျာဆုရှင်ဖြစ်သော နယူးကာဆယ်လ် ယူနိုက်တက် ပဲ့ကိုင်ရှင် အလန်ပါဂျူး၊ ချယ်လ်ဆီး မန်နေဂျာဟောင်း အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်နှင့် ၀ီဂန်အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်တို့အား ချိတ်ဆက်နေ...
ဒဲလ်ဂလစ်ရှ်က “လီဗာပူးလ်ကို တစ်ကျော့ပြန် ကိုင်တွယ်ခွင့် ရတာဟာ ကျွန်တော့်အတွက် ဂုဏ်ပြုမှု တစ်ခုပါပဲ။ အသင်းက ကစားသမားတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ (၆)နှစ်အတွင်း ပထမဆုံး ဆုဖလား တစ်လုံးကို ရယူနိုင်ခဲ့သလို နောက်ထပ် ဖလားတစ်လုံးကိုလည်း ရလုနီးနီး ဖြစ်ခဲ့ပါတယ်။ အသင်းကနေ ကျွန်တော် ထွက်ခွာရတဲ့အတွက် ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒီကိစ္စဟာ အသင်းပိုင်ရှင်တွေ ကိုင်တွယ် စီမံမှုလို့ပဲ ပြောပါရစေ။ လီဗာပူးလ်အသင်း အနာဂတ်မှာ အောင်မြင်မှုတွေ ရယူနိုင်ပါစေလို့ ဆန္ဒပြုပါတယ်”ဟု ဖွင့်ဟ ပြောကြားသွားခဲ့သည်။

 

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.