|
Written by Admin Team
|
|
Saturday, 12 May 2012 18:01 |
|
ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် မကွေး အသင်းက ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့ သော်လည်း ရက္ခပူရ ယူနိုက်တက် ကစားသမား ဘန်ဆန်၏ (၈၁)မိနစ် ချေပဂိုးကြောင့် သရေပွဲ ဖြစ်ခဲ့သည်။
နေရှင်နယ်လိဂ် ဒုတိယအကျော့၏ ပထမဆုံး ရက်သတ္တပတ်၊ စနေနေ့ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ရက္ခပူရနှင့် မကွေးတို့ ပွဲစဉ်တွင် မကွေးအသင်းက နိုင်ငံခြားသား ကစားသမား ရိုဒရီဂူ၏ (၄၁)မိနစ် သွင်းဂိုးဖြင့် ပွဲအား ဦးဆောင် ထားနိုင်ခဲ့သည်။ သို့သော် (၈၁)မိနစ်တွင် ဘန်ဆန်က ချေပဂိုး ပြန်လည် ရရှိသွားသဖြင့် သရေပွဲသာ ဖြစ်ခဲ့ရသည်။
 အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ချင်းယူနိုက်တက်နှင့် ဟံသာဝတီ ယူနိုက်တက် တို့၏ ပွဲစဉ်တွင်မူ ဟံသာဝတီ ယူနိုက်တက်က (၃)ဂိုးပြတ် အနိုင်ရခဲ့သည်။ ဟံသာဝတီ အတွက် အဖွင့် ဦးဆောင်ဂိုးအား အောင်မြင့်ထွန်းက မိနစ် (၂၀)တွင် စတင် သွင်းယူပေးခဲ့ကာ (၇၃)မိနစ်တွင် လူစားဝင် ကစားသမား မြင့်နိုင်က ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် (၈၈)မိနစ်တွင် အောင်မြင့်ထွန်းက ပွဲသိမ်းအနိုင်ဂိုးအား သွင်းယူခဲ့ကာ (၃)ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲကြီးပွဲကောင်း ပွဲစဉ်တစ်ခု ဖြစ်သည့် လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်နှင့် ချန်ပီယံဆုအား အဓိက ခြိမ်းခြောက်နေသည့် လက်ရှိ အမှတ်ပေး ဇယား ဦးဆောင်သူ ကမ္ဘောဇတို့၏ ပွဲစဉ်မှာမူ မေလ (၁၃)ရက်နေ့ တနင်္ဂနွေ ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မည်သည်။ ထိုပွဲစဉ်တွင် ရန်ကုန် အသင်းက အသစ် ခေါ်ယူထားသည့် ဘရာဇီးလ်နှင့် နိုင်ဂျီးရီးယား တိုက်စစ်မှူး နှစ်ဦး ပါဝင်လာဖွယ် ရှိနေကာ ကမ္ဘောဇ အသင်းဘက်တွင်လည်း ရန်ကုန် ကစားသမားဟောင်း ချားစ်အိုဘီနှင့် နည်းပြသစ် ဆီဗာဂျီတို့ ပွဲထွက် လာမည် ဖြစ်သည်။
|