| အသင်းတစ်ချို့၏ လိုဂိုများကို ပြန်လည် ပြင်ဆင် သင့်သည်ဟု ဘောလုံး အဖွဲ့ချုပ် သုံးသပ် |
|
|
|
| Written by Admin Team |
| Saturday, 28 March 2009 18:14 |
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ပရိုလိဂ်ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် အသင်း ရှစ်သင်း၏ လိုဂိုများအနက် အချို့ကို ပြန်လည် ပြင်ဆင်ရန် အစည်းအဝေး တစ်ခု၌ သုံးသပ်ခဲ့ကြောင်း သိရသည်။မြန်မာနိုင် ဘောလုံး အဖွဲ့ချုပ်သည် ပရိုလိဂ် အသင်းရှစ်သင်းမှ တာဝန် ရှိသူများအား အပတ်စဉ် စနေနေ့တိုင်း အစည်းအဝေး ခေါ်ယူ၍ လိုအပ်သည်များကို အကြံပြု ဖြည့်စွက် ပေးလျက်ရှိရာ ယခုတစ်ပတ် အစည်းအဝေး၌ လိုဂိုအချို့ ပြန်လည် ပြင်ဆင်ရန် သုံးသပ် သွားခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မကွေး FC နှင့် ဆောက်သမ်း မြန်မာFC လိုဂိုများကို ပြန်လည်ပြင်ဆင်ရန် ပြောကြားခြင်း ဖြစ်သည်ဟု သိရသည်။ “မကွေး FC လိုဂိုမှာပါတဲ့ ဘောလုံးပုံစံဟာ ချန်ပီယံလိဂ် ဘောလုံးနဲ့ ပုံစံချင်း ခပ်ဆင်ဆင် ဖြစ်နေပါတယ်။ ချန်ပီယံလိဂ် အမှတ် တံဆိပ်ဟာ နိုင်ငံတကာမှာ မှတ်ပုံတင် ပြီးသားဖြစ်လို့ လိုဂို တစ်ခုလုံး ဖြစ်စေ အစိတ်အပိုင်း တစ်ခုခုကို ဖြစ်စေ ပုံတူ ကူးယူထားရင် တရားစွဲဆိုခြင်း ခံရနိုင်ပါတယ်။ ဒီအခါမှာ လျှော်ကြေးတွေ ပေးရ ဘာဖြစ်ရ ညာဖြစ်ရနဲ့ အလုပ်တွေ ရှုပ်နေရ မှာစိုးလို့ ပြန်လည် ပြောင်းလဲ စေတာပါ။ ဒီဘောလုံး နေရာမှာ တခြားဘောလုံး တစ်ခုခုကို အစားထိုးလိုက်ရင် အဆင်ပြေပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာ အရာရှိ ဦးစိုးမိုး(IBC)က ပြောကြားခဲ့သည်။ ထို့ပြင် ဆောက်သမ်း မြန်မာ လိုဂို အထက်တွင် ပါရှိသော ကြယ်ပွင့်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အတွင်း ရေးမှူး ဦးဘန်နီတင်အောင်က “လိုဂိုက ကြယ်ပွင့် အမှတ်အသားဟာ တစ်စုံတစ်ခု အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ပေးတာပါ။ ဥပမာ သုံနှစ်ဆက်တိုက် လိဂ်ချန်ပီယံ ဖြစ်တာတို့၊ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတာတို့လို အောင်မြင်မှုမျိုး ရရင် ဂုဏ်ပြု တဲ့အနေနဲ့ ဒီလိုကြယ်ပွင့်လေး တပ်ခွင့်ပေးပါတယ်။ ဒါကြောင့် လိုဂိုမှာ ဒီလိုကြယ်ပွင့်လေး ပါနေတော့ ရောထွေး ရှုပ်ထွေးမှု တွေ ဖြစ်လာနိုင်ပါတယ်။ ဇေယျာ ရွှေမြေမှာလည်း ကြယ်ပွင့်တွေ ပါပေမယ့် သူတို့က လိုဂိုအတွင်းထဲမှာ ထည့်ထားတာမို့လို့ ပြဿနာ မရှိပါဘူး” ဟု သုံးသပ် ပြောကြား သွားခဲ့သည်။ အသင်း တချို့ ၏ လိုဂိုများ ![]() ကမ္ဘောဇ အသင်းလိုဂို ![]() ဇေယျာရွှေမြေ အသင်းလိုဂို ![]() ရန်ကုန်ယူနိုက်တက် အသင်း လိုဂို ![]() မကွေးအက်ဖ်စီ လိုဂို ![]() ဥဿာ ယူနိုက်တက် လိုဂို ![]() ရတနာပုံ အသင်း လိုဂို |



မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ပရိုလိဂ်ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် အသင်း ရှစ်သင်း၏ လိုဂိုများအနက် အချို့ကို ပြန်လည် ပြင်ဆင်ရန် အစည်းအဝေး တစ်ခု၌ သုံးသပ်ခဲ့ကြောင်း သိရသည်။















