|
Written by Admin Team
|
|
Monday, 26 September 2011 11:20 |
|
www.soccermyanmar.com အယ်ဒီတာ အဖွဲ့နှင့် ၀ါရင့် ကလောင်ရှင်များ ပူးပေါင်း ကြိုးပမ်းမှု တစ်ရပ် အနေဖြင့် အောက်တိုဘာ ဒုတိယပတ် ထဲတွင် Soccer Myanmar အားကစား ဂျာနယ်အား စတင် ထုတ်ဝေသွားမည် ဖြစ်သည်။
Soccer Myanmar ဘောလုံး ၀က်ဘ်ဆိုက်သည် ၂၀၁၁ အောက်တိုဘာ ၁၂ရက်နေ့တွင် သက်တမ်း ၃၃လ ပြည့်မြောက်မည် ဖြစ်ပြီး ထိုရက်မတိုင်မီ တစ်ရက် အလို၌ ဈေးကွက်အတွင်း စတင် ဖြန့်ချိရောင်းချ သွားမည် ဖြစ်သည်။ အဆိုပါ ဂျာနယ်တွင် အားကစား ကဏ္ဍပေါင်းစုံမှ သတင်းအချက်အလက် ဆောင်းပါးများနှင့် စာဖတ် ပရိသတ် ဗဟုသုတ တိုးပွားစေမည့် အကြောင်းအရာ များအား ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ကာ အထူးကဏ္ဍ တစ်ရပ် အနေဖြင့်လည်း ပရိသတ်ထံမှ ဆောင်းပါးများ၊ အိတ်ဖွင့်ပေးစာများ၊ ၀က်ဘ်ဆိုက်ပေါ်တွင် ရေးသားထား ကြသည့် မှတ်ချက်စကားများ (Comments) ထဲမှ ကောင်းနိုးရာရာ များ၊ ပရိသတ်များ ပေးပို့လာသည့် ဓာတ်ပုံများအား ဖော်ပြ ပေးသွားမည် ဖြစ်သည်။
 Soccer Myanmar ပရိသတ်များ အနေနှင့် ဆောင်းပါးများ ရေးသား ပေးပို့နိုင်ပြီး အပတ်စဉ်ထုတ် အားကစား ဂျာနယ်တွင် ရွေးချယ်ဖော်ပြခြင်း ခံရသူများအား ဂုဏ်ပြုစာမူခ ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။ အလားတူ ၀က်ဘ်ဆိုက်ပေါ်၌ တစ်ပတ်တာ အတွင်း အကောင်းဆုံး မှတ်ချက်စကား (Best Comment of the week) အဖြစ် ရွေးချယ် ခံရသူကိုလည်း အမှတ်တရ လက်ဆောင် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။
ပရိသတ်များ ထံမှ ဆောင်းပါးများ၊ အိတ်ဖွင့်ပေးစာများ ရေးသား ပေးပို့လိုပါက
This e-mail address is being protected from spambots. You need JavaScript enabled to view it
သို့ အီးမေးလ်မှ တဆင့် ရေးသား ပေးပို့နိုင် သကဲ့သို့ Soccer Myanmar ရုံးခန်း တည်ရှိရာ တိုက် (J)၊ အခန်း (၉၀၁)၊ အနော်ရထာ အိမ်ရာ၊ ပြည်လမ်း (လှည်းတန်း)၊ ကမာရွတ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ ရေးသား ပေးပို့နိုင်ပါသည်။ အဆိုပါ ဆောင်းပါး၊ ပေးစာများသည် A4 စာမျက်နှာ (၁)မျက်နှာမှ (၂)မျက်နှာအတွင်း ရှိရမည် ဖြစ်ပြီး အခြားမည်သည့် စာမျက်နှာတွင်မှ ဖော်ပြ ခံရခြင်း မရှိသေးသည့် စာမူ ဖြစ်ကြောင်း အာမခံချက် ပေးရမည် ဖြစ်သည်။ ထို့အတူ ပေးပို့သူ၏ အမည်အရင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်း၊ အီးမေးလ် တို့နှင့်အတူ ဓာတ်ပုံတစ်ပုံပါ ပူးတွဲ ပေးပို့ရမည် ဖြစ်သည်။ ပေးပို့လာသည့် ဆောင်းပါးများထဲမှ အကောင်းဆုံး ဆောင်းပါးအား အယ်ဒီတာ အဖွဲ့မှ ရွေးချယ်ကာ ဂျာနယ် စာမျက်နှာတွင် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
|