|
Written by Admin Team
|
|
Wednesday, 10 August 2011 18:36 |
|
MFF Tiger Futsal League 2011 အပတ်စဉ် (၁၀) ပွဲစဉ်များ ယှဉ်ပြိုင်အပြီးတွင် ACE နှင့် UPT အသင်းတို့က ရမှတ် ၂၄မှတ်စီဖြင့် အမှတ်ပေး ဇယား ထိပ်ဆုံးတွေ ဦးဆောင်လျှက် ရှိသည်။
ပြီးခဲ့သည့် အပတ်စဉ် (၉) ပွဲစဉ်များ အပြီးတွင် ACE၊ UPT တို့နှင့်အတူ ရန်ကုန်စီးတီးလည်း အမှတ်ပေး ဇယားထိပ်တွင် ရပ်တည် နိုင်ခဲ့သော်လည်း ယခုတစ်ပတ် ပွဲစဉ်တွင် အမှတ်ပေး ဇယား အောက်ဆုံးမှ Best Friends အသင်းနှင့် သရေကျခဲ့၍ ရမှတ် ၂၂မှတ်ဖြင့် တတိယ နေရာသို့ ဆင်းပေးခဲ့ရသည်။ UPT အသင်းသည် သမ္မတာ အသင်းအား ခက်ခက်ခဲခဲ ကစားခဲ့ပြီး ကာမှ ၅ဂိုး ၃ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ပြီး USM ယူနိုက်တက်အား ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့သည့် ACE အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်အရ ဒုတိယ နေရာတွင် ရပ်တည်ခဲ့သည်။
 ACE အသင်းမှာ USM အသင်းအား ပထမ အကျော့တွင် ၁၆ဂိုး ၂ဂိုးဖြင့် အပြတ်အသတ် အနိုင်ရခဲ့ သော်လည်း ဒုတိယ အကျော့တွင် ပြင်ဆင်မှုများ ပြုလုပ်ထားသည့် USM အား ခက်ခက်ခဲခဲ ကစားခဲ့ရသည်။ ပွဲချိန် ၁၂မိနစ်တွင်မှ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် သန်းဝဏ္ဏအောင်က သွင်းယူပေးခဲ့ခြင်း ဖြစ်ကာ ၁၄မိနစ်တွင် အောင်အောင်က နောက်တစ်ဂိုး သွင်းပေးခဲ့သည်။ ပထမပိုင်း ပြီးခါနီး ၁၉မိနစ်တွင် သန်းဝဏ္ဏအောင် ကပင် နောက်တစ်ဂိုး သွင်းယူပေးကာ ပထမပိုင်း အပြီး ၃ဂိုးပြတ် အသာရခဲ့သည်။ ဒုတိယပိုင်းတွင်မူ USM အသင်းက အကောင်းဆုံး တုံ့ပြန် ကစားလာခဲ့၍ ACE တို့ သတိကြီးစွာ ကစားခဲ့ရသည်။ ပွဲချိန် ၃၃မိနစ်တွင် USM ကစားသမား မင်းယုအောင်က ချေပဂိုး တစ်ဂိုးပြန်လည် သွင်းယူခဲ့ပြီးနောက် ACE အသင်းဘက်သို့ ပိုမို ဖိကစား နိုင်ခဲ့ပြီး ACE နောက်ခံလူများ အဆင့်ဆင့် ကာကွယ် နိုင်ခဲ့၍သာ ၃-၁ဖြင့် ပွဲပြီးခဲ့သည်။ ထို့ကြောင့် ACE အသင်းသည် အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်ခွင့် ရခဲ့သည်။
အခြား ပွဲစဉ်တစ်ခုတွင်မူ ရခိုင်ယူနိုက်တက် အသင်းက ရွိုင်ရယ်လန်းဒ် အသင်းအား ၄ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။
|